#World_Health
Published 11 April 2026

■ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ တက်တူးထိုးသူတွေ သန်းပေါင်းများစွာ ရှိလာပါတယ်။

■ ဒါပေမဲ့ တက်တူးထိုးခြင်းနဲ့ ပတ်သက်လို့ မျက်လုံးကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိနိုင်တဲ့အကြောင်း ပြောလာကြပါတယ်။

■ တက်တူးမင်နဲ့ ထိတွေ့လို့ မျက်လုံးအတွင်းထဲ ရောင်ရမ်းခြင်းပြဿနာအကြောင်း ဩစတြေးလျလေ့လာချက်တစ်ခု ပြုလုပ်ထားပါတယ်။

■ အချိန်မီ မကုသရင် အမြင်ဝါးခြင်း၊ မျက်လုံးအောင့်ခြင်း၊ အမြင်ကွယ်ခြင်းအထိပါ ဖြစ်လာနိုင်တယ်လို့ သတိပေးလာပါတယ်။

■ တက်တူးရောင်ခြယ်တွေကို ခန္ဓာကိုယ်ခုခံအားစနစ် တုံ့ပြန်မှုက အဓိကကျနေပြီး အရေပြားအပြင် အခြားအင်္ဂါတွေပါ သက်ရောက်လာနိုင်ပါတယ်။

■ မျက်လုံးအလယ်လွှာရောင်ရမ်းတဲ့အခါ မျက်လုံးနီမြန်းခြင်း အောင့်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အလင်းမထိတွေ့နိုင်ခြင်း၊ အမြင်အာရုံရှုပ်ထွေးခြင်းတို့ ဖြစ်လာနိုင်ကာ မကုသဘဲနေပါက ရေတိမ်၊ အတွင်းတိမ်နဲ့ မျက်စိကွယ်ခြင်းတို့ပင် ဖြစ်လာနိုင်ပါတယ်။

■ ဩစတြေးလျသုတေသီတွေက ၂၀၂၃ မှ ၂၀၂၅ အတွင်း ဖြစ်ရပ်ပေါင်း ၄၀ ကို စာရင်းပြုစုခဲ့ကြကာ ဒီရောဂါအကြောင်း ပိုမိုသတိထားလာမိပါတယ်။

■ လက်ရှိ ကိုယ်ခံအားစနစ် အခြေအနေတွေ၊ တက်တူးရောင်ခြယ်တွေထဲက အဆိပ်သင့်ဓာတုပစ္စည်းတွေ စတဲ့အကြောင်းအရင်းတွေကြောင့် ရောဂါဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။

■ ကုသမှုအနေနဲ့ဆိုရင် စတီးရွိုက် မျက်စဉ်း၊ စတီးရွိုက်ထိုးဆေး၊ ကိုယ်ခံအားဆေးဝါးများ ရရှိနိုင်ပါတယ်။

Source: NDTV