#World_Science
Published 1 Dec 2025
■ 2024 YR4 ဂြိုဟ်သိမ် အာကာသကျောက်တုံးနှစ်ခု ပြီးခဲ့တဲ့ရက်သတ္တပတ်က လပေါ်မှာ တိုက်ခတ်မိခဲ့ပါတယ်။
■ ဂျပန်နက္ခတ္တပညာရှင်တစ်ဦးက လပေါ် အလင်းတန်းကြီးနှစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အဖြေရှာဖွေနေခဲ့ရာ ဒါဟာ ဂြိုဟ်သိမ်နှစ်ခု ထိခိုက်မိတာဖြစ်ပြီး လမျက်နှာပြင်ပေါ်မှာ ကြွင်းပေါက်ကြီးနှစ်ခု ကျန်ခဲ့ဟန်ရှိတယ်ဆိုတာ သေချာသွားပါတယ်။
■ အောက်တိုဘာ ၃၀ ရက်နေ့မှာ ပထမတစ်ခု ဝင်တိုက်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ နောက်တစ်ခု ထပ်တိုက်ခဲ့ပါတယ်။
■ ထိခိုက်မှုတွေကို ဟီရာဆူကာမြို့ပြတိုက်မှ နက္ခတ္တပညာရှင် ဒိုင်အိချိဖူဂျီက ဖမ်းယူရရှိခဲ့ပြီး အဖြစ်အပျက်ကို မျှဝေဖော်ပြခဲ့ပါတယ်။
■ လမှာ လေထုမရှိတာကြောင့် ဥက္ကာခဲတွေကို မမြင်ရနိုင်ဘဲ ကြွင်းပေါက်ကြီးဖြစ်တဲ့အချိန်မှာ အလင်းပေါ်ထွက်တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
■ ထိခိုက်ပြီးနောက် ဥက္ကာခဲတွေက တစ်နာရီကို ၂၅၇,၀၀၀ ကီလိုမီတာနှုန်းဖြင့် လဆီသို့ သွားနေခဲ့ပါတယ်။
■ ဒါကြောင့် အဆိုပါအလင်းတန်းတွေကို ဖူဂျီက ဖမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။
■ လာမယ့် ၂၀၃၂ ခုနှစ်မှာ 2024 YR4 ဂြိုဟ်သိမ်က လကို တိုက်ခတ်နိုင်ဖွယ်ရှိပြီး ဘာတွေဖြစ်လာမလဲဆိုတာ သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေကြပါတယ်။
■ ပေ ၂၂၀ ခန့်ရှိပြီး လပေါ်မှာ နောက်ထပ်ကြွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။
■ ကမ္ဘာဂြိုဟ်နဲ့ မထိခိုက်ဘူးဆိုရင်တောင် လနဲ့ပွတ်တိုက်ပြီး ထွက်လာတဲ့အစအနတွေက ဂြိုဟ်တုတွေ အာကာသယာဉ်မှူးတွေကို အန္တရာယ်ခြိမ်းခြောက်နိုင်ဖွယ် ရှိနေပါတယ်။
Source: WION
၃၀ နိုဝင်ဘာ၊၂၀၂၅
မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင် အာကာသနည်းပညာများကို ငြိမ်းချမ်းသော ရည်ရွယ် ချက်ဖြင့်အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေတို/ရေရှည် စီမံကိန်းများ စတင်အကောင်ထည်ဖော်ဆောင် ရွက်နေပြီဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၃၀ရက် နံနက်က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အာကာသပြတိုက်(ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ပြောကြားလိုက်ခြင်း ဖြစ် ပါတယ်။
မြန်မာနိုင်ငံ၏ ပညာရှင်လူငယ်များအနေဖြင့် ထိုကဲ့သို့အာကာသနည်းပညာလှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ဆောင်သွားမယ် လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောကြားပါတယ်။
