#World_Health
Published 15 January 2026
■ ညအိပ်ခါနီးမှာ ၅ မိနစ်ခန့်ငြိမ်သက်၊ အသက်ဖြည်းဖြည်းရှူ၊ မျက်လုံးပိတ်ပြီး တရားထိုင်ခြင်းက ဦးနှောက်ကို တဖန်အနားရစေကာ ရေရှည်မှာ အကျိုးကျေးဇူးမသေးဘူးလို့ အာရုံကြောပညာရှင်တွေ ပြောလာပါတယ်။
■ မအိပ်ခင်မှာ ၅ မိနစ်မျှ တရားထိုင်ရုံဖြင့် ဦးနှောက်နိုးကြားနေရာကနေ ငြိမ်သက်သွားစေတယ်လို့ အက်စ်တာဝှိုက်ဖီးဆေးရုံမှ ဒေါက်တာ ကင်နီရာဗစ်ရှ်ရာဂျစ်က ပြောပါတယ်။
■ ထိုငါးမိနစ်အတွင်း နှလုံးခုန်နှုန်း၊ ဖိစီးမှုဟော်မုန်းတို့ကို လျော့ကျစေကာ နေ့ဘက်အတွင်း စိတ်ပိုင်းဆိုင်ရာ ဆူညံမှုများကို ငြိမ်သက်စေပါတယ်။
■ ညစဉ် ဒီလိုကျင့်ကြံခြင်းဖြင့် ဦးနှောက်က ညဘက်ရောက်ရင် အလွယ်တကူ ငြိမ်သက်လာစေမှာ ဖြစ်ပါတယ်။
■ ညတိုင်း ငါးမိနစ်ခန့် တရားထိုင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်ခြင်း၊ ပူပန်မှုလျော့ကျခြင်း၊ ဖိစီးမှု ကြံ့ကြံ့ခိုင်နိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ ရလာနိုင်ပါတယ်။
■ အချိန်တိုတိုထိုင်ခြင်းက နေ့စဉ်ပပြုလုပ်ဖို့ လွယ်ကူတာကြောင့် အချိန်ကြာကြာ ထိုင်တာထက်စာရင် ပိုပြီးထိရောက်နိုင်ပါတယ်။
■ ခဏတာထိုင်ရုံဖြင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို လျှော့ချပေးကာ ဦးနှောက်အနားယူစေတဲ့ အခြေအနေကို ရောက်ရှိစေပါတယ်။
■ ဒါ့အပြင် ညဘက်နိုးခြင်းမျိုး နည်းသွားကာ အိပ်စက်မှုစက်ဝန်း ကောင်းစွာလည်ပတ်စေသဖြင့် မနက်ခင်းမှာ နိုးကြားစေပြီး စိတ်အခြေအနေ ကောင်းမွန်စေနိုင်ပါတယ်။
■ ဒီလိုတရားထိုင်ဖို့ အထူးတလည် ပြင်ဆင်နေစရာမလိုဘဲ ငြိမ်သက်အလင်းမှိန်တဲ့အခန်းထဲမှာ လဲလျောင်းရင်းလည်း အားထုတ်နိုင်ပါတယ်။
■ ဒီအလေ့အကျင့်က အိပ်စက်မှုကို တိုးတက်စေကာ ဖိစီးမှုတွေကို ကြံ့ကြံ့ခံနိုင်စေမှာ ဖြစ်ပါတယ်။
Source: Indian Express
အီရန်မှာ ပြီးခဲ့တဲ့ရက်အတွင်း ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာ လုံးဝထိန်းချုပ်ထားနိုင်ပြီလို အီရန်နိုင်ငံခြားရေးဝန်ကြီး ဆိုင်ယက်အက်ဘက်စ်အာရက်ဂ်ချီက တနင်္လာနေ့မှာပြောပါတယ်။
#World_Crisis
Published 14 January 2026
#အီရန် #နိုင်ငံခြားရေးဝန်ကြီး
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကနေ ရေထွက်ကုန်တွေ ပြည်ပကိုတင်ပို့နေရာ အခုဘဏ္ဍာနှစ်ကိုးလတာအတွင်း ဒေါ်လာသန်းပေါင်း (၂၇၀)ကျော်တန်ဖိုးရှိ
ရေထွက်ကုန်တန်ချိန် နှစ်သိန်းကျော်တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 14 January 2026
#ရေထွက်ကုန် #မြန်မာနိုင်ငံ
#YMG/NN #Yangon_Times
ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှုအပေါ် တောင်သူတွေရဲ့ ဆုံးရှုးမှုကိုလျှော့ချနိုင်ဖို့ သီးနှံအာမခံစနစ်ကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းအကောင်အထည်ဖော်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 14 January 2026
#သီးနှံ
#YMG/SW #Yangon_Times
ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အအေးဓာတ်တွေဆက်လက်လွှမ်းခြုံနိုင်မယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်ကအသိပေးထားပါတယ်။
#Local_News
Published 14 January 2026
#မိုးလေဝသ #အအေးဓာတ်လွှမ်းခြုံ
#YMG/NN #Yangon_Times
#Local_News
