#World_News
Published 14 January 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်တွေကို ဆက်လက်ဆန္ဒပြနေဖို့နဲ့ နှိမ်နင်းသူတွေကို မှတ်သားထားဖို့ တိုက်တွန်းလိုက်ပြီး အကူအညီတွေ လာနေပြီလို့ အင်္ဂါနေ့က ပြောပါတယ်။
■ အီရန်အစိုးရအဖွဲ့က ဆန္ဒပြမှုကြီးတွေကို အင်အားသုံး နှိမ်နင်းနေတာ ဖြစ်ပါတယ်။
■ အီရန်အစိုးရကတော့ နိုင်ငံမတည်မငြိမ်ဖြစ်စေရန် အားပေးမှု၊ အကြမ်းဖက်လှုံ့ဆော်မှုတို့ဖြင့် ထရမ့်ကို ပြန်လည်စွပ်စွဲလိုက်ပါတယ်။
■ "အီရန်မျိုးချစ်တို့.. ဆက်လက်ပြီး ဆန္ဒပြနေပါ။ အကူအညီလာနေပါပြီ" လို့ ထရမ့်က Truth Social မှာ ရေးထားပါတယ်။
■ ဆန္ဒပြသူတွေကို သတ်ဖြတ်နေခြင်းကို မရပ်တန့်သရွေ့ အီရန်အရာရှိများနဲ့ အစည်းအဝေးအားလုံးကို ထရမ့်က ပယ်ဖျက်ထားပါတယ်။
■ ဒီဖြစ်ရပ်များအတွင်း လူပေါင်း ၂ ထောင်ခန့် သေဆုံးထားတယ်လို့ အီရန်အရာရှိတစ်ဦးက ပြောပါတယ်။
■ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA ကလည်း တနင်္လာနေ့အထိ ဖမ်းဆီးခံရသူ ၁၆,၇၈၄ ဦးရှိတယ်လို့ ပြောထားပါတယ်။
■ ဆန္ဒပြသူတွေကို သုတ်သင်နေခြင်းအပေါ် ထရမ့်က သတိပေးနေပြီး အပြင်းအထန်အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
■ နိုင်ငံတကာဝေဖန်မှုတွေ မြင့်တက်နေကာ အီရန်အစိုးရရဲ့ ဖြိုခွင်းမှုတွေကို ဥရောပခေါင်းဆောင်တွေ ရှုတ်ချနေကြပါတယ်။
■ အမေရိကန်က အီရန်နဲ့ ကုန်သွယ်ရေးဆောင်ရွက်နေတဲ့ နိုင်ငံတွေကို အခွန်စည်းကြပ်နေပြီး စီးပွားရေးဖိအားတွေ ပေးနေပါတယ်။
■ အီလွန်မက်စ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက်က အီရန်မှာ ဆက်သွယ်ရေးလိုင်းတွေ ပိတ်ပင်ခံထားရတဲ့အတွက် အခမဲ့သုံးစွဲခွင့် ပေးထားပါတယ်။
Source: Reuters