#World_Health
Published 29 November 2025
■ နာတာရှည်ကျောက်ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အသက်ဆုံးရှုံးစေတဲ့ အကြောင်းအရင်းတွေထဲမှာ ထိပ်ဆုံး ၉ နေရာကနေ ရပ်တည်နေပါတယ်။
■ သုတေသနအသစ်အရ လက်ရှိမှာ လူတွေရဲ့ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းနေတယ်လို့ ခန့်မှန်းထားပါတယ်။
■ NYU Langone Health ၊ ဂလက်စ်ဂိုတက္ကသိုလ်၊ ဝါရှင်တန်တက္ကသိုလ်တို့မှ သုတေသီများက တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်ကပ်ရောဂါ အဖြစ်များလာရခြင်းကို ဆန်းစစ်ခဲ့ကြပါတယ်။
■ ၁၉၉၀ မှ ၂၀၂၃ အတွင်း ကျောက်ကပ်ရောဂါဖြစ်ပွားမှုပေါင်း ၃၇၈ သန်းကနေ ၇၈၈ သန်းအထိ မြင့်တက်လာကာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ထိပ်ဆုံးရောဂါ ၁၀ မျိုးထဲ ပါဝင်လာပါတယ်။
■ လေ့လာချက်ထဲက လူအများစုက ရောဂါအစောပိုင်းအဆင့်မှာ ရှိနေကြကာ ဆေးဝါးတွေ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုများဖြင့် အခြေအနေ တိုးတက်နိုင်ပါသေးတယ်။
■ ကျောက်ကပ်ရောဂါဖြစ်တဲ့အခါ ကျောက်ကပ်တွေက အညစ်အကြေးတွေနဲ့ သွေးထဲက ပိုလျှံတဲ့အရည်တွေ မစစ်ထုတ်နိုင်တော့ဘူးလို့ ဖော်ပြထားပါတယ်။
■ ရောဂါသာမန်အဆင့်လောက်နဲ့ လက္ခဏာမပြတတ်ဘဲ နောက်ဆုံးအဆင့်ရောက်တော့မှ ကျောက်ကပ်အစားထိုးကုသခြင်း၊ ကျောက်ကပ်ဆေးခြင်းတို့ ပြုလုပ်ရနိုင်ပါတယ်။
■ ကျောက်ကပ်ရောဂါ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ သွေးတွင်းသကြားဓာတ် များခြင်း၊ သွေးတိုးခြင်း၊ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း(BMI) မြင့်မားခြင်းတို့ ပါဝင်နေပါတယ်။
■ ဆီးစစ်ဆေးခြင်းဖြင့် ရောဂါစောစီးစွာ တွေ့ရှိနိုင်ကာ နောက်ပိုင်းရောဂါဆိုးရွားမလာအောင် ကာကွယ်နိုင်ပါတယ်။
■ နာတာရှည်ကျောက်ကပ်ရောဂါကို လူအများကျန်းမာရေးပြဿနာအဖြစ် ဦးစားပေးသတိထားကြဖို့ ကျွမ်းကျင်သူများ တောင်းဆိုနေကြပါတယ်။
Source: Fox News
#World_Health
Published 29 November 2025
■ ယနေ့ခေတ်မှာ အလုပ်ခွင်အတွင်း အချိန်ကြာမြင့်စွာ ထိုင်ကြရသလို ဒီဂျစ်တယ်ပစ္စည်းများ ထွန်းကားလာခြင်းကြောင့် တီဗီ၊ ကွန်ပျူတာ၊ ဖုန်းကြည့်ရှုချိန်လည်း များပြားလာပါတယ်။
