#Daily_News
Published 26 November 2025
၁။ ကမ္ဘာ့ရွှေဈေးနှင့်အတူ မြန်မာ့ရွှေဈေးလိုက်ပါမြင့်တက်လာ
၂။ မော်လမြိုင်တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာတွင် စတင်မည်
၃။ မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲ၊ကျောက်စိမ်းနှင့်ကျောက်မျက်အတွဲပေါင်း ၄၀၀၀ကျော်အား ရောင်းချနိုင်ခဲ့
၄။ (၂၀၂၅)ကွမ်ကျိုးမော်တော်ယာဉ်ပြပွဲ၌ တရုတ်ဈေးကွက်အတွက်အထူးထုတ်လုပ်သည့်နိုင်ငံတကာမှကားပုံစံအသစ်များပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 November 2025
▪️ သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုတို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
▪️ ၂၀၂၅-ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ကြောင်းနိုင်ကြောင်းသိရသည်။
▪️ အဆိုပါ လျှောက်လွှာများကို ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန Website www.moh.gov.mm နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကြေညာအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 November 2025
▪️ မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်း၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅ နာရီ ခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ရောက်ရှိခဲ့ကြောင်း ၊ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့(Penang)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့ (Kuta Makmur) ၏ အရှေ့ဘက် ရေမိုင် ၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့(Car Nicobar)၏ အရှေတောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
▪️ ယင်း အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်မုန်းတိုင်းအဖြစ်ရောက်ရှိနိုင်ပြီး အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရကြောင်း၊ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေ ကြောင်း ၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် အများအားဖြင့်သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
▪️ မြန်မာ့ပင်လယ်ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
▪️ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ် နိုင်ပါသည်။
▪️ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
▪️ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
▪️ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ကြောင်း ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#World_News
Published 26 November 2025
■ ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့မှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှု ဆက်လက်ကြုံတွေ့နေရကာ မြို့ရဲ့ စီးပွားရေးဒေသအနေနဲ့ အနည်းဆုံး ဒီဇင်ဘာလလယ် မတိုင်ခင်အထိ ရေမြုပ်နေဦးမယ်လို့ ကျွမ်းကျင်သူများ သတိပေးထားပါတယ်။
■ ဆာဒေါင်ခရိုင်မှာ အမြင့်ပိုင်းရေလျှံမှုကျဆင်းနေပေမယ့် မြို့ကိုမရောက်ခင်အထိ အနိမ့်ပိုင်းရေစီးဆင်းကာ ရေလျှံမှုပိုဆိုးစေလိမ့်မယ်လို့ အမျိုးသားကပ်ဘေးသတိပေးကောင်စီဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ပရော်ဖက်ဆာ ဆရီးဆူပရာတစ်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
