#World_Science
Published 23 November 2025
■ သွားဆုံးရှုံးခြင်းနဲ့ အရိုးဆုတ်ယုတ်ခြင်းတို့က ခေတ်မီဆေးပညာတွေနဲ့လည်း ကုသကာကွယ်လို့ မရပါဘူး။
■ အသက် ၅၀ ကျော် အမေရိကန်လူမျိုး ၁၀ သန်းကျော်ဟာ အရိုးပွရောဂါနဲ့ အရိုးသိပ်သည်းဆ နည်းပါးခြင်းတို့ ခံစားနေရပါတယ်။
■ အယ်ဗီယိုလာအရိုးက သွားကိုကုပ်တွယ်ပေးထားပြီး ဝါးခြင်းရဲ့ဖိအားကို ခံပေးထားကာ ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာပါတယ်။
■ ဒီလိုဆုံးရှုံးမှုကို ပြန်ရစေဖို့ နည်းလမ်းတစ်ခုကို သုတေသီများတွေ့ရှိထားပါတယ်။
■ သွားတွေပြန်ထွက်စေပြီး အရိုးတွေပြန်ခိုင်မာစေမယ့် အဓိကပင်မစတမ်ဆဲလ်နှစ်မျိုး ပါဝင်ပါတယ်။
■ ပင်မစတမ်ဆဲလ်ဆိုတာက လေဖြတ်နေတဲ့လူကို မတ်တပ်ရပ်နိုင်စေသလိုမျိုး လူ့ကျန်းမာရေးအတွက် ခိုင်မာမှုရှိပါတယ်။
■ သုတေသီတွေက မျိုးဗီဇပြုပြင်ထားတဲ့ ကြွက်တွေမှာ သွားဖွံ့ဖြိုးမှုအတွင်း သွားဆဲလ်တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။
■ ဒီဆဲလ်တွေက အယ်ဗီယိုလာနေရာမှာ အရိုးတည်ဆောက်ဖြစ်တည်မှုအတွက် အရေးပါတဲ့ဆဲလ်များ ဖြစ်လာပါတယ်။
■ ဆဲလ်ဖွံ့ဖြိုးစေတဲ့ မျိုးဗီဇတွေ ကောင်းစွာလှုံ့ဆော်စေပြီး သွားအမြစ်နဲ့ ပတ်ပတ်လည်အရိုးများ စတင်ဖြစ်ပေါ်လာစေပါတယ်။
■ ထိုမျိုးဗီဇတွေက ကျန်းမာတဲ့အရိုးမှာ မလှုပ်ရှားတော့တဲ့အခါ မကောင်းတဲ့အရိုးမှာ ပြောင်းလဲသွားပြီး ရောဂါဖြစ်လာတဲ့အခါ မျိုးဗီဇတုံ့ပြန်မှု ပြောင်းလဲသွားပါတယ်။
■ Hedgehog ကို ပစ်မှတ်ထားတဲ့ FDA အသိအမှတ်ပြုဆေးတွေက အရိုးဖွံ့ဖြိုးမှုနဲ့ တည်မြဲမှု ပုံမှန်ပြန်ဖြစ်စေနိုင်မယ်လို့ တွေ့ရှိထားတာဖြစ်ပါတယ်။
■ အရိုးဖွံ့ဖြိုးမှုမှာပါဝင်တဲ့ Foxf1 မျိုးဗီဇပစ္စည်းက အရိုးပြန်လည်ခိုင်မာစေမယ့် နည်းလမ်းအတွက် အဓိကအရာ ဖြစ်လာနိုင်ပါတယ်။
Source: BGR
#World_Science
Published 23 November 2025
■ သိပ္ပံပညာရှင်တွေက ဆေးဝါးတစ်မျိုးကို သဘာဝအတိုင်းထုတ်လုပ်နိုင်တဲ့ မြေဆီဘက်တီးရီးယားတစ်မျိုးကို လေ့လာရင်း ဆေးယဉ်ပါးရောဂါများကို တိုက်ဖျက်ဖို့ ကူညီပေးနိုင်မယ့် ပဋိဇီဝပိုးသတ်ဆေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
■ Streptomyces coelicolor ဘက်တီးရီးယားဖြင့် မီသိုင်းလီနိုမိုင်ဆင်အေ ပိုးသတ်ဆေးထုတ်လုပ်တဲ့ နည်းလမ်းအဆင့်ဆင့်ကို လေ့လာခဲ့ကြပါတယ်။
■ ကြားထဲကဒြပ်ပေါင်းဖြစ်တဲ့ ပရီမီသိုင်းလီနိုမိုင်ဆင်စီလက်တုန်းက နောက်ဆုံးပစ္စည်းထက် အဆတစ်ရာလောက် စွမ်းအားပိုကောင်းတာ တွေ့ရပါတယ်။
■ ဆေးပမာဏ အနည်းငယ်လောက်ဖြင့် ကုရခက်တဲ့ ရောဂါကူးစက်မှုတွေဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးနွယ်တွေကို သေစေနိုင်ပါတယ်။
■ ပိုးသတ်ဆေးယဉ်ပါးခြင်းက ပြဿနာတစ်ရပ်ဖြစ်နေပြီး ကမ္ဘာတဝှမ်းမှာ လာမယ့် ၂၅ နှစ်အတွင်း လူပေါင်း ၃၉ သန်းခန့် သေဆုံးစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
■ ၂၀၁၀ ခုနှစ်က အဆိုပါ ကြားထဲက ဒြပ်ပေါင်းတွေကို တွေ့ရှိမိပြီး ဘာလုပ်ရမှန်းမသိတာကြောင့် အလေးမထားမိခဲ့ဘူးလို့ ကိုဗင်ထရီ ဝါဝစ်ခ်တက္ကသိုလ်မှ ဓာတုဇီဝပညာရှင် ဂရီဂိုရီချဲလစ်က ပြောပါတယ်။