မျိုးဆက်သစ်လူငယ်များအနေဖြင့် မျက်မှောက်ခေတ် အာကာသနယ်ပယ်၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်း အသစ်များတွင်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊စိတ်ကူးစိတ်သန်းများကိုမွေးဖွားအကောင်အထည်ဖော်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပြီး အနာဂတ်ကာလအာကာသအသုံးချ နယ်ပယ်အသီးသီးတွင် နိုင်ငံတော်က ဂုဏ်ယူအားထားရမည့်သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ အာကာသယာဉ်မှူးများ၊ ဘက်စုံကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဟုလည်း ယုံကြည်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် ပြတိုက်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဧည့်သည်တော်များကလည်း ပြတိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ Myanmar Space Agency အမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်နှင့် ရန်ကုန်မြို့တော်ဝန် ဦးဘိုဌေး တို့က ပြတိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင် စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံ များ၊ ရန်ကုန်မြို့တော် ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်ဧည့်သည်တော်များသည်ပြတိုက်အတွင်းရှိDeep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှအာကာသတွင်းသို့ခေတ်အဆက်ဆက်လွှတ်တင်ခဲ့သည့်ဒုံးပျံများနှင့်အာကာသယာဉ်ပုံစံငယ်များအာကာသတွင်း လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံ လွှတ်တင်မှု သရုပ်ပြသမှုများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါတယ်။
အာကာသပြတိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်တည်ရှိပြီး ယခင်နက္ခတ်တာရာပြခန်း အား ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် အဆင့်မြှင့်တင်ပြန်လည်မွန်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
အာကာသပြတိုက်(ရန်ကုန်)တွင် ကျောင်းသူ/ကျောင်းသား၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် စာအုပ် များတွင် ဖတ်ခဲ့ရသည့်၊ ရုပ်သံများတွင်မြင်တွေ့ခဲ့ရသည့် အာကာသတွင်း စေလွှတ်မည့်ဒုံးပျံများ၊ အာကာ သတွင်လှည့်ပတ်သွားလာမည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာမည့် အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာဗဟုသုတ အကြောင်းအရာ များကို ယခုပြတိုက်အတွင်း၌ တစ်စုတစ်စည်းတည်းစူးစမ်းလေ့လာခွင့် ရနိုင်တော့မယ်လို့ သတင်းရရှိပါ တယ်။
#ymg/knl


ပြီးခဲ့တဲ့တစ်ပတ်ကအမျိုးအစားအလိုက် ၁၀ကျပ်ကနေ ၁၅ကျပ်အတွင်း မြင့်တက်ခဲ့ပေမယ့် အခုတစ်ပတ်မှာတော့ ဓာတ်ဆီတစ်လီတာကို ၁၀၅ကျပ် ကနေ ၁၁၀ကျပ်ဝန်းကျင် နဲ့ ဒီဇယ်တစ်လီတာကို ၄၀ကျပ် ကနေ ၆၅ကျပ်ဝန်းကျင် အတွင်းကျဆင်းလာတာပါ။
#Local_News
Published 29 November 2025
#စက်သုံးဆီ #ဓာတ်ဆီ_ဒီဇယ်
#YMG/NN #Yangon_Times
#World_Health
Published 30 November 2025
■ ဆံခြည်မျှင်ကနေ သွားတိုက်ဆေး ပြုလုပ်နိုင်ဖွယ်ရှိနေပြီး သွားကြွေလွှာကို ပြန်လည်ဖွံ့ဖြိုးစေနိုင်မှာ ဖြစ်ပါတယ်။
