#World_News
Published 21 January 2026
■ အမေရိကန်က နေတိုး(NATO) ကွပ်ကဲရေးဌာနတွေမှာ တာဝန်ချထားတဲ့ စစ်မှုထမ်းတွေကို လျှော့ချသွားဖို့ စီစဉ်နေပါတယ်။
■ ဒါဟာ နေတိုးမဟာမိတ်အတွက် အမေရိကန်ရဲ့ အရေးစိုက်မှုအပေါ် ဥရောပရဲ့စိုးရိမ်မှုတွေ ပိုမိုဆိုးရွားလာစေမယ်လို့ သတင်းနီးစပ်သူ ၃ ဦးက ပြောပါတယ်။
■ ထရမ့်အစိုးရအဖွဲ့က ဥရောပမြို့တော်များကို ဆက်သွယ်ကာ စစ်ရေးနဲ့ ထောက်လှမ်းရေးတို့ကို ကြီးကြပ်နေတဲ့ နေတိုးအဖွဲ့တွေမှ နေရာပေါင်း ၂၀၀ ခန့်ကို ဖယ်ရှားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
■ ဒီထဲမှာ အမေရိကန်အခြေစ်ိုက် NATO Intelligence Fusion Centre ၊ ဘရူဆဲလ်မှာရှိတဲ့ Allied Special Operations Forces Command တို့ ပါဝင်ပါတယ်။
■ ဒါ့အပြင် ရေကြောင်းစစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ ပေါ်တူဂီအခြေစိုက် STRIKFORNATO လည်း ပါဝင်ပါတယ်။
■ ဒီလိုလျှော့ချရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရပေမယ့် ထရမ့်အစိုးရက ရင်းမြစ်တွေကို အနောက်တိုင်းဆီ ပိုမိုရယူလလိုတဲ့ဘဘော တွေ့နေရပါတယ်။
■ ဒါပေမဲ့ ဥရောပမှာ အမေရိကန်စစ်မှုထမ်းအရေအတွက်က ၈ သောင်းခန့် ရှိတာကြောင့် လျှော့ချမယ့်ပမာဏက အနည်းငယ်သာ ဖြစ်နေပါတယ်။
■ လျှော့ချသွားမယ့် အဖွဲ့အစည်းတွေမှာ အမေရိကန်စစ်မှုထမ်း ၄၀၀ ခန့် စခန်းချထားတာကြောင့် တဝက်လောက်လျော့သွားမယ့်သဘော ဖြစ်နေပါတယ်။
■ ထရမ့်ဟာ ပထမအကြိမ် သမ္မတတာဝန် ထမ်းဆောင်စဉ်ကလည်း နေတိုးကနေ နုတ်ထွက်ဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
■ ထရမ့်အလိုရှိနေတဲ့ ဂရင်းလန်းသိမ်းယူရေးကိစ္စမှာ ဒိန်းမတ်ကို ထောက်ခံနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထရမ့်က ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး အခွန်စည်းကြပ်သွားမယ်လို့ ပြောထားပါတယ်။
Source: Reuters
#World_Health
Published 21 January 2026
■ မာလကာသီးက ဆေးပညာပြဿနာအများအပြားကို ကောင်းစွာထိန်းချုပ်နိုင်တာကြောင့် မာလကာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၃ မျိုးကို အာဟာရပညာရှင် ဒီ့ဆီခါဂျိန်းက ရှင်းပြထားပါတယ်။
■ မာလကာသီးမှာ လိုင်ကိုပင်းဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကိုလက်စထရော လျှော့ချပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။
■ ရောင်ရမ်းဆန့်ကျင်အာနိသင် အားကောင်းတာကြောင့် ဓမ္မတာလာစဉ် ကြွက်သားတောင့်ခြင်းကို လျော့ပါးစေသလို ကိုက်ခဲခြင်းလက္ခဏာများကို လျော့နည်းစေနိုင်ပါတယ်။
■ အမျှင်ဓာတ်ကြွယ်ဝပြီး အူကျန်းမာရေး တိုးတက်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်တာမင်-စီလည်း ကြွယ်ဝတာကြောင့် ဆီးချိုရှိသူတွေအတွက် ကောင်းမွန်ပါတယ်။
■ မာလကာသီးကို အခွံပါစားသုံးရင် ပိုတက်ဆီယံ၊ ဇင့်တို့လို အာဟာရဓာတ်တွေ အပိုရနိုင်ကာ အခွံမှာ ဗိုက်တာမင်-စီ ကြွယ်ဝတာကြောင့် အသားအရည် ကောင်းမွန်စေပါတယ်။
