#Daily_News
Published 25 November 2025
၁။ ဆီစက်ကြီးများအတွက် ကျပ်သိန်းတစ်သောင်းအထိ ချေးငွေထုတ်ချေးပေးမည်
၂။ ဖရဲ၊သခွှားမွှေးများ မိုင်းလား-တာလော့လမ်းကြောင်းမှတင်ပို့ပြီး ဈေးကောင်းရနေ
၃။ ငလျင်ဒဏ်ထိ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို သိန်း(၁၀၀) အထိ ထောက်ပံ့မည်
၄။ နိုင်ငံခြားခရီးသွားများအချိန်ကုန်သက်သာစွာ ပြည်ဝင်နိုင်မည့် အွန်လိုင်းစနစ်သစ် တရုတ်စတင်ကျင့်သုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 November 2025
▪️ ဆေးကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရ ပြီး
ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေကအသိပေးပြောကြားလိုက်သည်။
▪️ ယမာန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက စာရင်းများအရဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏ လျှောက်ထားပစ္စည်းများကို ဆေးရုံများနှင့်ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသေးသကဲ့သို့ ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ စျေးကွက်သဘောတရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် စျေးကွက်ကိုလွှမ်းမိုးသည့်အခြေအနေ (Dominant Postion) ကို ပိုင်ဆိုင်နိုင်ကြကြောင်း၊သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကိုမကစားကြရန်၊ စျေးနှုန်းထိန်းချုပ်ခြင်းမပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင်မပြုလုပ်ကြရန် အသိပေးပြောကြားလိုကြောင်း၊ ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ထိန်းကျောင်းပြီး ပြည်သူ့လူမှုဘဝတိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
▪️ ထို့အပြင် ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံခြားငွေအသုံးပြုမှု လျော့ကျသွားမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှု၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းပေးနိုင်မှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 25 November 2025
■ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က ဝင်ရောက်လာခဲ့တဲ့ နိုင်ငံအတွင်းခိုလှုံသူအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ညွှန်ကြားလိုက်ကြောင်း အစိုးရထုတ်ပြန်ချက်တစ်ခုကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
■ ဒါဟာ အမေရိကန်ရဲ့ ကာကွယ်မှုကို ခံယူခဲ့သူ ထောင်နဲ့ချီကို ပြန်လည်သုံးသပ်သွားမယ့်သဘော ဖြစ်နေပါတယ်။
■ ဒီညွှန်ကြားချက်က ၂၀၂၁ ဇန်နဝါရီ ၂၀ မှ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ အတွင်း ဝင်ရောက်ခိုလှုံခဲ့သူ ၂၃၃,၀၀၀ ဦးခန့်အပေါ် သက်ရောက်လာနိုင်သလို ဘိုင်ဒင်လက်ထက်က ဝင်ရောက်ခိုလှုံသူတွေအတွက် အမြဲတမ်းနေထိုင်ခွင့် လျှောက်လွှာလုပ်ဆောင်ချက်အားလုံးကိုလည်း ရပ်တန့်ဖို့ ပါဝင်ပါတယ်။
■ ရီပတ်ဘလစ်ကန်ထရမ့်က သူသမ္မတတာဝန် ထမ်းဆောင်ချိန်ကစပြီး ကမ္ဘာတဝှမ်းကနေ အမေရိကန်သို့ ဝင်ရောက်ခိုလှုံခွင့်တွေကို ရပ်ဆိုင်းခဲ့ကာ လူဝင်မှုတွေကို အကြီးအကျယ် တိုက်ဖျက်ခဲ့ပါတယ်။