■ အထိုင်များတဲ့အခါ ခန္ဓာကိုယ်ကြွက်သား ဆုံးရှုံးခြင်း၊ ဇီဝဖြစ်စဉ်နှေးကွေးခြင်းတို့အပြင် ခါးနာခြင်းနဲ့ နှလုံးသွေးကြောရောဂါများလည်း အဖြစ်များလာပါတယ်။
■ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ခြိမ်းခြောက်လာတာကြောင့် အထိုင်များခြင်းကနေ လူကိုအန္တရာယ်ပေးနိုင်တဲ့ ၇ မျိုးအကြောင်း ဖော်ပြသွားပါမယ်။
■ (၁) နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း
အချိန်ကြာမြင့်စွာ ထိုင်ခြင်းက နှလုံးကြွက်သားတွေ အားနည်းစေပြီး နှလုံးကာကွယ်ဖို့အတွက် ထိုင်နေစဉ် အကျောဆန့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
■ (၂) နာတာရှည်ခါးနာခြင်း
အထိုင်များခြင်းကြောင့် အဖြစ်အများဆုံး ဝေဒနာတစ်ခုဖြစ်ကာ ကိုယ်နေဟန်ထားမမှန်ခြင်းနဲ့ အခြားသောအကြောင်းအရာများ ဖြစ်နိုင်ပြီး လုပ်ငန်းခွင်မှာ အထိုင်များတဲ့သူတွေ အများဆုံးခံစားကြရကာ ဆေးတွေ လိမ်းမယ့်သောက်မယ့်အစား ခါးကြွက်သားတွေကို လှုပ်ရှားစေမယ့် အလေ့အကျင့်မျိုး ပြုလုပ်သင့်ပါတယ်။
■ (၃) ဇီဝကမ္မဖြစ်စဉ်နှေးသွားခြင်း
အထိုင်များတဲ့အခါ အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့အပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်စေနိုင်တာကြောင့် အထိုင်များခြင်းက စိုးရိမ်စရာအနေအထား ဖြစ်လာပါတယ်။
■ (၄) ကြွက်သားဆုံးရှုံးခြင်း
ကျော၊ ခြေထောက်၊ လက်တို့မှ ကြွက်သားတွေ သက်ရောက်ကာ ကြွက်သားကျုံ့သွားပြီး အချိန်ကြာလာရင် ကြွက်သားအားနည်းသွားပါတယ်။
■ (၅) သွေးကြောအတွင်းသွေးခဲပိတ်ဆို့နိုင်ခြေများခြင်း
သွေးကြောအတွင်းထဲမှာ သွေးပိတ်ဆို့ခြင်းက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး လူ ၁ ထောင်မှာ ၁ ယောက်နှုန်း ဖြစ်လေ့ရှိပါတယ်။
■ (၆) ကိုယ်နေဟန်ထားပြဿနာများ
ကြာရှည်ထိုင်ခြင်းကြောင့် ကိုယ်နေဟန်ထား မမှန်ကန်တော့ဘဲ ကြွက်သားအရိုးငြမ်းကျန်းမာရေး တစ်ခုလုံးကို ဆိုးကျိုးသက်ရောက်စေကာ ကျောရိုးခုံးခြင်း၊ ဦးခေါင်းနဲ့ လည်ပင်အနေအထား ချို့ယွင်းခြင်းစတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
■ (၇) စိတ်ကျန်းမာရေး
သိပ်မသိကြတဲ့ ပြဿနာတွေထဲမှာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ ပါဝင်ပြီး အထိုင်များခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာများကြား ဆက်စပ်မှုရှိကြောင်း တွေ့ရှိထားပါတယ်။
Source: NDTV.