■ ဒါပေမဲ့ ဆီးချိုနဲ့ ကိုလက်စထရောများသူတွေမှာတော့ အခွံမနွှာဘဲ မစားသင့်ကြောင်း၊ အခွံပါစားသုံးပါက ဆီးချိုနဲ့ ကိုလက်စထရောကို ပိုဆိုးစေနိုင်ကြောင်း သတိပေးထားပါတယ်။
■ ဒါကြောင့် ပညာရှင်တွေ အကြံပြုထားတာတွေကို စိတ်ထဲမှတ်သားပြီး မာလကာသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများ ရယူသင့်ပါတယ်။
Source: NDTV
#World_Health
Published 21 January 2026
■ ဝမ်းဗိုက်မှာ ပိုလျှံနေတဲ့ အဆီတွေကို ဘီယာဗိုက်လို့ ခေါ်ကြပြီး လူတွေရဲ့နှလုံး အထူးသဖြင့် အမျိုးသားတွေမှာ ပုံစံပြောင်းလဲစေကာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။
■ ဂျာမနီ ဟမ်းဘတ်အက်ပင်ဒေါ့ဖ်တက္ကသိုလ်ဆေးရုံမှ သုတေသီများက နှလုံးတစ်ရှူးများ ပြောင်းလဲပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။
■ ဗိုက်ပူလာတဲ့အခါ နှလုံးကြွက်သား ထူထဲလာသဖြင့် နှလုံးခန်းတွေ ကျဉ်းလာကာ နှလုံးကနေ သွေးညှစ်ထုတ်နိုင်စွမ်း ထိခိုက်လာပြီး နှလုံးရောဂါ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
■ ခါး-တင်ပါးအချိုးအစား တိုင်းတာတဲ့အခါ လေ့လာချက်ထဲက အမျိုးသား ၉၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၄ ရာခိုင်နှုန်းတို့ဟာ အဝလွန်တဲ့ အခြေအနေတွေနဲ့ ကိုက်ညီနေပါတယ်။
■ အိန္ဒိယ အိန္ဒြာပရက်စ်သာအပိုလိုဆေးရုံမှ ဒေါက်တာ မူကက်ရှ်ဂိုအယ်က နှလုံးကြွက်သားအားနည်းတဲ့ သူ့ရဲ့လူနာအားလုံးနီးပါးဟာ ခါးအရွယ်အစားကြီးမားတယ်လို့ ဆိုပါတယ်။
■ ဒါဟာ သက်လတ်ပိုင်း အမျိုးသားတွေ အထိုင်များတဲ့ နေထိုင်မှုပုံစံနဲ့ အယ်ကိုဟော အသောက်များခြင်းတို့နဲ့ သက်ဆိုင်နေပါတယ်။
■ ဝမ်းဗိုက်အဆီတွေကြောင့် နှလုံးကြွက်သားတွေ ထူထဲတောင့်တင်းလာကာ နှလုံးဖောက်နိုင်ခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ကိုယ်လက်လှုပ်ရှားခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်း စသဖြင့် နေထိုင်စားသုံးမှုပုံစံ ပြောင်းလဲခြင်းဖြင့် ခါးဗိုက်အတိုင်းအတာ လျှော့ချဖို့က နှလုံးအတွက် အလွန်အရေးကြီးပါတယ်။
■ အမျိုးသမီးတွေမှာလည်း မီးယပ်သွေးဆုံးချိန်မှာ ဝမ်းဗိုက်အဆီထွက်လာနိုင်ပြီး အမျိုးသားတွေလိုပဲ နှလုံးပြဿနာများ ဖြစ်နိုင်ပါတယ်။
Source: Indian Express
အမေရိကန်ထိန်းချုပ်မှာကို ဂရင်းလန်းသားတွေ အကြိမ်ကြိမ်ငြင်းဆန်နေကြပြီး ဒေသတွင်း သဘာဝရင်းမြစ်များအပေါ် စိုးရိမ်နေကြပါတယ်။
#World_Politics
Published 20 January 2025
#အမေရိကန် #ဂရင်းလန်း
#YMG #Yangon_Times #Yangon_Media_Group
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းမှာယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက်ကို ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 January 2025
#မန်းချောင်းအပန်းဖြေဆင်စခန်း #ဆင်ပြတိုက်
#YMG/SW #Yangon_Times
အခုနှစ်အတွက် ဂျပန်နိုင်ငံကနေမျှစ်ခြောက်တန်ချိန်(၂၀၀)အထိ အမှာရှိနေတယ်လို့ မျှစ်နှင့်ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကသိရပါတယ်။
