#Local_News
Published 14 January 2025
■ မြန်မာအမျိုးသားလေကြောင်း(MNA)သည် ART 72- 600 လေယာဉ်နှစ်စင်းကို အငှားစနစ်(Charter)ဖြင့် ပြည်တွင်းခရီးစဉ်များကိုငှားရမ်းလုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း MNA တင်ဒါကော်မတီမှ သိရသည်။
■ အဆိုပါ လေယာဉ်နှစ်စင်းကို အငှားစနစ်ဖြင့် ပြည်တွင်းခရီးစဉ်များငှားရမ်းကာ လုပ်ငန်းဆောင်ရွက်ချင်သည့် ပြည်တွင်းမှ လေကြောင်းခရီးသွားလုပ်ငန်းအတွေ့အကြုံရှိသည့် လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုရန် မြန်မာအမျိုးသားလေကြောင်း တင်ဒါကော်မတီမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
■ ထို့အပြင် တင်ဒါပုံစံများကို ဇန်နဝါရီလ ၁၄ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း တင်ဒါများကို နောက်ဆုံးထားတင်ရမည်ဖြစ်ကာ တင်ဒါဖွင့်လှစ်မည့်ရက်များမှာ မတ်လ ၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times