#Local_News
Published 17 January 2026
▪️ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ကာပြန်လည်မြင့်တက်လာခဲ့သည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ ယခုတစ်ပတ်တွင်လည်း ထပ်မံမြင့်တက်လာကြောင်း သိရသည်။
▪️ ယခုတစ်ပတ် ဇန်နဝါရီ (၁၆) ရက်မှ (၂၂) ရက်နေ့အထိ ရောင်းချရမည့်ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးကိုကျပ် (၆၁၅၀) အဖြစ်သတ်မှတ်ထုတ်ပြန်လိုက်ခြင်းကြောင့် ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၅၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
▪️ စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် အပတ်စဥ် သောကြာနေ့တိုင်းစားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျှက်ရှိပြီးစားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 January 2025
▪️ ရန်ကုန်တိုင်းအပါအဝင် ဒေသအများစု၌ ညအပူချိန်များ လျော့ကျနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးသွန်းနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရသည်။
▪️ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး
ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကာ ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်းသိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း၊နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 17 January 2026
■ အသက် ၁၀၀ ကျော်အထိ နေနိုင်သူတွေ များလာပေမယ့် ဒီလောက်အသက်ရှည်ရတဲ့ အကြောင်းအရင်းကို သေချာမသိကြသေးပါဘူး။
■ ပုံမှန်ဆေးစစ်ဆေးချက်တွေကနေ သွေးစမ်းသပ်ချက်များ ပြုလုပ်ခဲ့ကာ အသက် ၁၀၀ ကျော်နဲ့ ၁၀၀ မကျော်သူတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ ထိုအခါမှာ ယင်းတို့ကြား သိသာတဲ့ ခြားနားချက်တွေက အသက် ၁၀၀ ရှည်သူတွေက သွေးတွင်းသကြားဓာတ်ပမာဏ နည်းပါးခြင်း၊ ဂလိုင်ကိုဆလိတ်ဟေမိုဂလိုဘင် နည်းပါးကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးနိုင်ခြင်း၊ ခရီအိတ်တနင်းပမာဏ နည်းခြင်း၊ ယူရစ်အက်ဆစ်နည်းခြင်း၊ သံဓာတ်ထိန်းသိမ်းပေးတဲ့ ဖယ်ရီတင်ပမာဏ အသင့်အတင့်ရှိခြင်းတို့ တွေ့ရပါတယ်။
■ ဇီဝအချက်အလက်တွေထဲက ပြောင်းလဲမှုတွေက သက်တော်ရှည်ခြင်းနဲ့ ဆက်စပ်နေလားဆိုတာကို ယှဉ်ကြည့်တဲ့အခါ အသက် ၁၀၀ ရှည်သူတွေက သွေးတွင်းသကြားဓာတ် ကောင်းစွာထိန်းသိမ်းနိုင်ခြင်း၊ ကိုလက်စ်ထရောပမာဏ တိုးတက်ပြောင်းလဲခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက် တည်ငြိမ်ခြင်း၊ အသည်းလုပ်ဆောင်ချက်လည်း တိုးတက်ခြင်း စတာတွေ တွေ့ရှိရပါတယ်။
■ ဇီဝဖြစ်စဉ်တစ်ခုတည်းက အသက် ၁၀၀ ရှည်ရခြင်းကို ရှင်းမပြနိုင်ဘဲ အခြားသော အကြောင်းအရာတွေထဲမှာ ရောဂါဘယထိတွေ့မှု ကွဲပြားခြင်း၊ သက်ကြီးရောဂါ ဖြစ်ပွားပုံ၊ လူမှုရေးနဲ့ စီးပွားရေးကျယ်ပြန့်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ရေး ရရှိနိုင်ခြေ၊ နိုင်ငံဒေသအလိုက် လူဦးရေကွဲပြားခြင်းတို့ ပါဝင်ပါတယ်။