#Local_News
Published 20 January 2025
#မျှစ်ခြောက် #ဂျပန်
#YMG/NN #Yangon_Times
#World_News
Published 20 January 2026
■ စပိန်တောင်ပိုင်းမှာ တနင်္ဂနွေညက အမြန်ရထားတစ်စင်း လမ်းလွဲပြီး ဆန့်ကျင်ဘက်လာနေတဲ့ ရထားတစ်စင်းနဲ့ တိုက်မိသဖြင့် အနည်းဆုံး လူ ၄၀ သေဆုံးကာ ဥရောပမှာ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုဆွေထဲက တစ်ခုဖြစ်လာပါတယ်။
■ မက်ဒရစ်တောင်ပိုင်း ၃၆၀ ကီလိုမီတာခန့်က ကော်ဒိုဘာပြည်နယ် အက်ဒါမက်ဇ်အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ယောက်ကို အထူးကြပ်မတ်ကုသနေရပါတယ်။
■ ရထားလမ်းဆုံ ချွတ်ချော်မှုကြောင့် မတော်တဆမှု ဖြစ်ရတယ်လို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။
■ "ရထားက တစ်ဖက်ကို စောင်းသွားပြီးတော့ အော်သံတွေ ကြားရတော့တာပဲ" လို့ ကြက်ခြေနီဌာနမှာ ကုသနေရတဲ့ အန်နာဂါစီယာအာရန်ဒါက ပြောပါတယ်။
■ အခုအချိန်အထိ ပျောက်ဆုံးသူတိုင်ကြားချက် ၄၃ ခု ရှိထားတယ်လို့ ရဲဌာနတွေဆိုပါတယ်။
■ ရထားတိုက်တဲ့နေရာက တောင်ကုန်းဖြစ်ပြီး ကားတစ်စီးစာလမ်းကြောင်းသာ ပေါက်ရောက်တာကြောင့် လူနာတင်ယာဉ်တွေ ရောက်ဖို့ခက်နေပါတယ်။
■ ဒရုန်းဗီဒီယိုရိုက်ချက်တွေထဲမှာ ရထားတစ်စင်းရဲ့ ရထားတွဲတွေ နှစ်ခြမ်းကွဲသွားပြီး စက်ခေါင်းက ကြေမွသွားပါတယ်။
■ လေ့လာချက်များအရ ရထားလမ်းကြောင်းပြောင်းတဲ့ အဆက်က ပျက်ယွင်းနေပါတယ်။
စပိန်အမြန်ရထားလမ်းကြောင်း ကွန်ရက်တွေက ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။
■ ယခု မတော်တဆဖြစ်ပွားတဲ့ Iryo ရထားဟာ သက်တမ်း ၄ နှစ်အောက်သာရှိပြီး အက်ဒါမက်ဇ်အနီး ရထားလမ်းကို ပြီးခဲ့တဲ့ မေလကမှ ပြုပြင်မွမ်းမံထားသလို ရထားကိုလည်း ဇန်နဝါရီ ၁၅ ရက်နေ့ကမှ စစ်ဆေးခဲ့ပါေသးတယ်။
Source: Reuters
ဒဂုံ(ဆိပ်ကမ်း)မြို့နယ်မှာ ဖွဲနုဆီကြိတ်ခွဲသန့်စင်စက်ရုံ တည်ဆောက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 20 January 2025
#ဖွဲနုဆီ #ဒဂုံဆိပ်ကမ်းမြို့နယ်
#YMG/NN #Yangon_Times
#Local_News
Published 20 January 2025
▪️ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation (APSF) Board of Governor (BoG) အစည်းအဝေးတက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် Asean Para Sports Fe-deration (APSF) Board of Governor (BoG) အစည်းအဝေးကို ယမာန်နေ့နံနက်ပိုင်းတွင် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့ Kantary Hotel ရှိ Lamtakong ခန်းမ၌ကျင်းပရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာမသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌဒေါက်တာ တင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
