#World_Health
Published 30 April 2026

■ သွေးပေါင်ချိန်တိုးခြင်းကို ထိန်းချုပ်တယ်ဆိုရာမှာ လေ့ကျင့်ခန်းတွေ၊ စားသောက်မှုတွေ၊ တရားထိုင်ခြင်းတွေ စသဖြင့် ရေရှည်နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲကျင့်ကြံရတာ ဖြစ်ပါတယ်။

■ ရှေးခေတ် တရုတ်စိတ်နှင့်ခန္ဓာကျင့်စဉ် ပါတွမ်ကျင်နည်းလမ်းက သွေးပေါင်ချိန် ထိရောက်စွာ လျှော့ချနိုင်မယ်လို့ အမေရိကန်နှလုံးကောလိပ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

■ ဒီနည်းလမ်းက လှုပ်ရှားမှုနဲ့ အသက်ရှူနှုန်းနှေးနှေး၊ စိတ်အာရုံစူးစိုက်မှုတို့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

■ နှလုံးရောဂါ ဖြစ်နိုင်ခြေများစေတဲ့ သွေးတိုးရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ ဒီလိုမျိုး ကျင့်စဉ်တွေ အရေးပါနိုင်တယ်လို့ ကျွမ်းကျင်သူ ပြောထားပါတယ်။

■ ပါတွမ်ကျင်နည်းလမ်းက တရုတ်တို့ရဲ့ နှစ်ပေါင်း ၈၀၀ ကျော် လေ့ကျင့်ခန်းဖြစ်ပြီး လှုပ်ရှားမှု ၈ မျိုးကို နှေးနှေးဖြင့် ထိန်းချုပ်ပြုလုပ်ရတာ ဖြစ်ပါတယ်။

■ အခြားသော ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ မတူတာက ပါတွမ်ကျင်ဟာ ပြင်းထန်မှုနည်းပါးခြင်း၊ အလွယ်တကူ လေ့လာနိုင်ခြင်း၊ ပစ္စည်းကိရိယာ မလိုအပ်ခြင်း၊ အသက်အရွယ်မရွေး သင့်လျော်ခြင်းတို့ ရနိုင်ပါတယ်။

■ အသက် ၄၀ အထက် သွေးပေါင်ချိန်အနည်းငယ် မြင့်တက်နေတဲ့ လူပေါင်း ၂၁၆ ဦးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ပါတွမ်ကျင်လေ့ကျင့်တဲ့အဖွဲ့၊ ခပ်မြန်မြန်လမ်းလျှောက်တဲ့ အဖွဲ့၊ လေ့ကျင့်ခန်းလမ်းစဉ်လိုက်နာတဲ့ အဖွဲ့တွေ ခွဲခဲ့ပါတယ်။

■ နှစ်တွေလတွေကြာပြီးနောက် ပါတွမ်ကျင်လေ့ကျင့်တဲ့လူတွေက သွေးပေါင်ချိန် ကျဆင်းမှု သိသာတာကို မြင်တွေ့ခဲ့ရပါတယ်။

■ ဒီကျင့်စဉ်အတွက် နည်းလမ်းတွေကတော့ ခြေထောက်ကို ပခုံးအကျယ်အတိုင်း မတ်မတ်ရပ်ခြင်း၊ ပုံစံတစ်ခုချင်းစီမှာ ဖြည်းညင်းစွာ လှုပ်ရှားခြင်း၊ အသက်ရှူမှန်မှန်ပြီး လှုပ်ရှားခြင်း၊ ကိုယ်ဟန်မျှခြေနဲ့ စိတ်ပြေလျော့မှုကို အာရုံစိုက်ခြင်း၊ တိတ်ဆိတ်တဲ့နေရာမှာ နေ့စဉ် ၁၀-၁၅ မိနစ်ခန့် လေ့ကျင့်ခြင်းတို့ ဖြစ်ပါတယ်။

Source: India Today