#Local_News
Published_14 Jan 2026

■ မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ "Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင် ကတ္တူစက္ကူ ကိုင်ဆောင်ဆန္ဒပြနေသူအပါအဝင်ရွေးကောက်ပွဲများကို နှောင့်ယှက် သူများအား အရေးယူထားကြောင်း သိရသည်။

■ ရွေးကောက်ပွဲ အပိုင်း(၂)ပြုလုပ်သည့် ဇန်နဝါရီလ ၁၁ ရက်နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့ နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့၌ အမျိုးသားတစ်ဦး ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်နေ မင်းထက်(ခ) ကိုမင်း (၂၂)နှစ်သည် မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ "Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင်ကတ္တူစက္ကူကိုကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ကျောက်တံတား မြို့မရဲစခန်း (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း မှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

■ အလားတူ ယင်း နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနေ ကိုမျိုး (၄၇)နှစ်သည် အရက်သေစာသောက်စားမူးယစ်၍ ရွေးကောက်ပွဲမဲရုံအဖြစ်ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ မူလ တန်းကျောင်းရှေ့သို့ ရောက်ရှိလာပြီး မဲပေးရန်လာရောက်ကြသူများအား ဆန္ဒမဲမပေးနိုင်စေရန် ပြောဆိုဟန့်တားနှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအား မုတ္တမနယ်မြေရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

■ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြဝတီရပ်ကွက်နေ ဦးခင်မောင်မောင်သွင် (၄၂)နှစ်သည် ၎င်းအသုံးပြုသည့် "Khin Mg Mg Thwin" Facebook အကောင့်ဖြင့် လူမှုကွန်ရက် စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုအများပြည်သူအ ထင်အမြင်လွဲမှားစေသည့် စာသားများအား ပြန်လည် မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ယင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်က ကန်ကြီးထောင့်မြို့မရဲစခန်း(ပ)၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်အရေးယူခဲ့ကြောင်း သိရသည်။

■ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကလည်း ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်နေ ဒေါ်မြသီတာ (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် "Mya Thida” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသား များပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ယင်းကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ဟင်္သာတမြို့မရဲစခန်း (ပ)၁၀/ ၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် အမှုဖွင့်အရေးယူကြောင်းသိရသည်။

■ လက်ရှိတွင် ကျူးလွန်သူများအား ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့် တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Yangon_Times/PP