▪️ Board of Governor (BoG) Chairman Dr. Kittipong Potimu က အဖွင့်အမှာစကားပြောကြားပြီး Thailand ASEAN Para Games Organization Committee (THASOC)မှ တာဝန်ရှိသူ တစ်ဦးက (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကျင်းပမည့် အစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ၂၀၂၇ ခုနှစ်တွင် (၁၄) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ Board of Governor (BoG) က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
▪️ ထို့နောက် တက်ရောက်လာသူများ က 31st ASEAN Para Sports Federa-tion(APSF) Board of Governor (BoG) အစည်းအဝေးမှတ်တမ်းကိုလည်းကောင်း၊ 36th EXCO အစည်းအဝေးမှတ်တမ်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် APSF အထွေထွေ ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနိုင်ရေးကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ပြီး Board of Governor (BoG) Chairman က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အားကစားအဖွဲ့ခေါင်းဆောင်များ (Chef-de-Mission) အစည်းအဝေးကို Kantary Hotel (Korat) ရှိ Lamtakong ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မောင်လှိုင်အပါအဝင် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များတက်ရောက်ကြသည်။
▪️ အဆိုပါအစည်းအဝေးတွင် အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများက ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှ တရုတ်နိုင်ငံရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်သူ၊ ကျန်းမာရေး၊ လူမှုရေးနှင့်အလည်အပတ်သွားရောက်မယ့်သူတွေအတွက် မြန်မာ-တရုတ်နယ်စစ်သွားလာခွင့်လက်မှတ် BP စာအုပ်တွေကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးက ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 20 January 2025
#မြန်မာ_တရုတ် #BPစာအုပ်
#YMG/SW #Yangon_Times
#Daily_News
Published 20 January 2025
၁။ မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက်ဖွင့်လှစ်သွားမည်
၂။ ဂျပန်မှ မျှစ်ခြောက်တန်ချိန် (၂၀၀)အထိ အမှာရှိနေ
၃။ ဖွဲနုဆီကြိတ်ခွဲသန့်စင်စက်ရုံ ရန်ကုန်၌တည်ဆောက်နေ
၄။ အမေရိကန်သိမ်းပိုက်မည်ကို ဂရင်းလန်းသားများအကြိမ်ကြိမ်ငြင်းဆန် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်နှင့်ဒလမြို့နယ်များ၌ ယနေ့မနက်အစောပိုင်းတွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၂၀ရက်နေ့၊ မနက် ၇ နာရီ ၂၉မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရုံရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများထွက်ခွာခဲ့ကာ
၇ နာရီ၃၅ မိနစ်အချိန် တွင် မီးထိန်းနိုင်ခဲ့ပြီး ၇နာရီ ၄၀ မိနစ် အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ အလားတူ ဇန်နဝါရီ ၂၀ ရက်နေ့၊ မနက်၅နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊
ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာတွင် နွားခြံမီးလောင်နေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ၁၅မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 177 of 2055