■ အင်္ဂါနေ့ နံနက် ၇ နာရီက တနင်္လာနေ့ထက် ၂ မီတာနီးပါး ပိုမြင့်လာပြီး အရင်ရက်တွေက တပိုင်းနစ်နေတဲ့အိမ်တွေဟာ လုံးဝနစ်မြုပ်သွားပြီဖြစ်ကာ ခွန်လန်မြူနီစီပယ်လိုမျိုး နေရာတွေက အိမ်နိမ့်တွေဆိုရင် ခေါင်းမိုးအထိ မြုပ်နေပြီလို့ ဖေ့စ်ဘွတ်ခ်မှာ ပြောထားပါတယ်။
■ နိုဝင်ဘာ ၂၁ မှ ၂၅ အတွင်း မိုးရွာသွန်းမှုက ၈၅၀ မီလီမီတာခန့်ရှိခဲ့ကာ ကုဗမီတာ ၁၂၀၀ မှ ၁၅၀၀ သန်းကြား ရှိခဲ့ပါတယ်။
■ သဘာဝရေဆင်းမြောင်းတွေနဲ့ ရေစုတ်ထုတ်မှုတွေကနေ ရေပြန်ကျဖို့အတွက် ၁၀ ရက်ခန့်ကြာမြင့်နိုင်ပေမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေတာကြောင့် ကြန့်ကြာနေရပါတယ်။
၂၀၀၇ ကပ်ဘေးကာကွယ်ရေးနဲ့ လျှော့ချရေးဥပဒေအရ ကပ်ဘေးထိန်းသိမ်းရေးပူးပေါင်းမှုတွေ မရှိတဲ့အပေါ် ပရော်ဖက်ဆာဆရီးက ဝေဖန်လိုက်ပါတယ်။
■ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရကာ ကားတွေနစ်မြုပ်နေကြောင်း၊ အဖွဲ့အစည်းတွေက အကူအညီတောင်းနေကြပေမယ့် ဗဟိုကွပ်ကဲရေးအပိုင်းက ဆောင်ရွက်ခြင်းမရှိကြောင်း ပြောပါတယ်။
■ ရေစီးဆင်းစေပြီး အဆုံးအရှုံးနည်းစေဖို့ လမ်းမတာရိုးတွေကို ဖြတ်တောက်ခြင်းလိုမျိုးတွေ ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။
■ ကယ်ဆယ်ရေးနဲ့ အရေးပေါ်လုပ်ဆောင်မှုတွေ ပြုလုပ်ကြဖို့ ထိုင်းကွန်မြူနတီဖောင်ဒေးရှင်းမှ မန်နေဂျာ မိုင်ထရီဂျောင်ခရိုင်ချက်က တောင်းဆိုထားပါတယ်။
■ ပြည်သူတွေအနေနဲ့ အရေးပေါ်ထောက်ပံ့ပစ္စည်းများ ပြင်ဆင်ထားခြင်း၊ ထွက်ပြေးရန်လမ်းကြောင်းများ စီစဉ်ထားခြင်း၊ အားနည်းသူများကို ကူညီခြင်းများ ပြုလုပ်ထားကြဖို့ အကြံပြုထားပါတယ်။
Source: Bangkok Post
#World_Health
Published 26 November 2025
■ အသက်မကြီးသေးတဲ့အရွယ်မှာ ဆံပင်ဖြူတွေ့လိုက်တာနဲ့ စိုးရိမ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။
■ ဒါပေမဲ့ ဆံပင်ဖြူပေါက်တာက သိပ်ပြီးစိုးရိမ်စရာ မလိုဘူးလို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ ဆံပင်ဖြူတယ်ဆိုတာက အိုမင်းလာတဲ့သဘော တစ်ခုတည်းမဟုတ်ဘဲ အရေပြားကင်ဆာအချို့ကို ခန္ဓာကိုယ်က သဘာဝအတိုင်းခုခံတဲ့ဖြစ်စဉ် ဖြစ်ဖွယ်ရှိတယ်လို့ တိုကျိုတက္ကသိုလ်က လေ့လာထားပါတယ်။
■ သုတေသီတွေက ဆံကေသာရောင်ခြယ်ဆဲလ်တွေ DNA ထိခိုက်ပျက်စီးမှုနဲ့ ဆဲလ်ဖိစီးမှုများအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြတာ ကြာပါပြီ။
■ ကင်ဆာဆဲလ်တွေ ကြီးထွားမလာစေရန် ခန္ဓာကိုယ်က ရောင်ခြယ်ထုတ်ပေးတဲ့ ပင်မစတမ်ဆဲလ်တွေကို တမင်တကာ ပိတ်ချပစ်တဲ့သဘော ဖြစ်နိုင်တယ်လို့ တွေ့ရှိဖော်ပြလာပါတယ်။
■ ဆံပင်ကို အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်တွေအနေနဲ့ DNA ပျက်စီးခြင်းမျိုးနဲ့ ကြုံတွေ့တဲ့အခါ DNA အမျှင်တန်းကျိုးပဲ့သွားပြီး ဆဲလ်တွေ ပြန်မကောင်းတော့ဘဲ ဆံပင်ဖြူသွားစေတာ ဖြစ်ပါတယ်။
■ ပျက်စီးသွားတဲ့ဆဲလ် ပွားများပြီး ကင်ဆာအကျိတ်ဖြစ်မယ့်အစား ဆံပင်အရောင်ကိုပဲ ဖြူစေလိုက်တာ ဖြစ်ပါတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူတာက ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ဆေးလိပ်သောက်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်းစသဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ပါတယ်။
Source: Times of India.
