#Local_News
=Published 24 November 2025
▪️ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်တွင် မီနီဘတ်စ် တစ်စီး ဘရိတ်ပေါက်အရှိန်လွန်၍ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ် ပွားပြီး တစ်နှစ်သားကလေးငယ် နှင့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးပွဲချင်းပြီး ေ-သဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးတွင် ကျောင်းကြို၊ပို့ ယာဉ်တံဆိပ်ပါ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်၍ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းကြိုပို့ယာဉ်မှာ ဘရိတ်ပေါက်ပြီး ရှေ့တွင် မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲတိုက်မိခဲ့ရာ ကယ်ရီမှာဆန့်ကျင်ဘက် ယာဉ်ကြောဘက်ထိ လွင့်စင်ရောက်ရှိသွားစဉ် တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသော ကုန်တင်ကားကြီးအောက်သို့ လွင့်စင်သွားသည့် ကယ်ရီ၏ယာဉ်မောင်းမှာ ကုန်ကားအောက် ရောက်ရှိသွားကာ အခင်းဖြစ်နေရာ၌ပင်ပွဲချင်းပြီး ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ ကလေးနေမကောင်း၍ ဆေးခန်းပြပြီး ပြန်လာသည့်သားအမိ စီးနင်းလာသော ကယ်ရီကို အဆိုပါဘရိတ်ပေါက်ကျောင်း ကြို ပို့ယာဉ်က နောက်ထပ် တိုက်မိခဲ့သည့် အတွက် မိခင်နှင့် ကလေး ကယ်ရီပေါ်က ပြုတ်ကျခဲ့ကြောင်း၊ ပြုတ်ကျသည့်အရှိန်ဖြင့် ကလေးမှာလွင့်စင်သွားခဲ့ပြီး နောက်မှ မောင်းနှင်လာသည့် Light truck ယာဉ်က တိုက်ကြိတ်မိရာမှ ဦးခေါင်းပွင့်ထွက် လျက် နေရာ၌ပင် ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ သက်ဆိုင်ရာက အခင်းဖြစ်နေရာမှ ထိခိုက်ဒဏ်ရာရရှိသူများ၊သေဆုံးသူများကို လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်အတွင်း မောင်းနှင်ထွက်ပြေးသည့် ကားများရှိနေသောကြောင့် သက်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းအတွင်းမှာ ငွေကျပ်သန်းပေါင်းတစ်သောင်းနီးပါးပမာဏရှိ ဟိုတယ်လုပ်ငန်းများ အတည်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက သိရပါတယ်။
#Local_News
Published 24 November 2025
#ဟိုတယ် #ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 24 November 2025
၁။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင်အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်
၂။ ကန်ဒေါ်လာသန်း၂၀၀ကျော် တန်ဖိုးရှိ ငါးတန်ချိန်တစ်သိန်းခွဲကျော် တင်ပို့ထား
၃။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Rice Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်မည်
၄။ ဒူဘိုင်း၌နောက်ဆုံးပေါ်လေကြောင်းသွားလာရေးယာဉ်ပျံများပြပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 November 2025
▪️ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကဖွားဒီရေတော ကို ကြိုးပြင်ကာကွယ်တောသတ်မှတ်လိုက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။
▪️ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၂၄၀၃ ဧကရှိသော နယ်မြေကို “ကဖွားဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
▪️ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး အန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ် တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန်စသည့် ရေသယံဇာတများ အစဉ်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျောစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် လေထုမှ ကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်း ချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်းသိရသည်။
