#World_Health
Published 28 April 2026

■ ၅-၃၅ ရာခိုင်နှုန်းသော လူတွေဟာ တုပ်ကွေးဗိုင်းရပ်စ်နဲ့ ထိတွေ့ဖူးပေမယ့် တုပ်ကွေးမခံစားရဘူးလို့ သိပ္ပံပညာရှင်တွေ ခန့်မှန်းထားပါတယ်။

■ လူနာတွေနဲ့ အမြဲတမ်း ထိတွေ့နေပေမယ့် ဘယ်တော့မှ တုပ်ကွေးလက္ခဏာ မဖြစ်ကြတဲ့ ကျန်းမာရေးလုပ်သား ၁၉ ဦးထံမှ နမူနာများကို ကြည့်ရှုခဲ့ကြပါတယ်။

■ ဒီဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသူတွေရဲ့ တံတွေးနဲ့ နှာခေါင်းလမ်းကြောင်းတို့ထဲမှာ ဒါမီဆိုင်ဒင်လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုး တွေ့ရပါတယ်။

■ ဒါ့အပြင် ချွေးထဲမှာလည်း တွေ့ရပြီး ရောဂါပိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတာကို တွေ့ရပါတယ်။

■ ယခုပရိုတိန်းတွေ့ရှိခြင်းကနေ နှာခေါင်းဖျန်းဆေး၊ မျက်စဉ်းဆေးတို့လို ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်လာနိုင်ပါတယ်။

■ ဒါမီဆိုင်ဒင်က တုပ်ကွေးဗိုင်းရပ်စ် ပိတ်ဆို့ရုံမက ဝက်သက်၊ အချို့သော အအေးမိဗိုင်းရပ်စ်တွေ၊ ဆေးယဉ်ပါးတုပ်ကွေးမျိုးနွယ်တို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

■ တစ်ပတ်ကို ပြင်းထန်တဲ့လေ့ကျင့်ခန်း ၁၅-၂၀ မိနစ်ခန့် ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ ဒီမန်ရှာတို့ ဖြစ်နိုင်ခြေ လျော့နည်းစေတာကို လေ့လာတွေ့ရှိထားပါတယ်။

■ ပြင်းထန်တဲ့ လှုပ်ရှားမှုဆိုတာဟာ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀-၈၅ ရာခိုင်နှုန်းအထိ ရောက်တာကို ဆိုလိုပြီး လှေကားမြန်မြန်တက်ခြင်း၊ အလေးအပင်သယ်ခြင်းတို့ ပါဝင်ပါတယ်။

■ သာမန်လှုပ်ရှားမှုမျိုး ကြာကြာလုပ်တာထက်စာရင် ပြင်းထန်တဲ့လှုပ်ရှားမှု တစ်ခဏပြုလုပ်ခြင်းက ပိုပြီး အကျိုးရှိစေနိုင်တယ်လို့ ယူဆရပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စေကာ တုပ်ကွေးလက္ခဏာလိုမျိုး ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Source: NPR