■ ကင်းစ်ကောလိပ်လန်ဒန်မှ သုတေသီများက ဆံပင်၊ အရေပြား၊ သိုးမွေးတို့မှာ သဘာဝအတိုင်း ပါဝင်တဲ့ ကီရာတင်ပရိုတိန်းကနေ ပြုလုပ်တဲ့ သွားတိုက်ဆေးဟာ သွားတွေကို ကာကွယ်ပေးခြင်း၊ ပြုပြင်ပေးခြင်း ပြုလုပ်နိုင်ကာ သမားရိုးကျ သွားကုသနည်းတွေနေရာမှာ အသုံးပြုလာနိုင်ပါတယ်။
■ ကီရာတင်က သွားကြွေလွှာကို ပြန်လည်တည်ဆောက်ပေးနိုင်ပြီး အစောပိုင်းသွားယိုယွင်းခြင်းကို ရပ်တန့်နိုင်ပါတယ်။
■ ဒီပရိုတိန်းက တံတွေးထဲက သတ္တုတွေနဲ့ ဓာတ်ပြုပြီးတော့ ကြွေလွှာမှာ အကာအကွယ် ဖြစ်ပေါ်စေပါတယ်။
■ သိပ္ပံပညာရှင်တွေ လေ့လာချက်ပြုလုပ်ရာမှာ သိုးမွေးမှ ကီရာတင်ကို ထုတ်ယူပြီး သွားမျက်နှာပြင်ပေါ်မှာ ထိတွေ့စေခဲ့ရာ တံတွေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်ပြီးတော့ တကယ့်ကြွေလွှာကဲ့သို့ ပုံဆောင်ခဲပုံစံလေး ဖြစ်ပေါ်စေပါတယ်။
■ ဒါက ကယ်စီယံနဲ့ ဖော့စ်ဖိတ်အိုင်းယွန်းများကို ဆွဲဆောင်နိုင်ပြီး ခံနိုင်ရည်ရှိတဲ့ကြွေလွှာ တဖြည်းဖြည်း ဖြစ်ပေါ်လာစေပါတယ်။
■ ကီရာတင်နဲ့ပြုလုပ်တဲ့ သွားတိုက်ဆေးက ကြွေလွှာတိုက်စားခြင်းကို ကာကွယ်ပေးခြင်း၊ သွားကျဉ်ခြင်းကို လျှော့ချပေးခြင်းနဲ့ သွားပြဿနာလက္ခဏာများ ဖြေရှင်းပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ ဒီထုတ်ကုန်ပစ္စည်းဟာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း နေ့စဉ်သုံးသွားတိုက်ဆေးအဖြစ် ရရှိနိုင်ဖို့ မျှော်မှန်းရပါတယ်။
Source: India Today
#World_Science
Published 30 November 2025
■ ကင်ညာနိုင်ငံ တာကာနာချိုင့်ဝှမ်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၇၅ သန်းခန့်က ရေရှားခြင်း၊ မီးလောင်ကျွမ်းခြင်းများ အဖြစ်များခဲ့တဲ့ကာလတုန်းက မြေနေရာသွင်ပြင် အကြိမ်ကြိမ်ပြောင်းလဲခဲ့ပေမယ့် ရှေးခေတ်ကိရိယာ ပြုလုပ်ရေးပစ္စည်းတွေကတော့ နှစ်ပေါင်း ၃ သိန်းနီးပါးကြာအောင် နည်းပညာထိန်းသိမ်းတည်မြဲခဲ့တာကို Nature Communicatons မှာ ဖော်ပြထားပါတယ်။
■ နာမိုရိုတူကူနန် တူးဖော်ရေးနေရာမှာ သက်တမ်းအရင့်ဆုံး အိုဒိုဝမ်ကျောက်လက်နက်ပစ္စည်းကို တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၇၅ သန်းမှ ၂.၄၄ သန်းအတွင်းက ရှေးဟောင်းအလွှာ ၃ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
■ အိုဒိုဝမ်ကိရိယာပစ္စည်းတွေက အခြေအနေအမျိုးမျိုးမှာ အသုံးပြုတာဖြစ်ပြီး လူသားသမိုင်းမှာ ပထမဆုံးနည်းပညာတိုးတက်မှု ဖြစ်ခဲ့ပါတယ်။
■ အသားလှီးဖြတ်ခြင်း၊ အရိုးခွဲခြင်း၊ အပင်ပျိုးခြင်းတို့အတွက် အသုံးပြုခဲ့ကြပါတယ်။
■ ဒီရိုးရာကိရိယာရဲ့ တည်မြဲထိန်းသိမ်းနိုင်ခြင်းက မှတ်သားလောက်တဲ့ အနေအထား ဖြစ်ပါတယ်။
■ ပတ်ဝန်းကျင်မြေနေရာတွေ ထိခိုက်ပျက်စီးခဲ့ကြပေမယ့် ဒီကိရိယာပစ္စည်းတွေကို ဆက်လက်ပြုလုပ်အသုံးချခဲ့ကြပါတယ်။
■ ပတ်ဝန်းကျင်အနေအထား ပြောင်းလဲခဲ့ပေမယ့် ကိရိယာပစ္စည်း ထုတ်လုပ်သူတွေကတော့ အဓိကနည်းပညာပိုင်းကို မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးခဲ့ကြပါတယ်။