Published 14 January 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် အလွှာစုံမှ ရုပ်ရှင်လောကသားများကို ဆန်၊ ဆီနှင့် စားသောက်ကုန်များ ယခုလအတွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လှူဒါန်းမည့်အစီအစဉ်သည် (၁၇)ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်တမ်းရှိ ရုပ်ရှင်အစည်းအရုံးဝင်များကို ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်တို့တွင် လှူဒါန်းသွားမည် ဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းရာတွင် ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဗီဒီယို၊ ပြဇာတ်နှင့်နောက်ခံတေးဂီတအလွှာ၊ ညနေပိုင်းတွင်တည်းဖြတ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် အဓိကသရုပ်ဆောင်အလွှာ၊ ဇန်နဝါရီလ ၂၃ ရက်တွင် ဇာတ်ပို့ဇာတ်ရံ နှင့် ဇန်နဝါရီလ ၂၄ ရက်တွင် စက်မှုအလွှာမှ ရုပ်ရှင်လောကသားတို့ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 14 January 2026
၁။ ရေထွက်ကုန် ဒေါ်လာသန်းပေါင်း(၂၇၀)ကျော်တန်ဖိုးရှိ တန်ချိန်နှစ်သိန်းကျော်တင်ပို့
၂။ သီးနှံအာမခံစနစ်ကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းအကောင်အထည်ဖော်မည်
၃။ ပြည်နယ်နှင့်တိုင်း၌ အအေးဓာတ်ဆက်လက်လွှမ်းခြုံမည်
၄။ အီရန်မှအကြမ်းဖက်သောင်းကျန်းမှုများကိုလုံးဝထိန်းချုပ်ထားပြီဟု နိုင်ငံခြားရေးဝန်ကြီးပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရဲ့ကျက်သရေဆောင် ရွှေတိဂုံစေတီတော်ကြီးမှာ CCTV ကင်မရာတွေ ထပ်တိုးတပ်ဆင်သွားဖို့ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က တင်ဒါခေါ်ယူထားတယ်လို့သိရပါတယ်။
#Local_News
Published 14 January 2026
#ရွှေတိဂုံဘုရား #CCTV
#YMG/SW #Yangon_Times
#Local_News
Published 14 January 2026
■ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား အလင်္ကာကျော်စွာဘွဲ့ ကို ယနေ့သွားရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
■ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄) ရပ်ကွက်၊ သုမန (၄) လမ်း၊ အမှတ် (၈၈၃/က) တွင် နေထိုင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား ယနေ့နံနက်ပိုင်းက နိုင်ငံတော်မှချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ ကိုသွားရောက်ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊အလင်္ကာကျော်စွာဘွဲ့ပေးအပ်ချီးမြှင့်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 14 January 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်တွေကို ဆက်လက်ဆန္ဒပြနေဖို့နဲ့ နှိမ်နင်းသူတွေကို မှတ်သားထားဖို့ တိုက်တွန်းလိုက်ပြီး အကူအညီတွေ လာနေပြီလို့ အင်္ဂါနေ့က ပြောပါတယ်။
■ အီရန်အစိုးရအဖွဲ့က ဆန္ဒပြမှုကြီးတွေကို အင်အားသုံး နှိမ်နင်းနေတာ ဖြစ်ပါတယ်။
■ အီရန်အစိုးရကတော့ နိုင်ငံမတည်မငြိမ်ဖြစ်စေရန် အားပေးမှု၊ အကြမ်းဖက်လှုံ့ဆော်မှုတို့ဖြင့် ထရမ့်ကို ပြန်လည်စွပ်စွဲလိုက်ပါတယ်။
■ "အီရန်မျိုးချစ်တို့.. ဆက်လက်ပြီး ဆန္ဒပြနေပါ။ အကူအညီလာနေပါပြီ" လို့ ထရမ့်က Truth Social မှာ ရေးထားပါတယ်။
■ ဆန္ဒပြသူတွေကို သတ်ဖြတ်နေခြင်းကို မရပ်တန့်သရွေ့ အီရန်အရာရှိများနဲ့ အစည်းအဝေးအားလုံးကို ထရမ့်က ပယ်ဖျက်ထားပါတယ်။
■ ဒီဖြစ်ရပ်များအတွင်း လူပေါင်း ၂ ထောင်ခန့် သေဆုံးထားတယ်လို့ အီရန်အရာရှိတစ်ဦးက ပြောပါတယ်။
■ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA ကလည်း တနင်္လာနေ့အထိ ဖမ်းဆီးခံရသူ ၁၆,၇၈၄ ဦးရှိတယ်လို့ ပြောထားပါတယ်။