▪️ ကဖွားဒီရေတော ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဒမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များပေါက်ရောက်မှုအား ရေရှည်တည်တံစေရန် ကာကွယ်နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်း အောက်၊ ကြက်တူရွေး၊ သိန်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (ဒင်ကျီးငှက်) နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံများအတွက် ဆူနာမီမုန်တိုင်းအစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုး တန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွားရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းလောင်စာများအတွက်လည်း အထောက်အကူပြုစေနိုင်ခြင်းတို့ကြောင့် ကဖွားဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ပါသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 November 2025
▪️ ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့၌ ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ရောင်းချရကြောင်းသိရသည်။
▪️ ယမာန် နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
▪️ ယမာန် နေ့ပြပွဲတွင် အုပ်စု (အေနှင့် ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၉၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
▪️ ထို့ပြင် ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် အုပ်စု (စီ) အတွဲအမှတ် (၂၉၀၁) မှ (၃၆၅၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
▪️ အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
▪️ ယမာန်နေ့ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်းအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်၊၊
▪️ ပြပွဲတွင် အုပ်စု (အေ၊ ဘီနှင့် စီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲ ပေါင်း ၇၁၆ တွဲကိုလည်းကောင်း၊ ပြပွဲသတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၉၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်၊၊
▪️ ယင်းအုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများကို ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းရတနာကုန်သည်များအနေဖြင့် မြန်မာကျပ်ငွေဖြင့်ပေးချေဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 November 2025
■ အမေရိကန်နဲ့ ယူကရိန်းတို့က ရုရှားစစ်ပွဲအဆုံးသတ်ရေးအတွက် နောက်ထပ်ပြုပြင်ပုံဖော်ထားတဲ့ ငြိမ်းချမ်းရေးမူဘောင်တစ်ခုကို ဖန်တီးထားတယ်လို့ ပြောထားပါတယ်။
■ အစောပိုင်းက ထရမ့်အစိုးရအဖွဲ့ မူကြမ်းရေးဆွဲထားတဲ့ အစီအစဉ်ကို ပြုပြင်ပြောင်းလဲထားတဲ့ပုံဖြစ်ပြီး ရုရှားအပေါ် သက်ညှာလွန်းအားကြီးတယ်လို့ ယူကရိန်းနဲ့ မဟာမိတ်များက မြင်နေကြပါတယ်။
■ အမေရိကန်နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ ဂျီနီဗာမှာ ဆွေးနွေးကြရာမှာ အကျိုးသက်ရောက်မှုတွေရှိပြီး လာမယ့်ရက်တွေမှာ ဆက်လက်ဆွေးနွေးသွားဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။
■ ဒါပေမဲ့ ရုရှားခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ကနေ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အသေးစိတ်ပြဿနာတွေတော့ မဖော်ပြထားပါဘူး။