■ အဆိုပါ ကိရိယာပစ္စည်းများ ဆက်လက်တည်ရှိနေခြင်းက လူသားမျိုးဆက်တွေ ခြားနားပေမယ့် ယဉ်ကျေးမှုနဲ့ အသိပညာ လက်ဆင့်ကမ်းအသုံးပြုနေတဲ့သဘော တွေ့ရှိရတာ ဖြစ်ပါတယ်။
■ ဒီနည်းပညာဖြင့် ရှေးခေတ်လူသားတွေဟာ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို သဟဇာတဖြစ်အောင် ကျင့်သုံးနိုင်ခဲ့ပြီး ဘဝနေထိုင်ရေး ဆက်လက်တည်မြဲစေခဲ့ပါတယ်။
Source: Archaeology Mag
လတ်တလော သံတမန်ရေးတင်းမာမှုတွေကြောင့် တရုတ်မှ ဂျပန်သို့ ဧည့်ခရီးသွားခြင်းအတော်လေးကျဆင်းလာကာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် လေယာဉ်လက်မှတ် ပယ်ဖျက်တာတွေ အလွန်များပြားခဲ့တယ်လို့ ခရီးသွားပလက်ဖောင်း Umetrip က တနင်္လာနေ့မှာ ပြောပါတယ်။
#Asia_Business
Published 29 November 2025
#တရုတ် #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)ပြုလုပ်ခွင့်ရသော်လည်း အချက်အလက်မမှန်ကန်ပါကကတ်ထုတ်ပေးမှာ မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
#Local_News
Published 29 November 2025
#OWIC #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
အခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။
#Local_News
Published 29 November 2025
#ရော်ဘာ
#YMG/NN #Yangon_Times
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းမြင့်မားပြီး ပြည်ပတင်ပို့မှုနည်းပါးတဲ့ နေကြာသီးနှံကိုတိုးချဲ့စိုက်ပျိုးသွားမယ်လို့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 29 November 2025
#နေကြာသီးနှံ #ပြည်တွင်းစားသုံးဆီ
#YMG/SW #Yangon_Times
#Daily_News
Published 29 November 2025
၁။ ပြည်တွင်းစားသုံးဆီဖူလုံရေးထွက်နှုန်းမြင့်မားသည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးမည်
၂။ ခုနှစ်လအတွင်း ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါးတင်ပို့ထား
၃။ OWIC ပြုလုပ်ခွင့်ရသော်လည်း အချက်အလက်မမှန်ကန်ပါက ကတ်ထုတ်ပေးမည်မဟုတ်
၄။ နှစ်နိုင်ငံသံတမန်ရေးတင်းမာမှုများကြောင့် တရုတ်မှဂျပန်သိုခရီးသွားလည်ပတ်နှုန်းအလွန်ကျဆင်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပဲရစ်၊ နိုဝင်ဘာ ၂၈ (Reuters) - ဥရောပလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Airbus က ကမ္ဘာတစ်ဝန်းရှိ ယင်းတို့၏ A320 လေယာဉ်အုပ်စုပါ လေယာဉ်အစီးရေ ၆,၀၀၀ ကို ချက်ချင်း အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ရန် သောကြာနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ ဤအကြီးစား ပြန်လည်ခေါ်ယူမှုသည် တစ်ကမ္ဘာလုံးရှိ လေယာဉ်များ၏ တစ်ဝက်ကျော်အပေါ် အကျိုးသက်ရောက်မှုရှိသွားရာ အမေရိကန် ပြည်ထောင်စု၏ ခရီးသွားအများဆုံး သီတင်းပတ်ကုန်ရက်များအတွင်း ကမောက်ကမဖြစ်မှုများနှင့် ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ် ပြတ်တောက်မှု အနှောင့်အယှက်များ ဖြစ်ပေါ်စေမည့် အခြေအနေရှိနေသည်။