■ ဆန္ဒပြသူတွေကို သုတ်သင်နေခြင်းအပေါ် ထရမ့်က သတိပေးနေပြီး အပြင်းအထန်အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
■ နိုင်ငံတကာဝေဖန်မှုတွေ မြင့်တက်နေကာ အီရန်အစိုးရရဲ့ ဖြိုခွင်းမှုတွေကို ဥရောပခေါင်းဆောင်တွေ ရှုတ်ချနေကြပါတယ်။
■ အမေရိကန်က အီရန်နဲ့ ကုန်သွယ်ရေးဆောင်ရွက်နေတဲ့ နိုင်ငံတွေကို အခွန်စည်းကြပ်နေပြီး စီးပွားရေးဖိအားတွေ ပေးနေပါတယ်။
■ အီလွန်မက်စ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက်က အီရန်မှာ ဆက်သွယ်ရေးလိုင်းတွေ ပိတ်ပင်ခံထားရတဲ့အတွက် အခမဲ့သုံးစွဲခွင့် ပေးထားပါတယ်။
Source: Reuters
#World_Science
Published 14 January 2026
■ ပြီးခဲ့တဲ့နှစ်တွေတုန်းက အာကာသယာဉ်တွေအကြောင်း အပြောများခဲ့ကြပြီး စကြဝဠာထဲမှာ ဂြိုဟ်သားတွေ ရှိမရှိ အငြင်းပွားနေခဲ့ကြပါတယ်။
■ ဂြိုဟ်ကြားက အရာဝတ္ထု 3I/ATLAS ကို အချို့သိပ္ပံပညာရှင်တွေက ဂြိုဟ်သားအာကာသယာဉ်ကြီး ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။
■ အခုအခါမှာ ဗြိတိန်မှ အာကာသသိပ္ပံပညာရှင်က စကြဝဠာထဲမှာ ဂြိုဟ်သားတွေတည်ရှိတယ်လို့ အခိုင်အမာယုံကြည်ပြီး လာမယ့် နှစ် ၅၀ အတွင်း တွေ့ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။
■ ကောလိပ်လန်ဒန်တက္ကသိုလ်မှ မက်ဂီအက်ဒရင်ပိုကော့ခ်ရဲ့ ပြောကြားချက်ကို Daily Mail က ဖော်ပြထားတာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တိုင်းနီးပါး သဘောတူလက်ခံထားကြတာက ဂြိုဟ်သားမျိုးနွယ်တွေဟာ နည်းပညာပိုင်းမှာ လူသားတွေထက် အဆင့်မြင့်နိုင်ပြီး များစွာ အသက်ပိုကြီးကြမယ် ဆိုတာပါပဲ။
■ ကြယ်တာရာ ၂၀၀ ဘီလီယံခန့်ရှိတယ်လို့ ယူဆရတာကြောင့် သက်ရှိတွေဖြစ်တည်နိုင်မယ့် အရာတွေရှိတဲ့နေရာဟာ ကမ္ဘာတစ်ခုတည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
■ နေစကြဝဠာအပြင်ဘက်မှာ ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်ပေါင်းထောင်ချီကို နက္ခတ္တပညာရှင်များ တွေ့ရှိထားပါတယ်။
■ ကမ္ဘာကနေ အလင်းနှစ် ၁၂၄ နှစ်ကွာဝေးတဲ့ K2-18b ဂြိုဟ်မွှားဟာ ကမ္ဘာထက်ကြီးပြီး ဂြိုဟ်နီတစ်ခုကို လှည့်ပတ်နေပါတယ်။
■ ထိုဂြိုဟ်ရဲ့ လေထုထဲမှာ သက်ရှိတွေရှိမှသာတွေ့နိုင်မှ မော်လီကျူးတွေ တွေ့ရှိထားပါတယ်။
■ သမုဒ္ဒရာတစ်စင်း ရှိနေနိုင်ပြီး သက်ရှိတွေ ရှင်သန်နေထိုင်ကြဖွယ်ရှိပါတယ်။
Source: WION
#Local_News
Published 14 January 2025
■ မြန်မာအမျိုးသားလေကြောင်း(MNA)သည် ART 72- 600 လေယာဉ်နှစ်စင်းကို အငှားစနစ်(Charter)ဖြင့် ပြည်တွင်းခရီးစဉ်များကိုငှားရမ်းလုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း MNA တင်ဒါကော်မတီမှ သိရသည်။
■ အဆိုပါ လေယာဉ်နှစ်စင်းကို အငှားစနစ်ဖြင့် ပြည်တွင်းခရီးစဉ်များငှားရမ်းကာ လုပ်ငန်းဆောင်ရွက်ချင်သည့် ပြည်တွင်းမှ လေကြောင်းခရီးသွားလုပ်ငန်းအတွေ့အကြုံရှိသည့် လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုရန် မြန်မာအမျိုးသားလေကြောင်း တင်ဒါကော်မတီမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
■ ထို့အပြင် တင်ဒါပုံစံများကို ဇန်နဝါရီလ ၁၄ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း တင်ဒါများကို နောက်ဆုံးထားတင်ရမည်ဖြစ်ကာ တင်ဒါဖွင့်လှစ်မည့်ရက်များမှာ မတ်လ ၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 182 of 2055