■ အိမ်ဖြူတော်က နောက်ထပ်အဆိုပြုတဲ့ အစီအစဉ်က လုံခြုံရေးအာမခံချက်များ မြှင့်တင်ပေးဖို့ပါဝင်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ဒါဟာယင်းတို့ရဲ့ နိုင်ငံ့အကျိုးစီးပွားကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။
■ ဒီထဲမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုအကြောင်း မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အကြံပြုတဲ့ ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ထဲက မပြေလည်တဲ့ပြဿနာတွေကို လျှော့ချနိုင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သတင်းထောက်တွေကို ပြောသွားပါတယ်။
■ ယူကရိန်းနယ်မြေ စွန့်လွှတ်ရေး၊ စစ်အင်အား ကန့်သတ်ထားရှိရေး၊ နေတိုးပူးပေါင်းမယ့် ရည်ရွယ်ချက် လက်လျှော့ရေးတို့ ပါဝင်တဲ့ အစီအစဉ်ကို ယူကရိန်းသမ္မတအနေနဲ့ အသိအမှတ်ပြုလက်ခံရန် ကြာသပတေးနေ့အထိ အချိန်ရမယ်လို့ ထရမ့်က ဆိုပါတယ်။
■ ယူကရိန်းသမ္မတ ဇယ်လန်စကီက ထရမ့်နဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဆွေးနွေးဖို့အတွက် အမေရိကန်သို့ သွားရောက်မယ့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
Source: Reuters
#World_Health
Published 24 November 2025
■ နှလုံးကျန်းမာရေးအတွက် အခြေခံကျတဲ့ ကာကွယ်ရေးစနစ်က လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြစ်ပြီး နှလုံးကနေ ထိရောက်စွာ သွေးညှစ်ထုတ်နိုင်စေကာ အခြားအကျိုးကျေးဇူးများစွာလည်း ရနိုင်ပါတယ်။
■ ဒါပေမဲ့ လေ့ကျင့်ခန်းဘယ်လောက် လုပ်ခြင်းကြောင့် နှလုံးကျန်းမာရေး ဘယ်လောက်ထိ ကောင်းစေလဲဆိုတာက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေပါတယ်။
■ လေ့ကျင့်ခန်းလုပ်လို့ နှလုံးကျန်းမာရေးအကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား ကွဲပြားပုံကို Nature Cardiovascular Research ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
■ အမျိုးသမီးတွေက အမျိုးသားတွေ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ တဝက်လောက်ပြုလုပ်ရုံဖြင့် နှလုံးကာကွယ်မှုအတိုင်းအတာ တူညီစွာရနိုင်တယ်လို့ အဆိုပြုလာပါတယ်။
■ အမျိုးသမီးတွေက တစ်ပတ်ကို မိနစ် ၂၅၀ လောက် လေ့ကျင့်ခန်းပြုလုပ်ခဲ့ရာ နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းသွားတာ တွေ့ရပါတယ်။
■ အမျိုးသားတွေကတော့ ထိုရာခိုင်နှုန်းလျော့နည်းဖို့အတွက် တစ်ပတ်ကို မိနစ် ၅၃၀ လောက် လေ့ကျင့်ခန်းပြုလုပ်ရပါတယ်။
■ နေ့စဉ်လိုအပ်တဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသမီးတွေဟာ အသက်အန္တရာယ်ဆုံးပါးနိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုနည်းနေပါတယ်။
■ ဒါပေမဲ့ ကျားမမရွေး တစ်ပတ်ကို မိနစ် ၁၅၀ ခန့် လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးဖို့ အကြံပြုထားကြပါတယ်။
■ အမျိုးသမီးတွေရဲ့ ဟော်မုန်းနဲ့ ကြွက်သားဖွဲ့စည်းမှုက ကွဲပြားပြီး အီစထရိုဂျင်နဲ့ ကြံ့ခိုင်မှုပေးနိုင်တဲ့ ကြွက်သားအမျှင်တွေက အမျိုးသမီးတွေကို ပိုမိုအားသာစေတာ ဖြစ်ပါတယ်။
Source: Hindustan Times
#World_Health
Published 24 November 2025
■ အိပ်မပျော်ခြင်းအတွက် အသုံးပြုကြတဲ့ မယ်လတိုနင် ဖြည့်စွက်ဆေးတွေကို ကြာရှည်အသုံးပြုရင် နှလုံးရောဂါကြောင့် ဆေးရုံတက်ကုသရခြင်းနဲ့ အသက်ဆုံးပါးနိုင်ခြေတို့ များစေနိုင်တယ်လို့ အမေရိကန်နှလုံးအဖွဲ့အစည်း ၂၀၂၅ သိပ္ပံအစည်းအဝေးမှာ ဖော်ပြခဲ့ပါတယ်။
■ မယ်လတိုနင်ဟော်မုန်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းထုတ်လုပ်ပြီး အိပ်စက်နိုးထမှုစက်ဝန်းကို ထိန်းညှိပေးပါတယ်။
