#World_Science
Published 12 April 2026

■ မတ်လ ၁၇ ရက်နေ့က ဂြိုဟ်တု၂၅ လုံးပါတဲ့ SpaceX Falcon 9 ဒုံးပျံ ကယ်လီဖိုးနီးယားကနေ ထွက်ခွာခဲ့ရာ အခုဆိုရင် အာကာသထဲမှာ အလုပ်လုပ်နေတဲ့ Starlink ဂြိုဟ်တုပေါင်း ၁ သောင်းကျော်သွားပြီ ဖြစ်ပါတယ်။

■ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ပိုင်ဆိုင်တဲ့ SpaceX က ကမ္ဘာကိုလှည့်ပတ်နေတဲ့ Starlink ဂြိုဟ်တုပေါင်း ၁၀,၀၂၁ လုံး ရှိပြီဖြစ်ရာ တစ်ကမ္ဘာလုံးက လွှတ်တင်ထားတဲ့ ဂြိုဟ်တုစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံခန့်အထိ သက်ဆိုင်နေပါတယ်။

■ ၂၀၁၉ မတိုင်ခင်ကမှ ပတ်လမ်းကြောင်းထဲမှာ ဂြိုဟ်တု ထောင်ဂဏန်းခန့်သာ ရှိခဲ့ပါတယ်။

■ အာကာသထဲက ဂြိုဟ်တုတွေအသုံးပြုပြီး အင်တာနက်ပေးနိုင်မယ့် အစီအစဉ်ကနေ စလိုက်တာ ကမ္ဘာ့စွမ်းအားအမြင့်ဆုံး ဆက်သွယ်ရေးကွန်ရက်ကြီး ဖြစ်လာခဲ့ပါပြီ။

■ အခုဆိုရင် Starlink ဂြိုဟ်တုအင်တာနက်က နိုင်ငံပေါင်း ၁၆၀ မှာ သုံးစွဲသူ ၁၀ သန်းကျော် ရှိနေပြီး ဝေးလံတဲ့ ကျေးရွာတွေ စစ်မြေပြင်တွေအထိပါ ရောက်ရှိပါတယ်။

■ တစ်ကမ္ဘာလုံးရဲ့ ဆက်သွယ်မှုတွေကို အီလွန်မက်စ် ထိန်းချုပ်လာမှာကို စိုးရိမ်ဝေဖန်သူတွေ ရှိလာပါတယ်။

■ အာကာသထဲမှာ ဂြိုဟ်တုတွေ သိပ်သည်းများပြားလာခြင်းက ထိမိတိုက်မိတာတွေနဲ့ အာကာသအစအနတွေ ဖြစ်လာမှာ စိုးရိမ်ရပြီး Starlink ဂြိုဟ်တုတွေက ၂၀၂၅ အတွင်း ထိခိုက်ခြင်းမဖြစ်စေခဲ့တဲ့ အကြိမ်ပေါင်း ၃ သိန်းခန့် လုပ်ပြနိုင်ခဲ့ပါတယ်။

■ Starlink ဂြိုဟ်တုတွေက တယ်လီစကုပ်စောင့်ကြည့်မှုတွေ နှောင့်ယှက်စေသဖြင့် နက္ခတ္တသုတေသနတွေကို ဒုက္ခပေးနိုင်ပါတယ်။

■ ဒါကြောင့် ဂြိုဟ်တုအင်တာနက် လွှမ်းမိုးမှုနဲ့ အာကာသထဲ ပိတ်ဆို့မှုတွေကို ထိန်းချုပ််ဖို့ နိုင်ငံတကာစည်းမျဉ်းဘောင် လိုအပ်နေပါတယ်။

Source: India Today.