■ သမ္မတဟောင်းဘိုင်ဒင်ရဲ့ လစ်ဘရယ်ပိုဆန်တဲ့ ပေါ်လစီတွေကို ထရမ့်က ပြောင်းပြန်ပြောင်းလဲဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
■ အမေရိကန်မှာ လက်ရှိရောက်နေပြီးသား ဖြစ်နေရင်တောင် ခိုလှုံခွင့်အချက်အလက်များနဲ့ မကိုက်ညီပါက ပြန်ရုပ်သိမ်းသွားနိုင်တယ်လို့ အမေရိကန်နိုင်ငံသားဖြစ်ခွင့်နဲ့ လူဝင်မှုဝန်ဆောင်ရေးက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
■ ခိုလှုံသူတွေကတော့ ဒီညွှန်ကြားချက်ကို ဝေဖန်လိုက်ကာ မလိုလားအပ်တဲ့ ပြင်းထန်တဲ့လုပ်ရပ်လို့ ဆိုနေကြပါတယ်။
■ ထရမ့်က ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ခိုလှုံခွင့်လက်ခံမှုကို စံချိန်တင်အနည်းဆုံးဖြစ်အောင် သတ်မှတ်ထားကာ လူဖြူတောင်အာဖရိကလူမျိုးတွေကိုတော့ ဦးစားပေးခေါ်ယူသွားဖို့ ရှိပါတယ်။
Source: Reuters
#Local_News
Published 25 November 2025
▪️ Naypyitaw State Polytechnic University (NSPU) တွင် ကျင်းပ နေ သည့် သိပ္ပံပွဲတော် ၂၀၂၅ ၌ နျူကလီးယားဆိုင်ရာ ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာများမျှဝေခြင်းများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၅ ကို ယမာန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပါမောက္ခများ၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်နှင့် ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
▪️ ဦးစွာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကကျင်းပခဲ့သည့် သိပ္ပံပွဲတော်များ၏ မှတ်တမ်းဗီဒီယိုများကို ပြသ၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. I.K. Azizov က ဂုဏ်ပြုအမှာစကားပြောကြားပြီး NSPU နှင့် ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကိုယ်စားလှယ်များက အနုပညာပြပွဲ(Splitting Color) ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြကာ ကျောင်းသားလူငယ်များ၏ ပန်းချီပြပွဲနှင့် Project Shows ပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
▪️ အဆိုပါ သိပ္ပံပွဲတော်ကို Naypyitaw State Polytechnic University (NSPU)၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပ၍ အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် နျူကလီးယားဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပြုလုပ်ကာ ဂုဏ်ပြုဆုများချီးမြှင့်ပေးသွားမည် ဖြစ်သည်။
▪️ ထို့ပြင် Oliver Stone “Nuclear Now”မှတ်တမ်းရုပ်ရှင်နှင့် “ATOM Egypt ENG Master” နှင့် “The City Falls Asleep” မှတ်တမ်း ရုပ်ရှင်တိုများပြသခြင်း၊ “Nuclear Technology in Everyday Life5” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခြင်းနှင့် နျူကလီးယားဆိုင်ရာ အသိပညာများမျှဝေခြင်းများ ပါဝင်မည်ဖြစ်သည်။
▪️ ယခုလို သိပ္ပံပွဲတော်ကျင်းပခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများတိုးပွား လာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းများ လေ့လာစူးစမ်း လိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 November 2025
