#Local_News
Published 16 January 2025
■ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်ခဲ့သည့် လူငယ်ဘောလုံးပွဲတော် SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI) ၌ကျောင်းသား၊ကျောင်းသူ (၅၅၀)ဦးပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
■ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ရှမ်းယူနိုက်တက် အသင်းတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၆ ရှမ်းပြည်နယ် လူငယ်ဘောလုံးပွဲတော် SHAN STATE GRASSROOTS FOOTBALL FESTIVAL (TGI)အား ယမာန်နေ့ မနက်၈နာရီက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
■ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဆွေဝင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူများ၊ ကစားသမားများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ ၊ နည်းပြဆရာများ ၊ကျောင်းသား / ကျောင်းသူများကတက်ရောက်ခဲ့ကြသည်။
■ အဆိုပါ ဘောလုံးပွဲတော်ကို ကျောင်းသူကျောင်းသား လူငယ် စုစုပေါင်း(၅၅၀)ဦးပါဝင် ဆင်နွဲခဲ့ကြပြီး နည်းပြများ၊ ရှမ်းယူနိုက်တက်အသင်းကစားသမားများမှ အခြေခံဘောလုံးနည်းပညာများ မျှဝေခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 16 January 2026
■ သိပ္ပံပညာရှင်တွေဟာ တိရိစ္ဆာန်လေ့လာချက်ထဲကနေ အယ်ဇိုင်းမားရောဂါကို ကုသနိုင်မယ့်နည်းလမ်း အစဖော်နိုင်ခဲ့ပါတယ်။
■ ကြွက်တွေရဲ့ ဦးနှောက်ထဲက ဗဟိုဆဲလ်စွမ်းအင်မော်လီကျူးကို ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ရောဂါရင်းမြစ်တွေကို ပြန်ကောင်းစေခဲ့ကြောင်း ကလိဗ်လန်းတက္ကသိုလ်ဆေးရုံမှ လေ့လာတွေ့ရှိခဲ့ပါတယ်။
■ စွမ်းအင်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ NAD+ အင်ဇိုင်းဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာပြီး ဆဲလ်တွေက ပြုပြင်ထိန်းသိမ်းနိုင်စွမ်းတွေ ကျဆင်းလာပါတယ်။
■ ဦးနှောက်က ခန္ဓာကိုယ်စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို အသုံးပြုကာ NAD+ များစွာလိုအပ်စေတယ်လို့ ဒေါက်တာ ချားလ်စ်ဘရန်နာက ပြောပါတယ်။
■ သုတေသီတွေက P7C3-A20 လို့ခေါ်တဲ့ ဆေးကို အသုံးပြုကာ ကြွက်တွေမှာ NAD+ ကို ပြန်လည်ညီမျှစေခဲ့ပြီး အယ်ဇိုင်းမားသက်ရောက်မှုတွေဖြစ်တဲ့ အမိုင်လွိုက်စုပြုံလာခြင်းကို ပြန်ကောင်းစေကာ ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက်များ ပြန်လည်ရရှိစေခဲ့ပါတယ်။
■ အယ်ဇိုင်းမား၊ ပါကင်ဆန်နဲ့ အခြားအာရုံကြောချို့ယွင်းရောဂါများအတွက် NAD+ ဖြည့်စွက်ဆေးများ သက်ရောက်နိုင်ပုံကို လေ့လာချက်မှာ မြင်တွေ့ရပါတယ်။
■ ဒါပေမဲ့ NAD+ ပမာဏများလွန်းခြင်းက ဘေးအန္တရာယ် ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
■ လုံလောက်စွာ အိပ်စက်ခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ နှလုံးသွေးကြောအန္တရာယ်များ ထိန်းသိမ်းခြင်းတို့လို နေထိုင်စားသောက်မှုပုံစံများ စနစ်တကျကျင့်သုံးပါက ဦးနှောက်ကြံ့ခိုင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။
Source: Fox News.
