#Local_News
Published 11 April 2026

■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်းကို ယခုလ၉ရက်ကထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။

■ ၎င်းအပြင် စားသုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈.၁၆ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အသိ‌ပေးထားသည်။

■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုလအတွင်းပထမအကြိမ်အဖြစ်အမေရိကန်ဒေါ်လာ ၄၉ သန်းကို ၃ရက်နေ့ကလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

■ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာတွေ ဆက်တိုက် ရောင်းချပေး‌ေနခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၆၇သန်းကို ရောင်းချပေးခဲ့ပြီးဖြစ်ရာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် မတ်လအတွင်းပထမအကြိမ်အဖြစ် ၅ရက်နေ့က အမေရိကန်ဒေါ်လာ ၃၂ သန်းကိုလည်းကောင်း၊ဒုတိယအကြိမ်အဖြစ် ၁၁ရက်နေ့က အမေရိကန်ဒေါ်လာ သန်း ၃၀ တတိယအကြိမ်အဖြစ် ၁၉ရက်နေ့ကအမေရိကန်ဒေါ်လာ ၃၄သန်းနှင့် စတုတ္ထအကြိမ်အဖြစ် ၂၃ရက်နေ့က အမေရိကန်ဒေါ်လာ ၄၅သန်းကိုလည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂၅ရက်နေ့က အမေရိကန်ဒေါ်လာ ၂၆သန်းကိုလည်းကောင်အသီးသီးရောင်းချပေးထားကြောင်း သိရသည်။

#YMG/SW #Yangon_Times