ဟောင်ကောင်ထိုင်ပိုမှ လူနေဧရိယာတစ်ခုဖြစ်တဲ့ ဝမ်ဖုကောက်မှ မီးလောင်ကျွမ်းမှုကို မီးသတ်သမားများ မပင်မပန်းအားထုတ်ခဲ့ကြပြီးနောက် ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီလို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)မှ အမှုဆောင်ချုပ် ဂျွန်လီက ကြာသပတေးနေ့မှာ ပြောပါတယ်။
#Asia_News
Published 28 November 2025
#ဟောင်ကောင် #မီးလောင်
#YMG #Yangon_Times #Yangon_Media_Group
ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ် ၊ပြည် - ပေါက်ခေါင်းသွားတဲ့ လမ်းပေါ်ရှိ တောင်ပေါ် ၂၆မိုင် ၊ဘုတလင်ကျေးရွာမှာ နှစ်ဖက်ထိတွေမှုတွေဖြစ်ခဲ့တာကြောင့် နေရပ်စွန့်ခွာလာသူတွေအတွက် အနွေးထည် ၊စောင်၊ခြင်ထောင်အပါအဝင် စားသောက်ကုန်နဲ့ အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းတွေလိုအပ်နေတယ်လို့ Save The Trees Rescue Team ကသိရပါတယ်။
#Local_News
Published 28 November 2025
#ပဲခူးတိုင်း_အုတ်တွင်းမြို့နယ် #Save_The_Trees_Rescue_Team
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုဗစ်ချေးငွေရယူထားတဲ့ ကုမ္ပဏီတွေအ နေနဲ့ အဆိုပါချေးငွေကို သုံးကြိမ်ခွဲကာလာမယ့်မတ်လနောက်ဆုံးထား ပြန်လည်ပေးဆပ်ရမယ်လို့ သိရပါတယ်။
#Local_News
Published 28 November 2025
#ကိုဗစ် #ချေးငွေ
#YMG/SW #Yangon_Times
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ကနေ အောက်တိုဘာလအထိ ၇ လတာအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆,၀၀၀ နီးပါးတင်ပို့ထားရာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၅၅ သန်း ရရှိခဲ့တယ်လို့ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 28 November 2025
#ပုစွန် #အမေရိကန်ဒေါ်လာ
#YMG/NN #Yangon_Times
#World_News
Published 28 November 2025
■ အိမ်ဖြူတော်အနီးတိုက်ခိုက်မှုတစ်ခုအတွင်းအမျိုးသားအစောင့်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီးနောက် မိမိအစိုးရအဖွဲ့အနေဖြင့် "တတိယကမ္ဘာ့နိုင်ငံများ" (Third World Countries) အားလုံးမှ ရွှေ့ပြောင်းဝင်ရောက်မှုကို "အမြဲတမ်း ရပ်ဆိုင်း" သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
■ ၂၀၂၁ ခုနှစ်က ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် အမေရိကန်သို့ ရောက်ရှိလာသည့်အာဖဂန် နိုင်ငံ သားတစ်ဦးက လုပ်ဆောင်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားသော ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း၊ ထရမ့် အမိန့်ပေးထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အစီအမံများကို ယခု မှတ်ချက်များက ပိုမို အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
■ ထရမ့်သည် မည်သည့်နိုင်ငံများကို ဆိုလိုသည်ကို အမည်တပ် ပြောဆိုခြင်း မရှိသကဲ့သို့ တတိယ ကမ္ဘာ့ နိုင်ငံများ သို့မဟုတ် "အမြဲတမ်း ရပ်ဆိုင်းမည်" ဆိုသည်မှာ မည်သည့်သဘောကို ဆိုလိုကြောင်း ရှင်းလင်း ပြောကြားခြင်း မရှိပေ။ ဤအစီအစဉ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရလက်ထက်က အတည်ပြု ထားပြီးဖြစ်သည့် ကိစ္စရပ်များလည်း ပါဝင်မည်ဟု သူက ပြောကြားခဲ့သည်။