■ အိပ်ပျော်ဖို့ ခက်ခဲသူတွေ၊ ကောင်းစွာအိပ်မပျော်သူတွေမှာ ဓာတုနည်းနဲ့ထုတ်လုပ်တဲ့ မယ်လတိုနင်ဖြည့်စွက်ဆေးတွေ အသုံးပြုသူများပြားပါတယ်။
■ လေ့လာမှုအတွက် မယ်လတိုနင် ရေရှည်အသုံးပြုသူတွေနဲ့ မယ်လတိုနင် အသုံးမပြုသူတွေဆိုပြီး ခွဲခြားခဲ့ပါတယ်။
■ မယ်လတိုနင်အားဆေးတွေကို ဈေးကွက်ထဲမှာ ဘေးကင်းစိတ်ချစွာ ရောင်းချနေပေမယ့် ရေရှည်မှာ နှလုံးသွေးကြောသက်ရောက်မှုအကြောင်းတော့ ဖော်ပြထားခြင်းမရှိပါဘူး။
■ လေ့လာဆန်းစစ်ကြည့်ရာမှာ ကောင်းစွာအိပ်မပျော်လို့ မယ်လတိုနင် ရေရှည်အသုံးပြုသူတွေဟာ အသုံးမပြုသူတွေနဲ့ယှဉ်ရင် ၅ နှစ်အတွင်း နှလုံးရောဂါဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ပိုများနေပါတယ်။
■ ဒါ့အပြင် နှလုံးရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူရခြင်းလည်း ၃ ဆခွဲနီးပါးလောက် ပိုများပါတယ်။
■ အကြောင်းတစ်ခုခုကြောင့် အသက်ဆုံးပါးနိုင်ခြေကတော့ နှစ်ဆနီးပါးပိုများခဲ့ပါတယ်။
■ ဒီလေ့လာချက်က ကောင်းစွာအိပ်မပျော်တဲ့ လူပေါင်း ၁၃၀,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို အကြောင်းအရာ ၄၀ အောက်မှာ နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်တွေကို အတည်ပြုနိုင်ဖို့နဲ့ မယ်လတိုနင်ရဲ့ ရေရှည်သက်ရောက်ဘေးကင်းမှုကို နားလည်ဖို့အတွက် နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ဖို့လိုအပ်ကြောင်း သုတေသီများ ဖော်ပြထားပါတယ်။
Source: News Medical
နိုဝင်ဘာ၂၃၊၂၀၂၅
မြန်မာနိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ တည်ဆောက်ထားသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တက္ကသိုလ်ဆိုင်းဘုတ်အား စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။
"ယခုကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်ပွဲအခမ်းအနားသည် နိုင်ငံတော် ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက် ကျက်သရေမင်္ဂလာရှိသည့် နေ့ထူးနေ့မြတ် အခမ်း အနားဖြစ်သကဲ့သို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း” ဗိုလ်ချုပ် မှူးကြီးက ဖွင့်ပွဲတွင်ပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် ဘွဲ့ရပညာရှင်များ မွေးထုတ်ပေးရုံသာမက သုတေသနကဏ္ဍကိုပါ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးကထည့်သွင်းပြောကြားခဲ့သည်-

"နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေး အတွက် ဘာသာရပ်ဆိုင်ရာ သင်ကြားမှု၊ သင်ယူမှုသာမက သုတေသနအခြေပြု တက္ကသိုလ်တစ်ခု (Research Oriented University) အဖြစ် တိုးမြှင့်ဖြစ်ပေါ်လာစေရန် မျှော်မှန်းဦးတည်ချက် ထားရှိတယ်” လို့ နိုင်ငံတော်ယာယီသမ္မတကပြောကြားခဲ့ခြင်းဖြစ်သည်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ "နိုင်ငံတကာကို ကြည့်ပါကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး စီးပွားရေးတိုးတက်အောင် စွမ်းဆောင်ခဲ့ရာမှ စက်မှုနိုင်ငံအထိ တည်ထောင်နိုင်ကြခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကြွယ်ဝသည့် ရေမြေသဘာဝအရင်းအမြစ်များနှင့် ရာသီဥတုကောင်းမွန်မှုကို အရင်းပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်စေရန်နှင့် အနာဂတ်စီးပွားရေး ဖွံ့ဖြိုး တိုးတက် အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးကပြောသည်။
