#Local_News
Published 10 January 2025
▪️ ရန်ကုန်-ပုသိမ်လမ်း၌ Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်မှ သစ်ပင်ဝင်တိုက်ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
▪️ အောက်တိုဘာ(၁၀)ရက်နေ့၊ မနက်၃နာရီ ၄၀မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၇၇/၃) နှင့် (၇၇/၄)ကြားတွင် ရန်ကုန်မှ-ပုသိမ်သို့ မောင်းနှင်လာသော Toyota Mark II အမျိူးအစား(အဖြူရောင်)ယာဉ်သည် လမ်းချော်၍ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတွင်ရှိသော မလေးရှား ပိတောက်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မနက်၄ နာရီ ၃၅မိနစ်အချိန်တွင်ပြီးစီးခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး (ထိခိုက်ဒဏ်ရာ)မစိုးရိမ်ရနှင့် မ(၁)ဦး (ထိခိုက်ဒဏ်ရာ)မစိုးရိမ်ရတို့အား ကျောင်းကုန်းလူငယ်များ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times