■ "အမေရိကန်ရဲ့ စနစ်တစ်ခုလုံး အပြည့်အဝ ပြန်လည်နာလန်ထူနိုင်ဖို့ တတိယကမ္ဘာ့နိုင်ငံတွေ အားလုံးက နေရွှေ့ပြောင်းဝင်ရောက်မှုကို ကျွန်တော် အမြဲတမ်း ရပ်ဆိုင်းပါမယ်။ အိပ်ငိုက်နေတဲ့ ဂျိုးဘိုင်ဒင် (Sleepy Joe Biden) ရဲ့ လက်မှတ်ထိုးစက်နဲ့ လက်မှတ်ထိုးထားတာတွေ အပါအဝင် ဘိုင်ဒင်လက်ထက် သန်းနဲ့ချီ တဲ့ တရားမဝင် ဝင်ရောက်ခွင့်ပြုထားတာတွေကို ရပ်စဲပြီး အမေရိကန်ပြည်ထောင်စုအတွက် အကျိုးမပြု သူ မည်သူ့ကိုမဆို ဖယ်ရှားသွားမှာပါ" ဟု ထရမ့်က သူ၏ Truth Social လူမှုကွန်ရက် ပလက်ဖောင်း တွင် ရေးသားခဲ့သည်။
■ ထရမ့်က "နိုင်ငံသားမဟုတ်သူများ" အတွက် ဖက်ဒရယ်အကျိုးခံစားခွင့်များနှင့် ထောက်ပံ့ကြေးများ အားလုံးကို ရပ်တန့်မည်ဟု ပြောကြားခဲ့ပြီး "ပြည်တွင်း ငြိမ်သက်အေးချမ်းမှုကို ထိခိုက်စေသည့် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားအဖြစ်မှ ပြန်လည်ရုပ်သိမ်းမည်" ဖြစ်ကြောင်းနှင့် ပြည်သူ့ဝန်ထုပ် ဝန်ပိုးဖြစ်စေသူ၊ လုံခြုံရေးအရ အန္တရာယ်ရှိသူ သို့မဟုတ် "အနောက်တိုင်း ယဉ်ကျေးမှုနှင့် သဟဇာတ မဖြစ်သူ" ဟု သတ်မှတ်ခံရသည့် မည်သည့် နိုင်ငံခြားသားကိုမဆို ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
■ အိမ်ဖြူတော်နှင့် အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) တို့က ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါ။
■ ကြာသပတေးနေ့က ခြုံခိုတိုက်ခိုက်မှုအတွင်း သေနတ်ထိမှန်ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် Sarah Beckstrom သေဆုံးပြီးနောက် ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ် လာခြင်းဖြစ်သည်။ အခြား အစောင့်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် Andrew Wolfe မှာ "အသက်လုနေရဆဲ" ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
■ အစောပိုင်းတွင် ဘိုင်ဒင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် နိုင်ငံရေးခိုလှုံခွင့် (Asylum) အမှုတွဲများနှင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအား ထုတ်ပေးခဲ့သည့် ဂရင်းကတ် (Green Card) များကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စိစစ်ရန် ထရမ့်က အမိန့်ပေးခဲ့ကြောင်း အမိမြေလုံခြုံရေးဌာနတာဝန်ရှိသူ များက ပြောကြားခဲ့သည်။
■ တာဝန်ရှိသူများက အသက် ၂၉ နှစ်အရွယ် Rahmanullah Lakanwal ဟု ဖော်ထုတ်ထားသည့် သေနတ် သမားဟု စွပ်စွဲခံရသူသည် ယခုနှစ် ထရမ့်လက်ထက်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သူဖြစ်ကြောင်း ရိုက်တာ က မြင်တွေ့ခဲ့ရသည့် အမေရိကန် အစိုးရ ဖိုင်တစ်ခုအရ သိရသည်။
■ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် အာဖဂန်အစိုးရ လျင်မြန်စွာ ပြိုလဲသွားပြီး တာလီဘန်တို့ တိုင်းပြည်ကို သိမ်းပိုက်လိုက်ချိန်၌ ဘိုင်ဒင် တည်ထောင်ခဲ့သည့် ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ထိုသူသည် အမေရိကန်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
■ အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာနသည် ဗုဒ္ဓဟူးနေ့တွင် အာဖဂန် နိုင်ငံသားများနှင့် သက်ဆိုင်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်ထားမှုအားလုံး လုပ်ဆောင်ပေး ခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည်။