ထို့အပြင် လက်ရှိနိုင်ငံတော်၏ စီးပွားရေးအခြေအနေတွင် စိုက်ပျိုးရေးကဏ္ဍ ပါဝင်မှုနှုန်းကိုလည်း "စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ဂျီဒီပီ (GDP) ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ဤလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြောင်း" ဗိုလ်ချုပ်မှူးကြီးကထောက်ပြပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၏ ပထဝီအနေအထားနှင့် ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်း ခဲ့သည်။
"ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ‘စပါးကျီ’ အဖြစ် သမိုင်းအစဉ်အလာကြီးသည့် ဒေသဖြစ်သော်လည်း တိုင်းဒေသကြီးအတွင်း ရေကြီးကွင်း၊ ရေနက်ကွင်းများ ဧရိယာကျယ်ပြန့်စွာရှိနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေးသည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးတွဲဖက်ဆောင်ရွက်သည့်စနစ်များကို တက္ကသိုလ်အနေဖြင့် သုတေသနပြုပြီး အောင်မြင်အောင် စမ်းသပ်ဆောင်ရွက်ပေးရန်” ဗိုလ်ချုပ်မှူးကြီးကပြောသည်။
အခမ်းအနား ဒုတိယပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က တက္ကသိုလ်တည်ဆောက်ရေး၊ ကျောင်းသားလက်ခံရေးနှင့် နည်းပညာကျောင်းများဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်းအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
#ymg/knl
ဟောင်ကောင်ထိုင်ပိုမှ လူနေဧရိယာတစ်ခုဖြစ်တဲ့ ဝမ်ဖုကောက်မှ မီးလောင်ကျွမ်းမှုကို မီးသတ်သမားများ မပင်မပန်းအားထုတ်ခဲ့ကြပြီးနောက် ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီလို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)မှ အမှုဆောင်ချုပ် ဂျွန်လီက ကြာသပတေးနေ့မှာ ပြောပါတယ်။
#Asia_News
Published 28 November 2025
#ဟောင်ကောင် #မီးလောင်
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်း ဆီစက်လုပ်ငန်းတွေမှာ လျှပ်စစ်စွမ်းအင် အစားထိုးအဖြစ် Solar Power Plant တွေ ဝယ်ယူတပ်ဆင် အသုံးပြုဖို့ ငွေကြေးအရင်းအနှီးလိုအပ်ချက်အတွက် ချေးငွေလျှောက်ထားနိုင်တယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 22 November 2025
#ဆီစက် # Solar_Power_Plant
#YMG/NN #Yangon_Times
၂၃ နိုဝင်ဘာ၊၂၀၂၅
ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုတွင် ထိုင်းနိုင်ငံ၏ ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ် "ဝင်ရောက်စွက်ဖက်ခြင်း" မပြုရေး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အား တောင်းဆို ရန်အတွက် ဆန္ဒပြသူများသည် နိုဝင်ဘာ ၂၂ရက် စနေနေ့က ဘန်ကောက်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် စုဝေးခဲ့ကြသည်။
ဝါရှင်တန် (အမေရိကန်အစိုးရ) သည် ကုန်သွယ်ရေးဆွေးနွေးမှုများနှင့် ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေ ကာကွယ်ပိုင်ခွင့် အချုပ်အခြာအာဏာကို မတရားသဖြင့် ချိတ်ဆက်ထားသည်ဟု ဆန္ဒပြသူများက ယုံကြည်ကြသဖြင့် သူတို့သည် အမေရိကန်သံရုံးသို့ သွားရောက်ချီတက်ရန်လည်း ပြင်ဆင်ခဲ့ကြသည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများကို ထိုင်းဘာသာဖြင့် Ruam Palang Phaen Din Pok Pong Athipatai ဟုခေါ်သော အချုပ်အခြာအာဏာကာကွယ်ရေး မြေပြင်ညီညွတ်သော အင်အားစုက ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။တက်ရောက်လာကြသည့် ထင်ရှားသူများတွင် ဖိချစ်ချိုင်မုန်ခွန် (Pichit Chaimongkol)၊ အထက်လွှတ်တော်အမတ်ဟောင်း ကဲဆန်အတိဗောဒိ (Kaewsan Atibodhi)၊ ရှပ်နီခေါင်းဆောင်ဟောင်း ကျတုဖွန်းဖရွန်ဖန် (Jatuporn Prompan) နှင့် ရှေ့နေ နိတိထွန်းလမ်လွာ (Nitithorn Lamlua) တို့ ပါဝင်ကြသည်။