■ ၂၀၁၇ မှာတော့ ဒီဒြပ်ပေါင်းတွေကို ချဲလစ်ရဲ့ ဓာတ်ခွဲခန်းထဲမှာ ဒေါက်တာဘွဲ့ရတစ်ဦးက ပိုးသတ်ဆေးဖြစ်စဉ်တွေအတွက် လေ့လာခဲ့ပါတယ်။
■ ထိုအခါမှာ ပရီမီသိုင်းလီနိုမိုင်ဆင်စီလက်တုန်းက ဘက်တီးရီးယား ၇ မျိုးကို တိုက်ဖျက်ရာမှာ မီသိုင်းလီနိုမိုင်ဆင်အေထက် များစွာသက်ရောက်မှုရှိနေပြီး ထိုပမာဏအနည်းငယ်ဖြင့် ဆေးယဉ်ပါး S.aureus ကို သေစေနိုင်ခဲ့ပါတယ်။
■ ချဲလစ်နဲ့အဖွဲ့က တခြားသုတေသနအဖွဲ့နဲ့ ပူးပေါင်းကာ ဒီပိုးသတ်ဆေးကို ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ မော်လီကျူးတွေက ဘက်တီးရီးယားတွေကို ဘယ်လိုချေဖျက်လဲဆိုတာ အရင်ဆုံးသိရအောင် လေ့လာရဦးမှာ ဖြစ်ပါတယ်။
■ ဒါ့အပြင် မော်လီကျူးရဲ့ အဆိပ်သင့်နိုင်စွမ်းကိုလည်း စမ်းသပ်ရဦးမှာဖြစ်ပြီး လူသားတွေမှာ အဆိပ်မသင့်အောင် မျိုးဗီဇပြုပြင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Source: Nature
တရုတ်အရှေ့ဘက် ကျန်ဆုပြည်နယ် ဝူရှီမြို့မှ လျှပ်စစ်ဆိုင်ကယ်နဲ့ စက်ဘီးတင်ပိုမှုများ ယခုနှစ်များအတွင်း မြင့်တက်လာပြီး တရုတ်ပြည်ထုတ်ပစ္စည်းတွေ ပြည်ပဈေးကွက်အထိ ချဲ့ထွင်လာပါတယ်။
#Asia_Business
Published 22 November 2025
#တရုတ် #ဆိုင်ကယ်_စက်ဘီး
#YMG #Yangon_Times #Yangon_Media_Group
ဗီဇာလျှောက်ထားသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့် အဆင်ပြေချောမွေ့မှုကို မြှင့်တင်ရန်အတွက် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ ကို ဖွင့်လှစ်ကာ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနဲ့ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးသွားမယ်လို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။
#Local_News
Published 22 November 2025
#ဂျပန် #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
စင်ကာပူနိုင်ငံ၊Cingapore Expoမှာ ယခုလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့နိုင်ငံတကာအဆင့် Singapore Global Firefighters and Paramedics Challenge (SGFPC) 2025 ပြိုင်ပွဲတွေမှာ မြန်မာမီးသတ်တပ်ဖွဲ့က ဆုများရရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 22 November 2025
#SGFPC_2025 #စင်ကာပူနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 22 November 2025
■ မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားလှသော ကဗျာဆရာကြီး ဦးကိုလေး (ကိုလေး-အင်းဝ ဂုဏ်ရည်) သည် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်တွင် မန္တလေးမြို့၌ ကွယ်လွန်သွားရှာပြီဖြစ်သည်။
■ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကွယ်လွန်ကြောင်းကို သမီးဖြစ်သူ ကဗျာဆရာမ မနီတာက သူမ၏ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ရေးသားသတင်းထုတ်ပြန်ပေးခဲ့သည်။
■ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၉၁ နှစ် အရွယ်ရှိပြီဖြစ်ပြီး မန္တလေးမြို့ Grand Mandalay ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
