#World_Health
Published 30 April 2026

■ ကမ္ဘာ့အတိုင်းအတာအရ ကလေးဘဝကင်ဆာတွေက ကလေးငယ်တွေ သေဆုံးရခြင်း အကြောင်းအရင်းတွေထဲမှာ ထိပ်ဆုံး ၈ နေရာမှာ ရှိနေပြီး ဒါဟာ ဝက်သက်၊ တီဘီ၊ HIV တို့ထက် ပိုများနေပါတယ်။

■ ၂၀၂၃ မှာ ဒီထဲကမှ သေဆုံးမှု ၉၄ ရာခိုင်နှုန်းက ဝင်ငွေအလယ်အလတ်နဲ့ နိမ့်ပါးတဲ့ နိုင်ငံတွေက ဖြစ်နေပါတယ်။

■ ၂၀၂၃ အတွင်း ကလေးကင်ဆာ ဖြစ်ပွားသူ ၃၇၇,၀၀၀ ဦးခန့်ရှိခဲ့ရာ သေဆုံးသူ ၁၄၄,၀၀၀ ခန့် ရှိခဲ့ပါတယ်။

■ ဝင်ငွေအလယ်အလတ်နဲ့ နိမ့်ပါးနိုင်ငံတွေမှ ကလေးတွေက ကင်ဆာအကျိုးဆက်တွေကို ပိုခံစားနေရပြီး တောင်အာရှဒေသဆိုရင် ကမ္ဘာတဝှမ်း ကလေးကင်ဆာသေဆုံးမှုရဲ့ ၂၀.၅ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။

■ ဒီလိုသေဆုံးမှုအများစုက ကာကွယ်လို့ရနိုင်တာကြောင့် နိုင်ငံတော်ကင်ဆာထိန်းချုပ်ရေး အစီအစဉ်တွေမှာ ကလေးကင်ဆာ ထည့်သွင်းဖို့ လိုအပ်နေပြီး စောစီးစွာ ရောဂါရှာဖွေရေး၊ ကုသရေး၊ ကူညီထောက်ပံ့ရေးတို့ စီစဉ်သင့်တယ်လို့ ချန်နိုင် W.I.A ကင်ဆာဌာနမှ ပရော်ဖက်ဆာ ဒေါက်တာ ရာဒါခရစ်ရှ်နန်က ပြောပါတယ်။

■ စီးပွားရေးနိမ့်ပါးတဲ့ နိုင်ငံတွေမှ ကလေးတွေဆိုရင် ရောဂါတွေ့ရှိမှုနောက်ကျခြင်း၊ ကင်ဆာကုသမှု မရရှိခြင်းနဲ့ အခြားသော ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ကြုံတွေ့နေရပါတယ်။

■ ဒါကြောင့် ဒီလိုနိုင်ငံတွေမှာ ကင်ဆာထိန်းချုပ်ရေးစနစ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် လိုအပ်နေပါတယ်။

■ ကလေးကင်ဆာ အချက်အလက်တွေက နိုင်ငံတိုင်းမှာ မရရှိသလို ကလေးဘဝ အဖြစ်များတဲ့ ကင်ဆာတွေအကြောင်း သိပ်ပြီးဖော်ပြထားတာတွေ မရှိပါဘူး။

Source: Indian Express