ထိုင်းနိုင်ငံတော်အလံများနှင့် ဆိုင်းဘုတ်များကို ဝှေ့ယမ်းလာကြသည့် အဆိုပါအဖွဲ့သည် အသံချဲ့စက်များ တပ်ဆင်ထားသော ကားတစ်စီးနှင့်အတူ Sathon လမ်းရှိ မလေးရှားသံရုံးသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့က မစ္စတာအန်ဝါသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

နယ်စပ်အငြင်းပွားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံအား ဖိအားပေးခြင်းမှ ရှောင်ကြဉ်ရန် သူတို့က တောင်းဆိုခဲ့ကြသည်။ ထိုင်းစစ်သားများသည် နယ်စပ် တစ်လျှောက် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် အသက်အန္တရာယ်နှင့်ရင်းကာဆောင်ရွက်နေ ချိန်တွင် ကမ္ဘောဒီးယားဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်ခဲ့ပြီး သဘော တူညီချက်များကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Mr Pichit က ပြောကြားခဲ့သည်။
မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုသည် ပြီးခဲ့သည့်လက ကွာလာလမ်ပူမြို့တွင် မစ္စတာအန်ဝါနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ရှေ့မှောက်၌ ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်ပါ အဓိကအချက် ၄ ချက်အနက် တစ်ချက်ဖြစ်သည်။
နယ်စပ်စစ်ဆင်ရေးများ ရပ်တန့်ရန် ထိုင်းနိုင်ငံကို အမိန့်ပေးခြင်းဖြင့် မစ္စတာအန်ဝါသည် အာဆီယံ ဥက္ကဋ္ဌ အဖြစ် လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု သူက စွပ်စွဲခဲ့သည်။
မစ္စတာဖီချစ်က မစ္စတာအန်ဝါအား "နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု" ပြုလုပ်သည်ဟု ဝေဖန်ခဲ့ပြီး မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်များအပေါ် မလျော်ကန်သော သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြသည်ဟု ပြောဆိုခဲ့သည်။
မစ္စတာ ကဲဆန် Mr Kaewsan က ဆက်လက်၍ ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်သည် မိသားစု အုပ်ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့ကြောင်းနှင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထိုင်းနိုင်ငံ အား ကျူးကျော်ရန်လိုသူအဖြစ် ပုံဖော်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား လောင်းကစားရုံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေကြောင်းနှင့် မစ္စတာအန်ဝါသည် ပြည်တွင်း၌ အဂတိလိုက်စားမှုပြဿနာများ ရှိနေ သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း အဆိုပါ အထက်လွှတ်တော်အမတ်ဟောင်းက ထပ်လောင်းစွပ်စွဲခဲ့သည်။ အာဆီယံအနေဖြင့် "ဒေသတွင်းအဖွဲ့ အစည်း၌ မစ္စတာအန်ဝါအတွက် နေရာမရှိစေရန်" ဆောင်ရွက်ပေးကြဖို့လည်း သူက တိုက်တွန်းခဲ့သည်။
အမှတ်၅ မြို့တော်ရဲတပ်ဖွဲ့ နှင့် ထုန့်မဟာမေ့ခ် ရဲစခန်းမှ ရဲအရာရှိများသည် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် သံရုံးအဝင်ဝတွင် သံမဏိအတားအဆီးများကို တပ်ဆင်ထားပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအတွင်း ဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်ဟု အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "လောလော ဆယ်တွင် ဝါယာလက်စ် လမ်းမပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုအချို့ ဖြစ်ပေါ်နိုင်သည်မှလွဲ၍ ဆန္ဒပြပွဲကြောင့် ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည့် လက္ခဏာများ မတွေ့ရသေးကြောင်း" လည်း ကြေညာချက် တွင် ဖော်ပြထားသည်။
Source: Bangkok Post
Page 173 of 2002