■ မိမိအစိုးရ၏ ရည်မှန်းချက်များသည် "တရားမဝင်နှင့် အနှောင့်အယှက်ဖြစ်စေသော လူဦးရေ" ကို သိသိ သာသာ လျှော့ချရန် ရည်ရွယ်ကြောင်းနှင့် ဤရလဒ်ကို ရရှိရန်အတွက် အစီအမံများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။
ရွှေဆိုင်များမှာ ရောင်းချလျှက်ရှိတဲ့ ဈေးနှုန်းကို ရည်ညွှန်းဈေးအပေါ် အခွန် ၃ ရာခိုင်နှုန်းနှင့်ထိုက်သင့်သည့် နှုန်းထားတစ်ခုထည့်ပေါင်းရောင်းချခွင့်ပြုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။
#Local_News
Published 28 November 2025
#ရွှေ #ရွှေဆိုင်
#YMG/SW #Yangon_Times
#Daily_News
Published 28 November 2025
၁။ ကန်ဒေါ်လာ(၁၇)သန်းကျော်တန်ဖိုးရှိ ပုစွန်တန်ချိန် ၆,၀၀၀ နီးပါးတင်ပို့ထား
၂။ ကိုဗစ်ချေးငွေကိုသုံးကြိမ်ခွဲ၍ လာမည့်မတ်လနောက်ဆုံးထားပြန်ဆပ်ရမည်
၃။ အုတ်တွင်းတောင်ပေါ် ၂၆ မိုင်ရှိနေရပ်စွန့်ခွာသူများအတွက် အနွေးထည်နှင့်စားသောက်ကုန်များလိုအပ်
၄။ မီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ခဲ့ပြီဟု ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်ချုပ်ပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းမြင့်မားပြီး ပြည်ပတင်ပို့မှုနည်းပါးတဲ့ နေကြာသီးနှံကိုတိုးချဲ့စိုက်ပျိုးသွားမယ်လို့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 29 November 2025
#နေကြာသီးနှံ #ပြည်တွင်းစားသုံးဆီ
#YMG/SW #Yangon_Times
#National_News
Published 28 November 2025
▪️၁။ မဟာဗျူဟာကျသည့် တည်နေရာနှင့်နောက်ခံသမိုင်း - မြဝတီဒေသသည် အာရှလမ်းမကြီးပေါ်ရှိ အချက် အချာကျသော နေရာဖြစ်ပြီး၊ ၂၀၁၅ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တည်ငြိမ်မှုရရှိခဲ့သော်လည်း KNU ခေါင်းဆောင်အချို့သည် ငြိမ်းချမ်းရေးတည်ဆောက်မှုကာလကို အခွင့်ကောင်းယူကာ တရားမဝင်စီမံ ကိန်းများကို စတင်ခဲ့။
▪️၂။ တရားမဝင်စီမံကိန်းများ ပေါ်ပေါက်လာခြင်း - ၂၀၁၆ မှ ၂၀၂၀ ကာလအတွင်း ရွှေကုက္ကိုလ်၊ ကျောက် ခက် (Chongkhaed Garden Resort) နှင့် KK Park စီမံကိန်းများတွင် နိုင်ငံခြားသားအများစုမှာ ကမ္ဘောဒီးယား နိုင်ငံ သီဟာနုဘေလ်မှ ရွှေ့ပြောင်းလာသော နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းများဖြစ်ခဲ့။
▪️၃။ တရားဝင်ခွင့်ပြုချက်မရှိခြင်း - နိုင်ငံတော်အစိုးရ (ယခင် NLD အစိုးရလက်ထက်ကတည်းက) အနေဖြင့် ရွှေကုက္ကိုလ်စီမံကိန်းတွင် လူနေအိမ်ရာအတွက် မြေ ၂၅.၅ ဧက သာ ခွင့်ပြုခဲ့ပြီး လောင်းကစားလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ခြင်း လုံးဝမရှိခဲ့။
▪️၄။ တရုတ်နိုင်ငံ၏ သဘောထား - အဆိုပါစီမံကိန်းများသည် တရုတ်နိုင်ငံ၏ BRI စီမံကိန်းတွင် မပါဝင် ကြောင်း တရုတ်သံရုံးက တရားဝင် ရှင်းလင်းပြောကြားခဲ့။
▪️၅။ KNU ခေါင်းဆောင်ပိုင်း ပါဝင်ပတ်သက်မှု - KK Park ကဲ့သို့သော စီမံကိန်းစာချုပ်များတွင် KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနှင့် ကာကွယ်ရေးဌာနမှူး စောရော်ဂျာခင်တို့ ကိုယ်တိုင် အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးထားခဲ့ကြ။
▪️၆။ NCA သဘောတူညီချက် ချိုးဖောက်ခြင်း - KNU သည် ၂၀၂၁ မတ်လမှစ၍ တပ်စခန်းများကို တိုက်ခိုက် ခြင်း၊ PDF များကို စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ကာ NCA ကို ချိုးဖောက်ခဲ့။
