#Local_News
Published 14 January 2026
■ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား အလင်္ကာကျော်စွာဘွဲ့ ကို ယနေ့သွားရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
■ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄) ရပ်ကွက်၊ သုမန (၄) လမ်း၊ အမှတ် (၈၈၃/က) တွင် နေထိုင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအား ယနေ့နံနက်ပိုင်းက နိုင်ငံတော်မှချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ ကိုသွားရောက်ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊အလင်္ကာကျော်စွာဘွဲ့ပေးအပ်ချီးမြှင့်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါ်ဖြူမာဝေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးကျော်ကျော်အုန်း၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times