■ ဆရာကြီးသည် တံတားဦးမြို့ နီးပါးတန်းရပ်နေ ဦးချွန်နှင့် ဒေါ်မမကြီးတို့၏ သားကြီးဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဆရာမဒေါ်ညွန့်ညွန့်နှင့် သားသမီး (၇)ဦး၊မြေး(၆)ယောက်နှင့်မြစ်(၃) ယောက်တို့ ကျန်ရစ်ခဲ့သည်။
■ ဆရာကြီးအားအမျိုးသားစာပေဆု၊တစ်သက်တာစာပေဆု၊တော်ဘုရားလေးစာပေဆုများနှင့်အလင်္ကာကျော်စွာဘွဲ့များကို နိုင်ငံတော်ကချီးမြှင့်ခဲ့သည်။
■ ဆရာကြီး၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို၂၃.၁၁.၂၀၂၅(တနင်္ဂနွေ)နေ့ မွန်းလွဲ(၁)နာရီတွင် တံတားဦးသုဿန်၌မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုက အသိပေးထားသည်။
■ ဆရာကြီးသည် အမ်အေဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာများနှင့် ဖခင် ဦးချွန်တို့ တည် ထောင်သော အင်းဝဂုဏ်ရည်ကျောင်းတွင် ပညာသင်ယူခဲ့ပြီး ဆဋ္ဌမတန်းကစတင်ကာ ကဗျာများရေးသားခဲ့ကြောင်းသိရသည်။
■ ယနေ့အထိ မြန်မာစာပေလောကအတွက တန်ဖိုးရှိလှသည့် ကဗျာစာမွန်များ ထောင်နှင့်ချီ၍ ရေးသားခဲ့သည့် ကဗျာစာဆိုတော်ကြီးတစ်ဦးဖြစ်သည်။
■ ဆရာကြီးသည် "သိင်္ဂါရ" အမည်ဖြင့် ကဗျာတစ်ပုဒ်ကို နိုဝင်ဘာ ၁၆ ရက်က ဆရာကြီး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် နောက်ဆုံးရေးသားသွားခဲ့သည်။
■ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ကွယ်လွန်ခြင်းသည် မြန်မာစာပေလောကအတွက် အဖိုးမဖြတ် နိုင်သည့်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်အတူ "YMG" က ထပ်တူထပ်မျှကြေကွဲဝမ်းနည်းရပါသည်။
■ ဆရာကြီး ကောင်းရာသုဂတိရောက်ရှိစေကြောင်း လေးစားစွာဆုတောင်းအပ်ပါသည်။
#YMG/KNL #Yangon_Times
CarsDB မှကြီးမှူးကျင်းပတဲ့ Brand New ကား ၊ Used ကားကို BMF အရစ်ကျစနစ်နဲ့ တစ်ထိုင်တည်းလျှောက်ထားဝယ်ယူနိုင်မယ့် ကားအရောင်းပြပွဲကြီးကို ရန်ကုန်မြို့မှာသုံးရက်တာကျင်းပနေတယ်လို့သိရပါတယ်။
#Local_News
Published 22 November 2025
#ကား #Brand_New
#YMG/NN #Yangon_Times
“ပွင့်လင်းရာသီရောက်နေပေမဲ့ အဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းတွေ ယခင်နှစ်ကလို အလုပ်မကောင်းဘူးလို သိရပါတယ်”
ဒါကြောင့် လက်ရှိအဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်နေကြရသလဲ ဆိုတာ နဲ့ ပတ်သက်လို မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပိုဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းကို ရန်ကုန်မီဒီယာဂရု(ပ်) ကအခုလိုသီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
#Local_News
Published 22 November 2025
#ပွင့်လင်းရာသီ #အဝေးပြေးကုန်စည်ပိုဆောင်ရေး
#YMG/PP #Yangon_Times
#Daily_News
Published 22 November 2025
၁။ အရစ်ကျပေးချေစနစ်ဖြင့်ဝယ်ယူနိုင်မည့် ကားအရောင်းပြပွဲကြီးကျင်းပနေ
၂။ SGFPC 2025ပြိုင်ပွဲတွင် မြန်မာမီးသတ်တပ်ဖွဲ့ဆုများရရှိ
၃။ ဂျပန်ဗီဇာလျှောက်ထားရေး စင်တာဖွင့်လှစ်မည်
၄။ တရုတ်လျှပ်စစ်ဆိုင်ကယ်နှင့်စက်ဘီးများ နိုင်ငံခြားဈေးကွက်သို့တင်ပို့မှုမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 November 2025