#World_Health
Published 26 November 2025
■ လိမ္မော်သီးခွံနဲ့ သစ်ကြံပိုးခေါက်တို့ကို ပြုတ်ခြင်းရဲ့ အကျိုးအာနိသင်တွေကို ထောက်ခံအားပေးသူတွေ များပြားလာပါတယ်။
■ လူမစားတဲ့အခွံတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အာနိသင်တွေကို စိတ်ဝင်စားလာကြကာ သဘာဝ ပိုးမွှားသန့်စင်ဆေးနဲ့ လေသန့်စင်ပစ္စည်းအဖြစ် အသုံးပြုလိုလာကြပါတယ်။
■ အသုံးပြုတဲ့နည်းလမ်းကတော့ လိမ္မော်ခွံ ၂ ဖတ် ၃ ဖတ်နဲ့ သစ်ကြံပိုးခေါက်ချောင်းတွေကို ရေထဲမှာ ၁၀-၁၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ထားရပါတယ်။
■ ထွက်လာတဲ့အငွေ့က လေသန့်စင်ဆေးဗူးတွေထက် ပိုမိုသန့်ရှင်းတယ်လို့ ဆိုနေကြပြီး လေထဲကို ဒြပ်ပေါင်းတွေ ထုတ်လွှတ်ကာ ဘက်တီးရီးယားနဲ့ မှိုတို့ကို သေစေတဲ့ အာနိသင်တွေ ရှိပါတယ်။
■ လိမ္မော်ခွံထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ကာ အပူပေးလိုက်တဲ့အခါ ဇီဝသတ္တိကြွလာပြီး လေထဲပျံ့နှံ့သွားပါတယ်။
■ သစ်ကြံပိုးခေါက်မှာတော့ Cinnamomum zeylanicum လို့ခေါ်တဲ့ပစ္စည်းက ပိုးမွှားသေစေကာ ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်များ ပါဝင်ပါတယ်။
■ နှစ်မျိုးပေါင်းလိုက်တဲ့အခါ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာ ရှင်သန်လေ့ရှိတဲ့ ရောဂါပိုးမွှားတွေကို ဆန့်ကျင်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဒါ့အပြင် မှတ်ဉာဏ်၊ ဦးနှောက်စွမ်းဆောင်ရည်နဲ့ ဦးနှောက်ကျန်းမာရေးတို့ကို ထောက်ပံ့ပေးဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
■ ဓာတုပစ္စည်းတွေထက်စာရင် ဈေးနှုန်းသက်သာပြီး သဘာဝအတိုင်း သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကို သိရှိထားပေမယ့် နောက်ထပ်သုတေသနတွေ မပြုလုပ်ဘဲ ချီးကျူးမစောဖို့ သတိပေးထားပါတယ်။
Source: Daily Galaxy
နိုင်ငံတကာခရီးသွားများ တရုတ်နိုင်ငံသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ရန်အတွက် တရုတ်ကဒီဂျစ်တယ်ခရီးသွားကြေညာချက်ဝန်ဆောင်မှုကို စတင်လိုက်ပြီး ကြာသပတေးနေ့ကကျင့်သုံးလိုက်ပြီဖြစ်ပါတယ်။
#Asia_News
Published 25 November 2025
#တရုတ်နိုင်ငံ #နိုင်ငံခြားခရီးသွား
#YMG #Yangon_Times #Yangon_Media_Group
ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP Myanmar) က မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ကျပ်သိန်း (၄၀) မှ သိန်း(၁၀၀) အထိ ထောက်ပံ့ပေးအပ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 25 November 2025
#UNDP_Myanmar #ငလျင်
#YMG/SW #Yangon_Times
အခုရက်ပိုင်းထွက်ရှိနေတဲ့ ဖရဲ၊သခွှားမွှေးတွေကို မိုင်းလား-တာလော့လမ်းကြောင်းကနေတင်ပို့ပြီး ဈေးကောင်းရနေတယ်လို့ ဖရဲ-သခွှားမွှေး ကုန်သည်တွေဆီကသိရပါတယ်။
#Local_News
Published 25 November 2025
#ဖရဲ_သခွှားမွှေး #မိုင်းလား_တာလော့
#YMG/NN #Yangon_Times
ဆီစက်အကြီးတွေ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်းအထိ တိုးမြှင့်ထုတ်ချေးသွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 25 November 2025
#ဆီစက် #ချေးငွေ
#YMG/NN #Yangon_Times
#Local_News
Published 25 November 2025