#World_Health
Published 16 January 2026
■ နနွင်းဖြည့်စွက်စာက ဆီးချိုရှိသူတွေမှာ အပေါ်သွေးကျစေတာကို စမ်းသပ်မှုများအတွင်း တွေ့ရှိခဲ့ပါတယ်။
■ အင်ဆူလင်မလောက်လို့ သွေးတွင်းသကြားဓာတ် မြင့်တက်လာတဲ့အခါ ဆီးချိုဖြစ်လာနိုင်ပြီး မထိန်းသိမ်းနိုင်ပါက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
■ WHO ဖော်ပြချက်အရ ၁၉၉၀ ခုနှစ်မှာ ကမ္ဘာတဝှမ်း ဆီးချိုရောဂါရှိသူ သန်း ၂၀၀ ရှိခဲ့ရာကနေ ၂၀၂၂ မှာ သန်း ၈၃၀ အထိ မြင့်တက်လာပါတယ်။
■ ဆီးချိုကြောင့် သွေးပေါင်ချိန်မြင့်တက်စေပြီး သွေးကြောတွေ တောင့်တင်းကျဉ်းမြောင်းလာပါတယ်။
■ နနွင်းမှာပါဝင်တဲ့ ကာကူမင်ဇီဝသတ္တိကြွဒြပ်ပေါင်းက ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်များ ရှိပါတယ်။
■ သုတေသီတွေက ကာကူမင်ဖြည့်စွက်စာတွေဟာ ဆီးချိုဖြစ်နိုင်ခြေရှိသူတွေမှာ အပေါ်သွေးကျဆင်းစေလား အောက်သွေးကျဆင်းစေလား ဆိုတာကို သိရှိဖို့အတွက် စမ်းသပ်ခဲ့ကြပါတယ်။
■ ထိုအခါမှာ သွေးတိုးအခြေအနေ၊ ကိုယ်အလေးချိန်၊ ဆီးချိုအခြေအနေ၊ ဖြည့်စွက်စာဖော်စပ်ပုံ၊ ဆေးပမာဏတို့အပေါ် မူတည်ပြီး အပေါ်သွေးနဲ့ အောက်သွေး ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပါတယ်။
■ နနွင်းဖြည့်စွက်စာ အသုံးပြုသူတွေက တခြားသူတွေထက် အပေါ်သွေး ၂.၆၉ မီလီမီတာမာကျူရီခန့် လျော့ကျခဲ့တာ တွေ့ရပါတယ်။
■ သွေးတိုးရှိသူတွေနဲ့ ဆီးချိုရှိသူတွေမှာတော့ အပေါ်သွေးက ၃.၄၁ မီလီမီတာမာကျူရီ လျော့ကျသွားတာ တွေ့ရပါတယ်။
■ ဒီတွေ့ရှိချက်တွေ အတည်ပြုနိုင်ဖို့ နောက်ထပ်သုတေသနတွေ လိုအပ်သေးကာ အသေးစိတ်တွေ လေ့လာရဦးမှာ ဖြစ်ပါတယ်။
Source: NDTV
တရုတ်ပြည်ရှင်ကျန်ရှိ တင်းနစ်ကစားကွင်းတစ်ခုမှာ AI နည်းပညာသုံး တင်းနစ်စက်ရုပ် ထားရှိပြီး ကစားသမားတွေအတွက် လေ့ကျင့်ဖော် သင်ကြားဖော်အဖြစ် ထောက်ပံ့ပေးနေပါတယ်။
#Asia_Technology
Published 15 January 2026
#တင်းနစ် #AI
#YMG #Yangon_Times #Yangon_Media_Group
ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပြီး ငွေအကြေမပေးသွင်းတဲ့မော်တော်ယာဉ်များကို သိမ်းဆည်းသွားမယ်လို့နေပြည်တော်ဖွံဖြိုးရေးဘဏ်လီမိတက်က နိုင်ငံပိုင်သတင်းစာများမှတဆင့် သတိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 January 2026
#မော်တော်ယာဉ် #နေပြည်တော်
#YMG/SW #Yangon_Times
ဆိုင်ကလုန်းမုန်တိုင်း(ဒီဝါ)ကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံအတွက်မြန်မာနိုင်ငံကနေ ဆန်တန်ချိန် (၅ဝဝ) ၊ ဆန်အိတ်ရေ စုစုပေါင်း (၁၀၀၀၀) ကို ပေးပို့လှူဒါန်းခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 15 January 2026
#မြန်မာ_သီရိလင်္ကာ #ဆန်
#YMG/NN #Yangon_Times
#Local_News
Published 15 January 2026
▪️ ယမန်နေ့ညနေပိုင်းကမန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ထမင်းပေါင်အိုးတည်ရာမှ ဝါယာရှော့ဖြစ် မီးလောင်ပြီး မိသားစု(၇)စုမီးဘေးသင့်ခဲ့ကြောင်း သိရသည်။
