#World_Health
Published 14 January 2026

■ အိန္ဒိယနိုင်ငံ ဥတ္တာပရာဒက်ရှ်မှာ အသက် ၁၆ နှစ်အရွယ် အဟာနာလို့ခေါ်တဲ့ မိန်းကလေးငယ်ဟာ အူလမ်းကြောင်းပြဿနာ ပြင်းထန်စွာဖြစ်ပြီး အသက်ဆုံးပါးသွားခဲ့ပါတယ်။

■ ဒါနဲ့ပတ်သက်ပြီး လမ်းဘေးစာတွေနဲ့ အူလမ်းကြောင်းကျန်းမာရေးတို့အကြောင်း ပြောစရာတွေဖြစ်လာပါတယ်။

■ မိန်းကလေးဟာ ပီဇာ၊ ဘာဂါတို့လို အသင့်စာ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကို ခဏခဏစားလေ့ရှိပြီး လနဲ့ချီအောင် ဝမ်းဗိုက်အောင့်ခဲ့ပြီးနောက် ဒေလီမှ All India ဆေးသိပ္ပံဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။

■ ဆေးမှတ်တမ်းများအရ အူအပေါက်ငယ်ဖြစ်ခြင်း၊ ရောဂါကူးစက်ခြင်းတို့ ဖြစ်ပွားခဲ့ကာ ဆိုရှယ်မီဒီယာတွေမှာ ပီဇာတွေစားပြီး အသက်ဆုံးပါးခဲ့ရတယ်လို့ ဖော်ပြနေကြပေမယ့် ဆရာဝန်တွေက တကယ်တမ်းမှာ အကျယ်ချဲ့နေတာ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

■ ပီဇာတွေ၊ ခေါက်ဆွဲထုပ်တွေစားလို့ အူတွေ အပေါက်ဖြစ်ပေါ်တယ်ဆိုတဲ့ အထောက်အထားမရှိပေမယ့် အမျှင်ဓာတ်နည်းပြီး အဆင့်ဆင့်ထုပ်ပိုးပစ္စည်းများ ပါဝင်မှုများတဲ့ စားစရာတွေကသာ အူလမ်းကြောင်းညီမျှမှုကို နှောင့်ယှက်ပြီး အူရောင်ခြင်း၊ ဝမ်းလည်ပတ်မှုမမှန်ခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ ဖြစ်လာစေတယ်လို့ နယူးဒေလီမှ ဒေါက်တာ မီရာဂူ့ပ်တာက ပြောပါတယ်။

■ အဆင့်ဆင့်ထုတ်လုပ် စားစရာတွေနဲ့ အသင့်စားမုန့်တွေက အူလမ်းကြောင်းပိုးမွှားစနစ်ကို ပြောင်းလဲစေသလို အစာအိမ်အူလမ်းကြောင်း ပုံမှန်မဖြစ်ခြင်းတို့ ဖြစ်နိုင်ခြေများစေပါတယ်။

■ အစားအစာကြောင့် ကူးစက်တဲ့ရောဂါတွေကနေ အူနံရံအပေါက်ဖြစ်နိုင်ကာ အာဟာရဓာတ် မမျှပါက ပိုမိုဆိုးရွားနိုင်ပေမယ့် ပီဇာလိုမုန့်ကြောင့်ပဲ အသက်ဆုံးပါးတယ်ဆိုတာကတော့ အထောက်အထား မရှိဘူးလို့ ရှင်းပြပါတယ်။

■ ဒါကြောင့် အသီးအရွက်နဲ့ ဆန်ပြောင်းဂျုံတို့လို အမျှင်ဓာတ်များတဲ့ စားစရာတွေ ပိုစားသင့်ပြီး ရေဓာတ်ပြည့်ဝအောင်နေဖို့ အကြံပြုထားပါတယ်။

Source: India Today