#World_Health
Published 27 April 2026

■ ရာသီဥတုအပူချိန် မြင့်တက်လာတဲ့အချိန်မှာ နှာခေါင်းသွေးလျှံခြင်းပြဿနာ ဖြစ်လာတတ်ကြပါတယ်။

■ အပူချိန်၊ ခြောက်သွေ့သောလေ၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ ပေါင်းစပ်သွားတဲ့အခါ နှာခေါင်းအတွင်းက နူးညံ့တဲ့ သွေးကြောလေးတွေ ပေါက်လွယ်နိုင်ပါတယ်။

■ မကြာခဏဆိုသလို သွေးအများအပြား လျှံတတ်တယ်ဆိုရင်တော့ နောက်ကွယ်မှာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်တဲ့သဘောပါ။

■ နှာခေါင်းအတွင်းနံရံတွေ ခြောက်သွေ့တဲ့အခါ သွေးကြောတွေ ထိခိုက်ပေါက်လွယ်တတ်တယ်လို့ CK ဘာလာဆေးရုံမှ နှားနှာခေါင်းလည်ချောင်းဆရာဝန် ဒေါက်တာ ဒိတီဆင်ဟာက ပြောပါတယ်။

■ ခြောက်သွေ့သောလေနဲ့ အပူထိတွေ့မှု၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ နှာခေါင်းတွင်း ရောဂါပိုးဝင်ခြင်း၊ မကြာခဏ နှာခေါင်းနှိုက်ခြင်း၊ ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

■ ယခုလို နွေရာသီမှာ ကလေးတွေမှာလည်း နှာခေါင်းသွေးယိုရတဲ့ အကြောင်းအရင်းတွေက နှာခေါင်းတွင်းနံရံများ အထိမခံခြင်း၊ နှာခေါင်းနှိုက်တတ်ခြင်း၊ ရေဓာတ်ခန်းခြောက်လွယ်ခြင်း၊ အမှုန်အမွှား အပူတို့နဲ့ ထိတွေ့ခြင်းတို့ ဖြစ်နိုင်ပါတယ်။

■ မကြာခဏ အများအပြား သွေးလျှံတာမျိုးအပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ပါ ဖြစ်လာရင်တော့ ဆေးကုသတိုင်ပင်မှု ခံယူသင့်ပါတယ်။

■ ရေဓာတ်ပြည့်ဝအောင်နေခြင်း၊ နှာခေါင်းဆေးဖျန်းခြင်း၊ နှာခေါင်းအတွင်း ပက်ထရိုလီယံဂျယ်လီ အသုံးပြုခြင်း၊ နှာခေါင်းမနှိုက်အောင်နေခြင်း၊ အိမ်တွင်း စိုစွတ်မှုပေးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

■ ချက်ချင်းအရေးပေါ်ကုသလိုရင်တော့ မတ်မတ်ထိုင်ပြီး ၁၀ မိနစ်ခန့် နှာခေါင်းပိတ်ထားခြင်း၊ ခေါင်းကိုအနောက်သို့ စောင်းထားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Source: India Today