▪️ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄x၃၅ လမ်းကြား၊ ၈၂x၈၃ လမ်းကြားတွင် ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဝင်းထွန်းပါ သန္ဓေမီးသတ် ၄၀ ၊ အရံမီးသတ် ၈၀ ပါဝင်သော မီးငြိမ်းသတ်ယာဥ် ၁၅ စီး၊ ရေသယ်ယာဥ် ၅ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၅ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါမီးလောင်မှုသည် နေအိမ်တွင် ထမင်းပေါင်အိုးတည်ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ ဖြစ်ရာမှတစ်ဆင့် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့် မိသားစု ၇ စုအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄x၃၅ လမ်းကြား၊ ၈၂x၈၃ လမ်းကြားရှိ အရှေ့အပ်ချုပ်ဗလီတွင် ယာယီထားရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြည်ပမှမော်တော်ယာဉ်များတင်သွင်းရာတွင် လူစီးကားများကို ၂၀၂၅ -၂၆ ထုတ်ယာဉ်များသာ တင်သွင်းရန်သတ်မှတ်လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 15 January 2026
#လူစီးကား #မော်တော်ယာဉ်
#YMG/SW #Yangon_Times
အိမ်အရောက်ပို့စနစ်ကိုအသုံးပြုပြီးသက်သာတဲ့နှုန်းထားတွေနဲ့ ပေါ်ဆန်းအပါအဝင် ပြည်တွင်းစားဆန်တွေကိုရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 15 January 2026
#ဆန် #အိမ်အရောက်ပို့စနစ်
#YMG/NN #Yangon_Times
#Daily_News
Published 15 January 2026
၁။ မြန်မာမှသီရိလင်္ကာသို့ ဆန်တန်ချိန် (၅ဝဝ)ပေးပို့လှူဒါန်း
၂။ လူစီးကားများတင်သွင်းရာတွင် ၂၀၂၅ -၂၆ ထုတ်ယာဉ်များသာ တင်သွင်းရန်သတ်မှတ်
၃။ အိမ်အရောက်ပို့စနစ်နှင့်ဆန်များရောင်းချမည်
၄။ တင်းနစ်ကစားသမားများအတွက်လေ့ကျင့်ဖော်လေ့ကျင့်ဖက်ဖြစ်နေသည့် တရုတ်ပြည်ထုတ်AIတင်းနစ်စက်ရုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 15 January 2026
■ အဆင့်ဆင့်ထုတ်လုပ်စားစရာ (UPF)တွေဖြစ်တဲ့ ဝက်အူချောင်း၊ အာလူးကြော်၊ စက်ရုံထုတ်အသားများ၊ အသင့်စားစရာတွေကြောင့် နှလုံးရောဂါ၊ ဆီးချို၊ သက်တမ်းတိုခြင်းတို့ အပါအဝင် ဘေးအန္တရာယ်ပေါင်း ၃၀ ကျော် ဆက်စပ်နေကြောင်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။
■ လေ့လာချက်အသစ်ထဲမှာ UPF အစားအစာတွေနဲ့ ဆက်စပ်နေတဲ့ ဘေးအန္တရာယ်စာရင်းထဲ အဆုတ်ကင်ဆာကိုပါ ထည့်သွင်းလာပါတယ်။
■ UPF တွေကို လျှော့ချစားသုံးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်တယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
■ ပျမ်းမျှအသက် ၆၂ နှစ်ရှိတဲ့ လူပေါင်း ၁၀၁,၀၀၀ ကျော်ရဲ့ စားသောက်ပုံတွေကို မေးမြန်းပြီး လေ့လာခဲ့ကြပါတယ်။
■ တာရှည်ခံဆေး၊ ဓာတုပစ္စည်းများပါဝင်တဲ့ စားစရာတွေကို UPF လို့ များသောအားဖြင့် သတ်မှတ်ပါတယ်။
■ ဒီလေ့လာချက်ထဲမှာတော့ ရေခဲမုန့်၊ အချဉ်ရည်၊ ချိုချဉ်၊ အချိုရည်၊ အသင့်စား ဟမ်ဘာဂါ၊ ပီဇာတို့ ပါဝင်ပါတယ်။