▪️ လူကုန်ကူးမှု ဖြစ်စဉ်များကြောင့် နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်မှုများဖြစ်စဉ်များကို စိစစ်တင်းကြပ်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာ(၁၇)ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ နိုင်ငံခြားသားက မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကာ မြန်မာအမျိုးသမီးငယ်များကို အယောင်ဆောင်လက်ထပ်ကာ နိုင်ငံမှခေါ်ဆောင်သွားတဲ့ လူကုန်ကူးမှုဖြစ်စဉ်တွေများပြားလာတဲ့အတွက် နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာ ပြုလုပ်မှု ကို ပိုမို စိစစ်ဆောင်ရွက်ဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုဝင်ဘာ(၁၇)ရက် ရက်စွဲဖြင့် (၁/၂၀၂၅ )နဲ့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
▪️ ညွှန်ကြားချက်တွင် တရားရုံးများ၌ နိုင်ငံခြားသားနှင့်လက်ထပ်လိုသူ မြန်မာအမျိုးသမီးတို့၏အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိရာ ပြောင်းလဲလာသည့် အခြေနေများအရ နိုင်ငံခြားသားများသည်မြန်မာနိုင်ငံအတွင်းသို့လာရောက်ပြီး မြန်မာအမျိုးသမီးငယ် များကို ဖြားယောင်းကာ အယောင်ဆောင်လက်ထပ်ပြီး နိုင်ငံမှခေါ်ဆောင်သွားသည့်လူကုန်ကူးမှုဖြစ်စဉ်များ များပြားလာခြင်းကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် အယောင်ဆောင် လက်ထပ်ထိမ်းမြားခြင်းကို ကာကွယ်ရန်အတွက် လက်ထပ်ထိမ်းမြားကျမ်းကျိန်လွှာ ပြုလုပ်ပေးရန် လျှောက်ထားလာပါက ပိုမိုအလေးထား စီစစ်ဆောင်ရွက်ရမည်ဟုဖော်ပြပါရှိသည်။
▪️ ထို့ကြောင့် ထိမ်းမြားလက်ထပ်မည့် နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံမှ၌ ရက်ပေါင်း၃ဝ အထက်နေထိုင်ခွင့် Visa အထောက် အထား၊ Visa နှင့်နေထိုင်စဉ်တွင် လက်ထပ် ထိမ်းမြားမည့်အကြောင်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန သို့တင်ပြရန်၊ယခုထိမ်းမြားလက်ထပ်မှုကို သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ တားမြစ်မှုမရှိကြောင်းအထောက်အထားများကို တင်ပြရမည်ဖြစ်ကြောင်း ၊ ထို့အပြင် လူပျို/လက်ရှိအိမ်ထောင်မရှိသူ(ကွာရှင်း/အိမ်ထောင်ဖက် သေဆုံးအ ထောက်အထား)၊ သက်ဆိုင်ရာနိုင်ငံ၏ အ မြဲတမ်းနေရပ်လိပ်စာနှင့် အလုပ်အကိုင်၊ ဝင်ငွေ၊ ရာဇဝတ်မှုကင်းရှင်းကြောင်း အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်များကိုလည်းတင်ပြရမည်ဖြစ်ကြောင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက သက်ဆိုင်ရာက ထုတ်ပေးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်၊ နိုင်ငံခြားသားများနှင့် ထိမ်းမြားပါက နိုင်ငံသားဖြစ်ခွင့်ရှိမရှိ သက်ဆိုင်ရာနိုင်ငံ၏ထောက်ခံချက်၊ မွေးဖွားလာသည့် သားသမီးများ နိုင်ငံသားဖြစ်တည်ခွင့်စသည့်အချက်များကို ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှုခံယူပြီးဖြစ်ကြောင်း တင်ပြလာခြင်းမရှိသေးတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၃၅၀ခန့်ရှိတယ်လို့အလုပ်သမားဝန်ကြီးဌာန၊ Safe Migration Channel က ထုတ်ပြန်ပါတယ်။
#Local_News
Published 25 November 2025
#အခွန်စည်းကြပ် #Safe_Migration_Channel
#YMG/SW #Yangon_Times
Page 171 of 2002