▪️ မြန်မာစာ ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်သည် ယနေ့နိုဝင်ဘာလ(၂၅)ရက်မနက်ပိုင်း(၅)နာရီ(၅၅)မိနစ်၌ ကွယ်လွန်သွားကြောင်းသိရသည်။
▪️ ဆရာကြီးကွယ်လွန်သွားခြင်းကို ဒါရိုက်တာစာရေးဆရာငြိမ်းမင်း ၊ ကျူရှင် ဆရာ များနှင့် စာပေအသိုင်းအဝိုင်းများ၌ ဝမ်းနည်းကြောင်းရေးသားထားကြပြီး ကွယ်လွန်ချိန်၌အသက်(၉၀)နီးပါးရှိပြီဖြစ်ကြောင်းသိရသည်။
▪️ ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်ကို ၁၉၃၆ခုနှစ်၊မတ်လ၊(၂၇)ရက်မှာမွေးဖွားခဲ့ခြင်းဖြစ်ပြီး အဖ တိုင်းရင်းသမား တော်ကြီး(ဦးဓန)၊အမိဒေါ်အေးစိန်တို့က မုံရွာမြို့နယ်၊ဆင်ဖြူကျွန်းရွာမှာ မွေးဖွားခဲ့သူဖြစ်သည်။
▪️ ဆရာကြီးသည် တက္ကသိုလ်ဝင်တန်းကို မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်ပြီး မြန်မာစာဆရာကြီးအဖြစ် စာပေလောကမှာကျော်ကြားသူတစ်ဦးလည်းဖြစ်သည် ။
▪️ မန္တလေးသက်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်တို့၌ မြန်မာစာကထိကနှင့် ဌာနမှူး၊ မန္တလေး ဆေးတက္ကသိုလ်၊ မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်တို့၌ မြန်မာစာဆရာအဖြစ် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ ထမ်းရွက်ခဲ့သည်။
▪️ ၁၉၅၆ခုနှစ် စာဆိုတော်နေ့ စာပေပြိုင်ပွဲတွင် စာဆိုမောင်ငွေဒိုင်းဆုကို ချီးမြှင့်ခံခဲ့ရကာ
၁၉၆၃ခုနှစ်တွင် မြန်မာ့ဇာတ်သဘင်သမိုင်းစာအုပ်နှင့် အနုပညာ စာပေဆု၊၁၉၆၅ခုနှစ်တွင် မြန်မာ့ရုပ်စုံသဘင် စာအုပ်နှင့် အမျိုးသားစာပေဆုများကို ရရှိခဲ့သလို မြန်မာစာပေချစ်မြတ်နိုးသူများအသင်းဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် ၁၉၆၈ ခုနှစ်မှစ၍ မန္တလေး၌ "စေတနာ မြန်မာစာနည်းပြ" ကို တည်ထောင်ခဲ့ပြီး ရန်ကုန် ကျူရှင်လောက၌လည်း ထင်ရှားကျော်ကြားသော ဆရာတစ်ဆူလည်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 25 November 2025
■ ရေဓာတ်ဖြည့်ပြီး နေပေမယ့် အမြဲလိုလို နှုတ်ခမ်းခြောက်ခြင်း ခံစားရတာဟာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နိုင်ပြီး တံတွေးလည်ပတ်မှု လျော့နည်းကာ လက္ခဏာအမျိုးမျိုး ခံစားရနိုင်ပါတယ်။
■ လူ ၅ ဦးမှာ တစ်ဦးနှုန်းက နှုတ်ခမ်းခြောက်ခြင်း ခံစားနေရပြီး ဒါကို ရေဓာတ်ခန်းခြောက်ခြင်းနဲ့ မှားယွင်းယူဆတတ်ကြတယ်လို့ ကယ်လီဖိုးနီးယား Dion Health မှ သွားဆရာဝန် ကူရော့ရှ်မက်ဒါဟီက ပြောပါတယ်။
■ ကမ္ဘာပေါ်မှာ လူဦးရေအားလုံးရဲ့ ၂၂ ရာခိုင်နှုန်းက နှုတ်ခမ်းခြောက်ဝေဒနာ ခံစားနေရပြီး ဒီဝေဒနာကို ပေါ့သေးသေး မသတ်မှတ်ဖို့ အရေးကြီးပါတယ်။
■ နှုတ်ခမ်းခြောက်ခြင်းကြောင့် ခံတွင်းထဲမှာ ပူလောင်စွာခံစားရခြင်း၊ ဝါးခြင်း မျိုချခြင်း အရသာခံခြင်းတို့မှာ ပြဿနာဖြစ်လာခြင်း၊ အရသာပြောင်းလဲခြင်း၊ လည်ချောင်းနာခြင်း၊ ခံတွင်းအနာဖြစ်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ နှုတ်ခမ်းအဖတ်ကွာခြင်းတို့ ခံစားရတာ ကြာရှည်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