■ UPF စားစရာတွေက အာဟာရတန်ဖိုး နည်းပါးပြီး သကြား၊ ဆား၊ ပြည့်ဝဆီတို့ မြင့်မားစွာ ပါဝင်ပါတယ်။
■ ထိုထဲမှာမှ လူပေါင်း ၁,၇၀၆ ဦးက အဆုတ်ကင်ဆာ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
■ ဒီလေ့လာချက်က ဆေးလိပ်သောက်ခြင်းလိုမျိုး အချက်အလက်တွေ ထည့်သွင်းထားခြင်းမရှိဘဲ UPF စားသုံးမှုများခြင်းရဲ့ သက်ရောက်မှုကို ပြသချင်တာ ဖြစ်ပါတယ်။
■ ဒီအတွက် အစားအစာနဲ့ ပတ်သက်ပြီး ဖြည်းဖြည်းချင်း သတိထားချင့်ချိန်စားကြဖို့နဲ့ UPF စားစရာများ ဝယ်ယူရရှိနေတာတွေကို ဖြေရှင်းကြဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
Source: Metro
#Local_News
Published 15 January 2025
■ ၂၀၂၆ ခုနှစ် (၂၁)ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်ရာဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲကျွမ်းကျင်အဆင့်နှင့်အငယ်တန်းအဆင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရသည်။
■ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ကျွမ်းကျင်အဆင့်သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာပြန်ဆိုရမည့် ပြိုင်ပွဲ ဖြစ် ကြောင်းသိရသည်။
■ ထို့အပြင် ကျွမ်းကျင်အဆင့် ဘာသာပြန်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၄)ရက်(စနေနေ့) မနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Zoom online system ဖြင့် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
■ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ အငယ်တန်းအဆင့်မှာမူ ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသည့် ဂျပန်စာ လေ့လာနေသူများ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန် ရည်ရွယ်ပြီး လွယ်ကူရိုးရှင်းသည့် ဂျပန်ဘာသာစကား၏ ရေးသားထားသည့် စာမူများကို မြန်မာဘာသာ ပြန်ဆိုရမည့် ဘာသာပြန်ပြိုင်ပွဲ ဖြစ်ကြောင်း၊အငယ်တန်းအဆင့်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား N3 အဆင့်ရှိသည့် ဂျပန်စာလေ့လာနေသူများ ပါဝင်ယဉ်ပြိုင်နိုင်ပြီး ဂျပန်ဘာသာအရည်အချင်း N1, N2 အဆင့်ရှိသူများ လျှောက်ထားလို့မရကြောင်း သိရသည်။
■ အဆိုပါ အငယ်တန်းအဆင့်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၅)ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီမှ ၁၁ နာရီအထိ Zoom online system ဖြင့် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
■ ပါဝင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင် ဟောင်းအသင်း၏ လူမှုကွန်ရက်မှာဖော်ပြထားသည့် ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီလ(၁၈)ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း ၊ ဘာသာပြန်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာအဘိဓာန်ကိုအသုံးပြုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 181 of 2055