▪️ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကိုလာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ M.A ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယဘွဲ့ B.A ၁၁၉ ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် ၁၄၃ ပါးတို့ကို ဘွဲ့ဆက်ကပ်မည့် (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဘွဲ့ခံယူတော်မူမည့် သံဃာတော်အရှင်မြတ်များထံသို့ ပင့် လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည်တွင်းသာသနာ ပြုဌာနခွဲတို့မှတစ်ဆင့် ပေးပို့ဆက်ကပ်ထားပြီးဖြစ်သည်။
▪️ ထို့အပြင် ပင့်လျှောက်လွှာလက်ခံရရှိခြင်းမရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံသံဃာတော် ၁၄၃ ပါး စုစုပေါင်း ၂၄၈ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါ၍ ဆွမ်းဆန်စိမ်းလောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းပုဂ္ဂလိကအလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ ဖုန်း ၀၉-၄၂၃၉၉၇၈၅၁၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅-၃၁၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times
၂၂ နိုဝင်ဘာ၊၂၀၂၅-
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။
စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။
မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က ယင်းအယူခံကို ပယ်ချခဲ့သည်။
အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ် နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။
ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက် ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။
Source The Diplomat
#Local_News
Published 22 November 2025
▪️ ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့ကို ယမာန်နေ့မနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပဉ္စမနေ့အဖြစ်ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲ ရောင်းချခဲ့ရကြောင်းသိရသည်။
▪️ ယမာန်နေ့ မနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင်ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ အတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။
▪️ ထို့ပြင် ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၀၀၁) မှ (၂၀၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
▪️ အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီးရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
▪️ ယခုပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရပြီး ယနေ့ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကာ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နိုဝင်ဘာ ၂၆ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 174 of 2002