▪️၇။ တပ်မတော်၏ တန်ပြန်စစ်ဆင်ရေး - တပ်မတော်အနေဖြင့် နယ်မြေပြန်လည်စိုးမိုးရေးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အာရှလမ်းမကြီးအပိုင်းများနှင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် မြဝတီနှင့် လေးကေ့ကော်ဒေသတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့။
▪️၈။ နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းပေးခြင်း - ၂၀၂၃ အောက်တိုဘာလမှ ၂၀၂၅ နိုဝင်ဘာလအထိ အွန်လိုင်းလိမ်လည်ဒုစရိုက်လုပ်ငန်းများနှင့် ဆက်စပ်သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈,၅၈၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်။
▪️၉။ တရားမဝင်အဆောက်အဦများ ဖျက်သိမ်းခြင်း - KK Park အတွင်းရှိ တရားမဝင် အဆောက်အဦ ၂၅၆ လုံး ကို ဖျက်ဆီးခဲ့ပြီး၊ ကျန်ရှိနေသည့် ၃၇၉ လုံးကိုလည်း ဆက်လက်ဖျက်ဆီးရှင်းလင်းသွားမည်။
▪️၁၀။ နိုင်ငံတော်၏ ကုန်ကျစရိတ် - ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံခြားသားများ၏ စားသောက်စရိတ် အတွက် ၂၀၂၄ ဒီဇင်ဘာမှ ၂၀၂၅ နိုဝင်ဘာလအထိ ငွေကျပ် ၁၃,၃၆၀ သိန်းကျော် (၁.၃၃ ဘီလီယံကျပ်) အကုန်အကျ ခံခဲ့။
▪️၁၁။ မင်းလက်ပံ ဖြစ်စဉ် - KNU/PDF များသည် မင်းလက်ပံဒေသရှိ DKBA/KKO စခန်းကို ဝင်ရောက် စီးနင်းရာတွင် နယ်မြေရှင်းလင်းခြင်းမဟုတ်ဘဲ လက်နက်များသိမ်းယူခြင်းနှင့် "သခွားသီး (ခေါ်) စောကျော်ကို မင်း" ဆိုသူကို ဖမ်းဆီးရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်။
▪️၁၂။ နိုင်ငံခြားသားများ ထိခိုက်သေဆုံးမှု - နိုဝင်ဘာ ၂၅ ရက်နေ့တွင် မင်းလက်ပံ၌ ဖမ်းဆီးခံနိုင်ငံခြားသား များ ဆန္ဒပြရာတွင် KNU/PDF တပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ရာနှင့်ချီသော နိုင်ငံခြားသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရ
▪️၁၃။ ပစ္စည်းနှင့် ငွေကြေးများကို သိမ်းယူခြင်း - KNU/PDF အဖွဲ့များသည် အွန်လိုင်းလိမ်လည်ဒုစရိုက် လုပ်ငန်းရှင်များပိုင်ဆိုင်သော မော်တော်ယာဉ်များ၊ ငွေသေတ္တာများနှင့် ပစ္စည်းများကို သိမ်းဆည်းရယူသွား။
▪️၁၄။ အခြားဒေသများတွင် ရှင်းလင်းခြင်း - ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့အနီးတွင်လည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
▪️၁၅။ အစိုးရ၏ သန္နိဋ္ဌာန် - နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို လုံးဝလက်ခံမည်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်။
( ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်အပြည့်အစုံမှ ပြန်လည်ကောက်နှုတ်ဖော်ပြသည်)
#Local_News
Published 28 November 2025
▪️ လာမည့် ဒီဇင်ဘာလ အတွင်း ဒေသအချို့၌ အအေးဓာတ်ပိုလာနိုင်သကဲ့သို့ ဆောင်းမိုး လည်း ရွာနိုင်ကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရသိရသည်။
▪️ ထို့အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းသိရသည်။
▪️ မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၄ ရက်မှ ၇ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
▪️ ညအပူချိန် များမှာမူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း ၊မြူအခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၅ ရက်ခန့်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၆ ရက်မှ ၁၅ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 168 of 2002