#World_Health
Published 31 January 2026
■ ကြက်ဥတွေက အာဟာရဓာတ် အများဆုံးပါဝင်တဲ့ စားစရာတွေထဲ ပါဝင်ပေမယ့် ကိုလက်စထရောပြဿနာက တစ်နေ့ကို ဘယ်နှလုံးလောက် စားဖို့စိတ်ချရလဲဆိုတာ တွေးစရာဖြစ်နေပါတယ်။
■ မရန်ဂိုအာရှဆေးရုံမှ ဒေါက်တာ ပါမိကော်အာက ကြက်ဥတွေကို နေ့စဉ် ပမာဏမှန်မှန်ကန်ကန် သေချာစွာ ချက်ပြုတ်စားသုံးပါက ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။
■ ကြက်ဥမှာ အရည်အသွေးမြင့် ပရိုတိန်း၊ ကောင်းကျိုးပြုအဆီများ၊ မရှိမဖြစ် ဗိုက်တာမင်များအပြင် ဆယ်လီနီယံ၊ သံဓာတ်၊ ကိုလင်းတို့လည်း ကြွယ်ဝပါတယ်။
■ ကျန်းမာသန်စွမ်းသူတွေအတွက် တစ်နေ့ကို ကြက်ဥ ၁ လုံး ၂ လုံး၊ တစ်ပတ်ကို ၇ လုံးခန့် စားသုံးခြင်းက ဘေးကင်းစိတ်ချရပါတယ်။
■ ကြက်ဥမှရရှိတဲ့ ကိုလက်စထရောတွေဟာ ပြည့်ဝဆီတွေလောက် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။
■ ကိုလက်စထရောများသူတွေ၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်သူတွေက အသင့်အတင့်သာ စားသုံးသင့်ပြီး အထူးသဖြင့် ကြက်ဥအနှစ်ကို သတိထားရပါမယ်။
■ ကြက်ဥတွေကို ပြုတ်စားခြင်းက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်ပြီး ဆီတွေနဲ့ ကြော်တာကတော့ အာဟာရအကျိုးကျေးဇူး လျော့နည်းနိုင်ပါတယ်။
■ လူအများစုအတွက် တစ်နေ့တစ်လုံးစားခြင်းက စိတ်ချရပြီး ကျန်းမာရေးလိုအပ်ချက်အရ ၂ လုံးစားလို့လည်း ရနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန်စားသောက်မှုစနစ်ထဲမှာ ကြက်ဥကို ထည့်သွင်းစားသုံးသင့်တယ်လို့ အကြံပြုသွားပါတယ်။
Source: India Today.