ဤဆုတ်ယုတ်မှုသည် Airbus ၏ ၅၅ နှစ်တာ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ပြန်လည် ခေါ်ယူမှုများထဲမှ တစ်ခုဖြစ်ပုံရကာ A320 မော်ဒယ်သည် Boeing 737 ကို ကျော်တက်ကာ ကမ္ဘာ့အများ ဆုံး ပေးပို့ရောင်းချရသည့် လေယာဉ်ပုံစံ ဖြစ်လာခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ပေါ် ပေါက်လာခြင်းဖြစ်သည်။ Airbus က လေယာဉ်ကုမ္ပဏီ ၃၅၀ ကျော်ထံသို့ ယင်းတို့၏ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ချိန်တွင် A320 အမျိုးအစား လေယာဉ်ပေါင်း ၃,၀၀၀ ခန့်သည် ဝေဟင်၌ ပျံသန်းနေ ဆဲ ဖြစ်သည်။
Reuters သတင်းဌာနက တွေ့ရှိခဲ့ရသော လေကြောင်းလိုင်းများထံ ပေးပို့သည့် ညွှန်ကြား ချက်စာအရ ပြင်ဆင်မှုအပိုင်းသည် ယခင်အသုံးပြုခဲ့သော ဆော့ဖ်ဝဲလ်အဟောင်းသို့ ပြန်လည် ပြောင်းလဲခြင်းသာ ဖြစ်ပြီး ရိုးရှင်းသည်ဟုဆိုရမည်ဖြစ်သော်လည်း၊ ပြင်ဆင်ရေးစင်တာများသို့ ရွှေ့ပြောင်းမောင်းနှင်ခြင်းမှ လွဲ၍ ခရီးသည်တင်ခရီးစဉ်များ ထပ်မံမပျံသန်းမီ မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှသည် တောင်အမေရိက၊ ဥရောပ၊ အိန္ဒိယနှင့် နယူးဇီလန်တို့ အထိ လေကြောင်းလိုင်းများက ဤပြင်ဆင်မှုများကြောင့် လေကြောင်းခရီးစဉ် ကြန့်ကြာမှုများ သို့မဟုတ် ဖျက်သိမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။
ကမ္ဘာ့အကြီးဆုံး A320 အော်ပရေတာဖြစ်သည့် American Airlines က ယင်း၏ A320 လေယာဉ် ၄၈၀ အနက် ၃၄၀ ခန့်မှာ ပြင်ဆင်မှုလိုအပ်မည်ဟု ပြောကြားခဲ့သည်။ လေယာဉ်တစ်စင်းလျှင် နှစ်နာရီခန့် ကြာမြင့်မည့် ပြင်ဆင်မှုများကို စနေနေ့တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ ဂျာမနီမှ Lufthansa၊ အိန္ဒိယမှ IndiGo နှင့် ဗြိတိန်အခြေစိုက် easyJet အပါအဝင် အခြား လေကြောင်း လိုင်းများကလည်း ပြင်ဆင်မှုပြုလုပ်ရန် လေယာဉ်များကို ခေတ္တရပ်နားထားမည်ဟု ပြောကြားခဲ့သည်။ ကိုလံဘီယား လေကြောင်းလိုင်း Avianca ကမူ ဤပြန်လည်ခေါ်ယူမှုသည် သူတို့၏ လေယာဉ်အုပ်စု ၇၀% ကျော်ကို ထိခိုက်စေသဖြင့် ဒီဇင်ဘာ ၈ ရက်နေ့အထိ ခရီးသွားရက်စွဲများအတွက် လက်မှတ် ရောင်းချမှုကို ပိတ်သိမ်းလိုက်ရကြောင်း ဆိုသည်။
လက်ရှိတွင် A320 အုပ်စုဝင် လေယာဉ်ပေါင်း ၁၁,၃၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး၊ ယင်းတို့အနက် ၁၉၈၇ ခုနှစ် တွင် ပထမဆုံး စတင်ပျံသန်းခဲ့သည့် မူလ A320 မော်ဒယ် ၆,၄၄၀ ပါဝင်သည်။ ကမ္ဘာ့ အကြီးဆုံး A320 အော်ပရေတာ ၁၀ ခုအနက် ၄ ခုမှာ အမေရိကန် လေကြောင်းလိုင်းကြီးများဖြစ်သည့် American Airlines၊ Delta Air Lines နှင့် United Airlines တို့ဖြစ်သည်။ တရုတ်၊ ဥရောပ နှင့် အိန္ဒိယ လေကြောင်းလိုင်း များသည်လည်း ဤလေယာဉ်အမျိုးအစား၏ အကြီးဆုံး ဖောက်သည်များတွင် ပါဝင် ကြသည်။
