#Local_News
Published 14 January 2025

▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် အလွှာစုံမှ ရုပ်ရှင်လောကသားများကို ဆန်၊ ဆီနှင့် စားသောက်ကုန်များ ယခုလအတွင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ လှူဒါန်းမည့်အစီအစဉ်သည် (၁၇)ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပြီး သက်တမ်းရှိ ရုပ်ရှင်အစည်းအရုံးဝင်များကို ဇန်နဝါရီလ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်တို့တွင် လှူဒါန်းသွားမည် ဖြစ်သည်။

▪️ ထိုသို့ လှူဒါန်းရာတွင် ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဗီဒီယို၊ ပြဇာတ်နှင့်နောက်ခံတေးဂီတအလွှာ၊ ညနေပိုင်းတွင်တည်းဖြတ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် အဓိကသရုပ်ဆောင်အလွှာ၊ ဇန်နဝါရီလ ၂၃ ရက်တွင် ဇာတ်ပို့ဇာတ်ရံ နှင့် ဇန်နဝါရီလ ၂၄ ရက်တွင် စက်မှုအလွှာမှ ရုပ်ရှင်လောကသားတို့ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times