#World_Health
Published 13 April 2026

■ အိပ်နေစဉ်ဟောက်ခြင်းက ကိုယ်အလေးချိန်နဲ့ များစွာဆက်စပ်နေပြီး ဝမ်းဗိုက်နဲ့ လည်ပင်းတဝိုက် အဆီစုပြုံလာတဲ့အခါ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်ခြေ များတယ်လို့ ဆီးလမ်းကြောင်းနဲ့ အိပ်စက်ကျန်းမာရေး အထူးကု ဒေါက်တာ မန်ဗီယာဘာတီယာက ပြောပါတယ်။

■ ခန္ဓာကိုယ်က အဆီများလာတဲ့အခါ ခါးမှာတင် မနေဘဲ လည်ပင်း၊ လည်ချောင်းတို့မှာပါ စုပြုံလာနိုင်ပြီး အသက်ရှူလမ်းကြောင်း အထက်ပိုင်း ကျဉ်းမြောင်းလာစေတယ်လို့ ရှင်းပြပါတယ်။

■ အိပ်နေစဉ်မှာ လည်ချောင်းကြွက်သား ပြေလျော့နေရမှာဖြစ်ပြီး အသက်ရှူလမ်းကြောင်း ကြပ်သွားတဲ့အခါ လေဝင်ချိန်မှာ တုန်ခါသွားပြီး ဟောက်သံထွက်စေတယ်လို့ ဆိုပါတယ်။

■ လဲလျောင်းနေတဲ့အခါ ဝမ်းဗိုက်အဆီက လျှာခင်ကို တွန်းထားပြီး အဆုတ်စွမ်းဆောင်ရည် လျော့ကျစေပါတယ်။

■ ခန္ဓာကိုယ်ရဲ့ BMI များလေလေ အဝလွန်လေလေ ဟောက်နိုင်ခြေ ပိုများလေဖြစ်ပါတယ်။

■ လည်ပင်းအရွယ်အစား ကြီးမားတာကလည်း အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။

■ ကိုယ်အလေးချိန်ကို ၅-၁၀ ရာခိုင်နှုန်းလောက် လျှော့ချရုံဖြင့် ဟောက်တဲ့အနေအထားကို လျှော့ချနိုင်ပါတယ်။

■ ကိုယ်အလေးချိန် လျော့သွားတဲ့အခါ အသက်ရှူလမ်းကြောင်း တည်ငြိမ်လာပြီး လည်ချောင်းနားတဝိုက် စုပြုတဲ့အဆီတွေ လျော့က်သွားကာ အဆုတ်လုပ်ဆောင်ချက် တိုးတက်စေနိုင်ပါတယ်။

■ ကျောလှဲမအိပ်ဘဲ ဘေးစောင်းအိပ်ခြင်းက လျှာနဲ့ တစ်ရှူးတွေ အနောက်သို့လန်တာမျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။

■ အိပ်ပျော်စဉ် အသက်ရှူကြပ်ခြင်းကို မကုသဘဲထားရင် သွေးပေါင်ချိန်တိုးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုတို့နဲ့ ဆက်စပ်လာနိုင်ပါတယ်။

Source: Indian Express.