သက်ရောက်မှုရှိသော လေယာဉ်များ၏ သုံးပုံနှစ်ပုံခန့်အတွက်၊ လေကြောင်းလိုင်းများက ယခင် ဆော့ဖ် ဝဲလ်ဗားရှင်းသို့ ပြန်လည်ပြောင်းလဲရုံသာ ဖြစ်သောကြောင့် ခေတ္တရပ်နားမှုသာ ဖြစ်ပေါ်စေမည်ဟု လုပ်ငန်းခွင်သတင်းရင်းမြစ်များကပြောသည်။ သို့သော်လည်း အခြားသော သီးခြားအင်ဂျင်ပြုပြင်မှုများ သို့မဟုတ် စစ်ဆေးမှုများအတွက် စောင့်ဆိုင်းချိန်ကြာမြင့်နေသဖြင့် Airbus လေယာဉ်ရာပေါင်းများစွာ ရပ်နားထားရပြီး ပြင်ဆင်ရေး အလုပ်ရုံများတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ပြည့်ကျပ်နေချိန်တွင် ဤကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ပြင် လေကြောင်းလုပ်ငန်း၌ လုပ်သားရှားပါးမှုပြဿနာလည်း ရှိနေသည်။
လေကြောင်းလေ့လာသုံးသပ်သူ Rob Morris က လေယာဉ်ရုံ (hangar) နေရာလွတ် မည်မျှ ချက်ချင်းရရှိ နိုင်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ပြောဆိုသည်။ မကြာသေးမီက ဖြစ်ရပ်တစ်ခုအရ နေမုန်တိုင်းများ (solar flares) သည် လေယာဉ်ထိန်းချုပ်မှု လုပ်ဆောင်ချက်အတွက် အရေးပါသော ဒေတာများကို ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရသည်ဟု Airbus က ဆိုသည်။
ယခုလိုမမျှော်လင့်ထားသော ပြင်ဆင်မှုအမိန့်ကို ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းမှာ အောက်တို ဘာ ၃၀ ရက်က မက္ကဆီကိုနိုင်ငံ ကန်ကွန်း (Cancun) မှ နယူးဂျာစီပြည်နယ် နူးဝပ်ခ် (Newark) သို့ ပျံသန်း သော JetBlue လေကြောင်းခရီးစဉ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်းခရီးစဉ်တွင် လေယာဉ်အမြင့် ပေ ရုတ်တရက်ကျဆင်းမှုကြောင့် ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရင်းမြစ်များက ဆိုသည်။
ထို A320 လေယာဉ်သည် လေယာဉ်ထိန်းချုပ်မှု ပြဿနာနှင့် လေယာဉ်မှူး၏ စေခိုင်းချက်မပါဘဲ ရုတ်တရက် အမြင့်ပေ ကျဆင်းမှုတို့ကြောင့် ဖလော်ရီဒါပြည်နယ် တမ်ပါ (Tampa) တွင် အရေးပေါ် ဆင်း သက်ခဲ့ရပြီး၊ ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ JetBlue နှင့် FAA တို့ကမူ ဤပြန်လည်ခေါ်ယူမှုအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။
အချို့သော လေကြောင်းလိုင်းများအတွက် ပြင်ဆင်ရန် ယာယီရပ်နားထားရမှုသည် ပိုမိုကြာရှည်နိုင်ဖွယ် ရှိသည်။ အကြောင်းမှာ သက်ရောက်မှုရှိသော လေယာဉ်များအနက် အစီးရေ ၁,၀၀၀ ကျော်သည် ဟာ့ဒ်ဝဲလ် (hardware) အပိုင်းများပါ လဲလှယ်ရနိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်ဟု လုပ်ငန်းခွင်သတင်း ရင်းမြစ်များက ပြောသည်။
၁၉၈၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော A320 သည် "fly-by-wire" ဟုခေါ်သော ကွန်ပျူတာစနစ်သုံး ထိန်းချုပ်မှုများကို ပထမဆုံး မိတ်ဆက်အသုံးပြုခဲ့သည့် ပင်မ လေယာဉ်အမျိုးအစား ဖြစ် သည်။
