#World_Health
Published 13 April 2026

■ လူတွေသိပ်ပြီးတော့ အလေးမထားကြတဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ သိုင်းမတ်စ် ပါဝင်ပါတယ်။

■ ရင်ဘတ်အတွင်း နှလုံးနဲ့ အဆုတ်ဘေးနားမှာ တည်ရှိပြီး လူပျိုဖော်မဝင်ခင်နဲ့ ဝင်နေစဉ်အချိန်ကာလမှာ အလုပ်အများဆုံး လုပ်ပါတယ်။

■ ထိုအချိန်မှာ ရောဂါကူးစက်မှုတွေကို တိုက်ဖျက်ပေးတဲ့ T ဆဲလ်တွေ ဖွံ့ဖြိုးရာမှာ သိုင်းမတ်စ်က အလွန်အရေးပါပါတယ်။

■ အရွယ်ရောက်သွားရင်တော့ ကျုံ့သွားပြီး မစောင့်ကြည့်ဖြစ်တော့ပါဘူး။

■ လေ့လာချက်အသစ်တွေအရ ဒီအင်္ဂါဟာ ရေရှည်ကျန်းမာရေးအတွက် အရေးပါနေနိုင်တယ်လို့ တွေ့ရှိလာပါတယ်။

■ ဦးခေါင်းဓာတ်မှန် ၂၇,၀၀၀ ကို AI ဆန်းစစ်ချက်ပြုလုပ်ရာမှာ သိုင်းမတ်စ်ကျန်းမာရေးက လူတစ်ဦးချင်းစီအတွက် သိသိသာသာ ကွဲပြားနေပြီး အလုံးစုံကျန်းမာရေး၊ သက်ရှည်ကျန်းမာခြင်း၊ နှလုံးသွေးကြောရောဂါနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်းခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

■ သိုင်းမတ်စ်အင်္ဂါ ကျန်းမာသန်စွမ်းတဲ့အခါ ကိုယ်ခံအားကုသနည်း ခံယူနေတဲ့ ကင်ဆာလူနာတွေအတွက် ရလဒ်ပိုကောင်းစေနိုင်ပါတယ်။

■ သိုင်းမတ်စ်ကျန်းမာခြင်း ရောင်ရမ်းမှုလျော့ကျခြင်းတို့ကြား ဆက်စပ်မှုရှိနေကာ အင်္ဂါတစ်ခုလုံးရဲ့ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေနိုင်ဖွယ် ရှိပါတယ်။

■ ကျန်းမာရေးကောင်းမွန်စွာ အိုမင်းလာဖို့အတွက် ကိုယ်ခံအားစနစ် လုပ်ဆောင်ချက် ကောင်းမွန်ဖို့က အဓိကဖြစ်ပြီး သက်ရှည်ကျန်းမာရေးနဲ့ ပတ်သက်လို့ သိုင်းမတ်စ်ရဲ့ အခန်းကဏ္ဍကို နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ အကြံပြုနေကြပါတယ်။

Source: Scientific American.