#World_Science
Published 14 January 2026
■ ပြီးခဲ့တဲ့နှစ်တွေတုန်းက အာကာသယာဉ်တွေအကြောင်း အပြောများခဲ့ကြပြီး စကြဝဠာထဲမှာ ဂြိုဟ်သားတွေ ရှိမရှိ အငြင်းပွားနေခဲ့ကြပါတယ်။
■ ဂြိုဟ်ကြားက အရာဝတ္ထု 3I/ATLAS ကို အချို့သိပ္ပံပညာရှင်တွေက ဂြိုဟ်သားအာကာသယာဉ်ကြီး ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။
■ အခုအခါမှာ ဗြိတိန်မှ အာကာသသိပ္ပံပညာရှင်က စကြဝဠာထဲမှာ ဂြိုဟ်သားတွေတည်ရှိတယ်လို့ အခိုင်အမာယုံကြည်ပြီး လာမယ့် နှစ် ၅၀ အတွင်း တွေ့ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။
■ ကောလိပ်လန်ဒန်တက္ကသိုလ်မှ မက်ဂီအက်ဒရင်ပိုကော့ခ်ရဲ့ ပြောကြားချက်ကို Daily Mail က ဖော်ပြထားတာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တိုင်းနီးပါး သဘောတူလက်ခံထားကြတာက ဂြိုဟ်သားမျိုးနွယ်တွေဟာ နည်းပညာပိုင်းမှာ လူသားတွေထက် အဆင့်မြင့်နိုင်ပြီး များစွာ အသက်ပိုကြီးကြမယ် ဆိုတာပါပဲ။
■ ကြယ်တာရာ ၂၀၀ ဘီလီယံခန့်ရှိတယ်လို့ ယူဆရတာကြောင့် သက်ရှိတွေဖြစ်တည်နိုင်မယ့် အရာတွေရှိတဲ့နေရာဟာ ကမ္ဘာတစ်ခုတည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
■ နေစကြဝဠာအပြင်ဘက်မှာ ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်ပေါင်းထောင်ချီကို နက္ခတ္တပညာရှင်များ တွေ့ရှိထားပါတယ်။
■ ကမ္ဘာကနေ အလင်းနှစ် ၁၂၄ နှစ်ကွာဝေးတဲ့ K2-18b ဂြိုဟ်မွှားဟာ ကမ္ဘာထက်ကြီးပြီး ဂြိုဟ်နီတစ်ခုကို လှည့်ပတ်နေပါတယ်။
■ ထိုဂြိုဟ်ရဲ့ လေထုထဲမှာ သက်ရှိတွေရှိမှသာတွေ့နိုင်မှ မော်လီကျူးတွေ တွေ့ရှိထားပါတယ်။
■ သမုဒ္ဒရာတစ်စင်း ရှိနေနိုင်ပြီး သက်ရှိတွေ ရှင်သန်နေထိုင်ကြဖွယ်ရှိပါတယ်။
Source: WION