■ ဆရာဝန်က ဝေဒနာအခြေအနေကို စစ်ဆေးပြီးနောက် များသောအားဖြင့် ခံတွင်းသန့်ရှင်းဆေး၊ ဂျယ်၊ ပီကေ၊ ငုံဆေးတို့ ပေးလေ့ရှိပါတယ်။
■ တစ်ခါတလေမှာတော့ အချို့သော စားစရာသောက်စရာများ ရှောင်ရှားဖို့လိုအပ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုမျိုး ပြုလုပ်ရတတ်ပါတယ်။
■ သာမန်အားဖြင့်တော့ နှုတ်ခမ်းခြောက်တယ်ဆိုတာ တံတွေးပမာဏ မလုံလောက်ခြင်းကြောင့် ဖြစ်ရတာပါ။
■ ၂၀၁၈ လေ့လာချက်အရ ဆီးနှင့်ကျောက်ကပ်ဆေးများ၊ စိတ်ကျသက်သာဆေးများ၊ စိတ်ဝေဒနာဆေးများ၊ ဓာတုကုထုံးများ၊ လည်ပင်းကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးများကလည်း ခံတွင်းခြောက်စေသလို ဆေးရွက်နဲ့ ဆေးခြောက်တို့ကလည်း ပိုဆိုးစေတတ်ပါတယ်။
■ တံတွေးဆိုတာက ခံတွင်းကျန်းမာရေးမှာ အရေးပါပြီး သဘာဝပဋိဇီဝပစ္စည်းဖြစ်သလို သွားယိုယွင်းခြင်းမှ ကာကွယ်ပေးပါတယ်။
Source: Times of India
#World_Health
Published 25 November 2025
■ အသုံးများတဲ့ဆေးတွေဟာ ရောဂါလက္ခဏာကို သက်သာစေရုံမက နှစ်တွေကြာတဲ့ထိအောင် အူလမ်းကြောင်း ပိုးမွှားစနစ်ကို ပြောင်းလဲနိုင်တယ်လို့ အမေရိကန်သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
■ အချို့ဆေးတွေဟာ ဆက်မသောက်တော့တာတောင် ယနေ့အထိ အူလမ်းကြောင်းစနစ်ကို ပြောင်းလဲနေဆဲ ဖြစ်နိုင်တယ်လို့ သုတေသန ပြုစုသူတွေ ဖော်ပြထားပါတယ်။
■ ဆေးဝါးပေါင်း ၁၈၆ မျိုးကို ဆန်းစစ်ခဲ့ရာ အများအပြားက အူလမ်းကြောင်းပိုးမွှားစနစ် ဖွဲ့စည်းပုံမှာ သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။
■ သုံးပြီးလို့ နှစ်တွေကြာတာတောင် ပြောင်းလဲနေဆဲ ဖြစ်ပါတယ်။
■ ဆေးကို အကြိမ်ကြိမ် စွဲသုံးလေလေ ပိုးမွှားစနစ်အပေါ်သက်ရောက်မှုက ပိုအားကောင်းလေ ဖြစ်ပါတယ်။
■ ပဋိဇီဝပိုးသတ်ဆေးတွေတင်မကဘဲ ဘင်ဇိုဒိုင်ယာဇီပင်၊ PPI ၊ စိတ်ကျသက်သာဆေးများ၊ ဂလူကိုကော်တီကွိုက် အမျိုးအစားတွေလည်း ပါဝင်ပါတယ်။
■ အူလမ်းကြောင်း ပိုးမွှားစနစ်ကို ဂရုစိုက်သင့်တဲ့ အကြောင်းအရင်းက အစာခြေခြင်းသာမကဘဲ ကိုယ်ခံအားစနစ်၊ ဇီဝကမ္မဖြစ်စဉ်၊ စိတ်အခြေအနေနဲ့ ရောဂါဘယတုံ့ပြန်မှုတွေမှာလည်း သက်ရောက်နေနိုင်တာကြောင့် ဖြစ်ပါတယ်။
■ ဆေးတွေရဲ့ သက်ရောက်မှုတွေကို လစ်လျူရှုလိုက်ရင် ကျန်းမာရေးကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
■ ဒီအတွက် ဘာတွေလုပ်ဆောင်သင့်သလဲဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အူလမ်းကြောင်းသက်ရောက်မှု လျော့ပါးစေမယ့် ဆေးများဖြင့် ပြောင်းလဲအသုံးပြုစေခြင်း၊ အမျှင်ဓာတ်ပါဝင်ပြီး အာဟာရအုပ်စုအမျိုးမျိုး ပါဝင်တဲ့ စားစရာများ စားသုံးခြင်း၊ ဒိန်ချဉ်လိုမျိုး ပရီဘိုင်အိုတစ်စားစရာများ ထည့်စားခြင်း၊ မလိုလားတဲ့ဆေးများ မသုံးစွဲခြင်း၊ နေထိုင်စားသောက်မှုပုံစံ ထိန်းချုပ်ခြင်း၊ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
■ ဒါကြောင့် ဆေးတွေကို ရေရှည်သုံးစွဲရမယ်ဆိုရင် အူလမ်းကြောင်း ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါတယ်။
Source: Times of India