ယင်းသည် Boeing 737 MAX နှင့် ယှဉ်ပြိုင်ဘက်ဖြစ်ပြီး၊ 737 MAX သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် လူအသေအပျောက်များသော ပျက်ကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း ကာလရှည်ကြာ ရပ်နားခံခဲ့ရသည်။ ထိုပျက်ကျမှုများသည် ညံ့ဖျင်းစွာ ဒီဇိုင်းထုတ်ထားသော လေယာဉ်ထိန်းချုပ်ရေး ဆော့ဖ်ဝဲလ်ကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။
အာရှဦးဆောင်သော စီးပွားရေး ကြီးထွားလာမှုကြောင့် သန်းနှင့်ချီသော ခရီးသွားအသစ်များ လေကြောင်း လောကသို့ ရောက်ရှိလာခဲ့ရာ၊ မကြာသေးမီနှစ်များအတွင်း ဤ အဓိကလေယာဉ်အမျိုးအစားနှစ်ခု အတွက် ဝယ်လိုအား မြင့်တက်လာခဲ့သည်။
Reuters မှ တွေ့ရှိရသော Airbus ၏ ညွှန်ကြားချက်စာအရ ပြဿနာ၏ အရင်းအမြစ်မှာ ELAC (Elevator and Aileron Computer) ဟုခေါ်သော လေယာဉ်စနစ်တွင် ရှိနေသည်။ အဆိုပါစနစ်သည် လေယာဉ်မှူး ၏ ဘေးဘက်ရှိ မောင်းတံ (side-stick) မှ အမိန့်များကို လေယာဉ်အမြီးပိုင်းရှိ elevators များထံ ပို့ဆောင်ပေးသည်။ ထို elevators များက လေယာဉ်၏ နှာခေါင်း အနိမ့်အမြင့် (pitch) ကို တဖန်ပြန်လည် ထိန်းချုပ်ပေးခြင်း ဖြစ်သည်။
အဆိုပါ ကွန်ပျူတာစနစ်ကို ထုတ်လုပ်သူ ပြင်သစ်ကုမ္ပဏီ Thales က Reuters ၏ မေးမြန်းမှုကို တုံ့ပြန် ရာတွင် ၎င်းတို့၏ ကွန်ပျူတာသည် Airbus ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းနှင့် မေးခွန်း ထုတ်စရာဖြစ်နေသော လုပ်ဆောင်ချက်ပိုင်းမှာမူ Thales ၏ တာဝန်အောက်တွင်မရှိသော ဆော့ဖ်ဝဲလ်က ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်
#Local_News
Published 29 November 2025
▪️ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Aleksandr Lukashenko အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
▪️ ဧည့်သည်တော် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
▪️ ပို့ဆောင်နှုတ်ဆက်ရာတွင် နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ လျှောက်လှမ်းတစ်လျောက် အလေးပြုကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှတို့ဖြင့် ကပြဖျော်ဖြေခြင်းများနှင့်အတူ ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် နှစ်နိုင်ငံအထိမ်းအမှတ် အလံများစိုက်ထူခြင်းတို့ဖြင့်လည်းကောင်း ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည့်အပြင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ ဦး ဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါသည့် အထူးလေယာဉ်ကို မြန်မာ့တပ်မတော်(လေ)မှ ဂျက်တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံပျံသန်း၍ မြန်မာ့လေပိုင်နက်အ ဆုံးထိ ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
#YMG/PP #Yangon_Times
Page 167 of 2002