■ ပုံမှန်ဆေးစစ်ဆေးချက် မှတ်တမ်းများက အသက်ကြီးလာခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိစေနိုင်ကာ အသက်ရှည်ခြင်းနဲ့ ဆက်စပ်တဲ့ ပုံစံတွေကို သိရှိလာနိုင်ပါတယ်။
Source: Times of India
#Local_News
Published 17 January 2025
▪️ သန်လျင်မြို့တနယ်တွင်ပြုလုပ်မည့် Ayeyawady United နှင့် Yangon United ပွဲစဉ်အတွက်ကားစီစဉ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
▪️ 2025-26 Myanmar National League (week-13) ပွဲစဉ်ဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းပွဲစဉ်ကို လာမည့် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သီဟဒီပကွင်း၊ သန်လျင်မြို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
▪️ အဆိုပါပွဲစဉ်အတွက် ရန်ကုန်အသင်းပရိသတ်များသွားလာရေး လွယ်ကူစေရန် အတွက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကားစီစဉ်ပေးသွားမည် ဖြစ်ပြီး လိုက်ပါလိုသည့် ရန်ကုန်အသင်းပရိသတ်များအားလုံး ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex သို့ ယနေ့ နေ့လယ် ၂ နာရီအရောက် လာရောက်ပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ထားကာYangon United Sports Complex မှ နေ့လယ် ၂ နာရီ အချိန်တွင် ကားစတင် ထွက်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 17 January 2026
▪️ လူသားတွေရဲ့ စားသောက်ပုံ၊ လှုပ်ရှားနေထိုင်ပုံ၊ အသက်ရှူပုံတို့က ရေရှည်မှာ နှလုံးသွေးကြောအန္တရာယ်ကို သက်ရောက်နိုင်ပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ အနည်းငယ်မျှ ပြောင်းလဲရုံဖြင့် နှလုံးကျန်းမာရေး တိုးတက်စေနိုင်ပြီး နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။
▪️ ဒေါက်တာ ကူနယ်ဆုဒ်က နှလုံးအတွက် ကောင်းမွန်စေမယ့် ရိုးရှင်းတဲ့ အလေ့အကျင့်တွေကို မျှဝေသွားပါတယ်။
▪️ (၁) အိမ်မှချက်စားခြင်း - အိမ်မှာချက်ပြုတ်တဲ့ စားစရာတွေက ဆိုဒီယံ၊ အချိုဓာတ်၊ ပြည့်ဝဆီတို့ နည်းပါးနိုင်တာကြောင့် ကျန်းမာရေးအတွက် ပိုမိုသင့်လျော်စေပါတယ်။
▪️ (၂) အချိုရည်အစား ရေသောက်ခြင်း - အချိုရည်တွေမှာ သကြားတွေများတာကြောင့် သွေးတွင်းဂလူးကို့စ်တက်စေပြီး နှလုံးရောဂါ၊ လေဖြတ်အန္တရာယ်တို့ ဖြစ်နိုင်ခြေ များနိုင်ပါတယ်။
▪️ (၃) အသီးအရွက်အမျှင်ဓာတ်စားသုံးခြင်း - စားစရာမှရရှိတဲ့ အမျှင်ဓာတ်တွေ စားသုံးပေးပါက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ နည်းစေပြီး မကောင်းတဲ့အဆီတွေကို လျော့ကျစေပါတယ်။
▪️ (၄) စားသောက်ပြီးနောက် လမ်းလျှောက်ခြင်း - ထမင်းစားပြီးနောက် လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို ထိန်းချုပ်ပေးကာ နှလုံးသွေးကြော ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။
▪️ (၅) ပခုံးဖြေလျှော့ကာ အသက်ပြင်းပြင်းရှူခြင်း - ဖြည်းဖြည်းချင်း အသက်ရှူပုံပြောင်းလဲပြီး နက်ရှိုင်းစွာ ရှူရှိုက်ခြင်းဖြင့် သွေးပေါင်ချိန်ထိန်းညှိခြင်းနဲ့ နှလုံးခုန်နှုန်း လှုပ်ရှားပုံတို့ကို တိုးတက်စေပါတယ်။
Source: Hindustan Times.
ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှ သွားလာလှုပ်ရှားနေကြတဲ့ အလုပ်ဝန်ထမ်းတွေဟာ နှစ်သစ်မှာ ပိုမိုသက်တောင့်သက်သာရှိပြီး အဆင့်မြင့်မြင့်အလုပ်သွားနေကြပြီ ဖြစ်ပါတယ်။
#World_Development
Published 16 January 2025
#ဟန်ဂေရီနိုင်ငံဘူဒါပက်စ် #BYD
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းဈေးကွက်ရှိ ပြင်ပရွှေဈေးပါ တစ်ရက်ထဲ ကျပ်ခုနှစ်သောင်းဝန်းကျင်အထိပြန်လည်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 16 January 2025
#ရွှေ #ကမ္ဘာ့ရွှေဈေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရဲ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၄)ခုခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၁၁၄၇၆)သန်းကျော်ရှိတယ်လို့ တရုတ် - မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်ရှိ သတင်းအချက်အလက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲရဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရသိရပါတယ်။
#Local_News
Published 16 January 2025
#အမေရိကန်ဒေါ်လာ #တရုတ်_မြန်မာ
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံတွေကို ပြန်လည်ထွက်ခွာမယ့် မြန်မာလုပ်သားတွေအနေနဲ့ပြည်ပထွက်ခွာခွင့်တင်ပြရာမှာ Arrival Counter မှာသတင်းပေးပို့ခဲ့သူများကိုသာ ခွင့်ပြုသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 January 2025
#Arrival_Counter #မြန်မာလုပ်သား
#YMG/SW #Yangon_Times
စက်သုံးဆီနဲ့စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကိုအမေရိကန်ဒေါ်လာ (၃)သန်းကျော်ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသိရပါတယ်။
#Local_News
Published 16 January 2025
#စက်သုံးဆီ #စားသုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 16 January 2025
၁။ ရွှေဈေးတစ်ရက်ထဲ ကျပ်ခုနှစ်သောင်းဝန်းကျင်ကျဆင်း
၂။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၁၄၇၆)သန်းကျော်ရှိ
၃။ ပြည်ပထွက်ခွာခွင့်တင်ပြရာတွင် Arrival Counter တွင်သတင်းပေးပို့ခဲ့သူများကိုသာ ခွင့်ပြုသွားမည်
၄။ ဟန်ဂေရီဘူဒါပက်စ်မှအလုပ်သွားလာသူများအတွက် BYD၏လျှပ်စစ်ဘတ်စ်ကားသစ်များစတင်ပြေးဆွဲ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 16 January 2026
■ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာခါဒိုက သူမရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကြာသပတေးနေ့ အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးအပ်ခဲ့ပြီး ဒါဟာ ဗင်နီဇွဲလား အနာဂတ်နိုင်ငံရေးကို ထရမ့်ဘယ်လိုပုံဖော်မလဲဆိုတဲ့အပေါ် သက်ရောက်လာနိုင်ပါတယ်။
■ ထရမ့်အနေနဲ့ ဆုကိုလက်ခံမလားဆိုတာ မသိရသေးပေမယ့် ဗင်နီဇွဲလားပြည်သူတွေရဲ့ လွတ်လပ်ရေးအတွက် ထရမ့်ကြိုးစားပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာဖြစ်တယ်လို့ မာခါဒိုက ပြောပါတယ်။
■ သူမရဲ့ လုပ်ရပ်ဟန်ပန်က တိုင်းပြည်ရဲ့ အနာဂတ်လားရာကို လွှမ်းမိုးလာစေဖို့ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနေပါတယ်။
■ ပြီးခဲ့တဲ့လ မာခါဒို နိုဘယ်ဆုမရခင် ထရမ့်က ဒီဆုအတွက် ပွင့်ပွင့်လင်းလင်း ကြိုးပမ်းပါဝင်ခဲ့ပါသေးတယ်။
■ မာခါဒိုက ထရမ့်ကို သူမရဲ့ဆု ပေးတယ်ဆိုရင်တောင် ဂုဏ်သိက္ခာကတော့ မာခါဒိုဆီမှာပဲ ကျန်ရှိနေမှာဖြစ်ကြောင်း၊ ဆုကို ရုပ်သိမ်း မျှဝေ လွှဲပြောင်းလို့ မဖြစ်နိုင်ကြောင်း နော်ဝေးနိုဘယ်ဆုအဖွဲ့အစည်းက ပြောထားပါတယ်။
■ ဒါနဲ့ပတ်သက်ပြီး ထရမ့်ကလည်း ဆုကိုလိုချင်တယ်လို့ မပြောကြောင်း ဖြေကြားခဲ့ပါတယ်။
■ ထရမ့်က ဗင်နီဇွဲလားရဲ့ ဒီမိုကရက်တစ်အရေးမှာ အားထုတ်ခဲ့တာကြောင့် ရေနံတွေကို အမေရိကန်ရရှိရေးကို ဦးစားပေးလိုပါတယ်။
■ မာခါဒိုက ဗင်နီဇွဲလားကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအနာဂတ်ကို လွှမ်းမိုးနိုင်ရန် ရည်မှန်းနေပါတယ်။
■ မာခါဒိုဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲကနေ ပိတ်ပင်ခံခဲ့ရပြီး အတိုက်အခံပါတီကတော့ မာခါဒိုဟာ ရှုံးနိမ့်ခဲ့ပေမယ့် အာဏာရထားသေးတယ်လို့ ဆိုထားပါတယ်။
Source: Reuters
Page 180 of 2055