◾️ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ (ရိုက်တာ) - အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများအတွက် ယာယီတရားဝင်နေထိုင်ခွင့်အဆင့်အတန်းကို ထရမ့်အစိုးရအဖွဲ့က ရပ်စဲတော့မည် ဖြစ် ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
◾️မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (TPS) သတ်မှတ်ချက်မှာ အင်္ဂါ နေ့တွင် သက်တမ်းကုန်ဆုံးမည့်အနေအထားတွင်ရှိနေသည်။
◾️"နိုင်ငံတွင်းအခြေအနေများကို ပြန်လည်သုံးသပ်ပြီး သင့်လျော်သည့် အမေရိကန်အစိုးရ အေဂျင်စီ များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံ သည် ယာယီအကာအကွယ်ပေးထားသည့် အဆင့် အတန်း (TPS) သတ်မှတ်ချက်အတွက် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း (ပြည်တွင်း လုံခြုံရေး) ဝန်ကြီးက ဆုံးဖြတ်လိုက်သည်" ဟု ဖက်ဒရယ်အစိုးရပြန်တမ်းတွင် ဖော်ပြထား သည့် အသိပေး ကြေညာချက်၌ ဖော်ပြပါရှိသည်။
◾️ယင်းရပ်စဲမှုသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်မည်ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
◾️လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ TPS အဆင့်အတန်းဖြင့် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ခန့်မှန်းထားသည်။
◾️မြန်မာနိုင်ငံအတွက် TPS အဆင့်အတန်းကို ထရမ့်မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သူ ဒီမိုကရက် တစ်ပါတီ ဂျိုးဘိုင်ဒင်၏ အစိုးရလက်ထက် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၈ လကြာ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
◾️ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ထရမ့်သည် ဇန်နဝါရီလတွင် ရာထူးစတင်ရယူချိန်မှစ၍ ယင်း၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအများအပြားမှ နိုင်ငံသား များ အတွက် TPS အစီအစဉ်များကို ရုပ်သိမ်းခဲ့သည်။
Source Reuters
မြို့ပြလေကြောင်းသွားလာရေးနဲ့ အဆင့်မြင့်လေကြောင်းပို့ဆောင်ရေးအနာဂတ်ကို ယူအေအီးဒူဘိုင်းလေကြောင်းပြပွဲမှာ ပြသထားပါတယ်။
#World_Event
Published 24 November 2025
#ဒူဘိုင်း #ယူအေအီး
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ Rice Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ရန် စီစဉ်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲထံမှ သိရပါတယ်။
#Local_News
Published 24 November 2025
#Rice_Export_Zone #ဧရာဝတီတိုင်းဒေသကြီး
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း၂၀၀ကျော်တန်ဖိုးရှိ ငါးမက်ထရစ်တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 24 November 2025
#ငါးတန်ချိန် #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာနဲ့ အသိအမှတ်ပြုအနုပညာအောင်လက်မှတ်ရ သင်တန်းတွေကို ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 24 November 2025
#အနုပညာဒီပလိုမာ #သင်တန်း
#YMG/SW #Yangon_Times
Page 172 of 2002