#Local_News
Published 08 January 2025
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဇန်နဝါရီ (၇) ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
▪️ ယခင်ကပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများတင်ပို့ရာမှရရှိသည့် နိုင်ငံခြား ပို့ကုန်ရငွေအပေါ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ညွှန်ကြားချက်ဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လ (၇)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၇/၂၀၂၄ ဖြင့်(၂၅/၇၅) အချိုးကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည် ဖြစ်ကြောင်း သတ်မှတ်ခဲ့ရာမှ ဇန်နဝါရီ (၇) ရက်နေ့မှ စတင်ကာ (၁၅/၈၅) အဖြစ် အသစ်ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
▪️ ထို့ကြောင့်ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 January 2025
▪️ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၌ Probox ယာဉ်(၁)စီးသည် လမ်းဘေးတွင်ရပ်ထားသော (၂၂)ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိရာ သုံးဦးေ-သဆုံး တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၇ ရက်နေ့၊ည ၁၁နာရီ ၈ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံတွင် Probox ယာဉ်(၁)စီးသည် လမ်းဘေးတွင်ရပ်ထားသော (၂၂)ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဝေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ
ယင်းဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး(ေ-သဆုံး)၊ မ(၁)ဦး (ေ-သဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) တို့အား ဝေါပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 08 January 2026
■ တစ်နေ့ကို ဒိန်ခဲ(ချိစ်) ၅၀ ဂရမ်စားသုံးခြင်းဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ လျော့ကျခြင်းနဲ့ ဆက်စပ်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဆွီဒင်မှ လူပေါင်း ၂၇၆၇၀ ကို ၂၅ နှစ်ကြာအောင် ရေရှည်လေ့လာခဲ့ရာမှာ အဆီပါဝင်မှု ၂၀ ရာခိုင်နှုန်းကျော်တဲ့ ချိစ်တွေကို နေ့စဉ်စားသုံးခြင်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေတို့ ဆက်စပ်ပုံကို တွေ့ရှိခဲ့ကြပါတယ်။
■ အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆထားကြပေမယ့် ယခုလေ့လာချက်မှာတော့ အဆီမြင့်မားတဲ့ နို့ထွက်ပစ္စည်းတွေဟာ ဒီမန်ရှာဖြစ်နိုင်ခြေ လျော့ကျနိုင်ဖွယ်ရှိကြောင်း ဆွီဒင် လွန်းတက္ကသိုလ်မှ အာဟာရပညာရှင် အမ်မလီဆိုနက်စ်တက်ဒ်က ပြောပါတယ်။
■ နှစ်စဉ်နှစ်တိုင်း ဒီမန်ရှာရောဂါ ဖြစ်ပွားလာသူ ၁၀ သန်းခန့်ရှိနေပြီး ၂၀၅၀ အရောက်မှာ ၁၅၃ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
■ စမ်းသပ်လေ့လာချက်ထဲမှာ အဆီမြင့်မားတဲ့ချိစ် တစ်နေ့ကို ၅၀ ဂရမ်ကျော် စားသုံးသူတွေဟာ ၁၅ ဂရမ်အောက်သာ စားသုံးသူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတာ တွေ့ရပါတယ်။
■ ထောပတ်စားသုံးခြင်းက ရလဒ်အကောင်းအဆိုး ရောနေပြီး ထောပတ်မြင့်မားစွာ စားသုံးသူတွေမှာ အယ်ဇိုင်းမားဖြစ်နိုင်ခြေ မြင့်မားနိုင်တာလည်း ပါဝင်နေပါတယ်။
■ ယခုသုတေသနအရ နို့ထွက်ပစ္စည်းစားသုံးခြင်းနဲ့ ဒီမန်ရှာဖြစ်ခြင်းတို့ကြား ယခင်လေ့လာမှုတွေ တသမတ်တည်းမဖြစ်တာကို တွေ့နိုင်မှာဖြစ်ပြီး ဒီလိုဆက်စပ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေသွားမှာဖြစ်ပါတယ်။
■ ယခုလေ့လာချက်ဟာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း စမ်းသပ်ခံသူတွေထံမှ စားသောက်ပုံစံ အချက်အလက် ကိုယ်တိုင်တင်ပြချက်များကို ဆန်းစစ်ထားတာဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံတွေက သုံးသပ်ချက်တွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
Source: ScienceAlert
#World_Health
Published 08 January 2026
■ လည်ချောင်းနာခြင်းဆိုတာက အအေးမိခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခြင်းတို့ကြောင့် ဖြစ်တတ်ပြီး မျိုချရ စကားပြောရ ခက်ခဲတတ်ပါတယ်။
■ အဖြစ်နိုင်ဆုံး အကြောင်းအရင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်တတ်တယ်လို့ ဘေလာဆေးပညာကောလိပ်မှ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ ဂျူလီနာအွန်ကာဆူဝမ်က ပြောပါတယ်။
■ သုတေသနတွေနဲ့ ပညာရှင်တွေ ထောက်ခံထားတဲ့ လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးတွေ ရှိပါတယ်။
■ (၁) အကြမ်းရည် - ပူနွေးတဲ့ လက်ဖက်ခြောက်ရည်က လည်ချောင်းစိုစွတ်စေပြီး ချိုသလိပ်တွေကို ပျော်စေကာ အချို့သော လက်ဖက်ခြောက်တွေဆိုရင် ရောင်ရမ်းဆန့်ကျင်အာနိသင်လည်း ပါဝင်ပါတယ်။
■ (၂) ပျားရည် - ချောမွေ့ချိုမြတဲ့အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ပါဝင်တာကြောင့် ဘက်တီးရီးယားများ သေစေပြီး ပျားရည်တစ်စက်နှစ်စက်မျှဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
■ (၃) ဆားရည် - ဆားရည်ဖြင့် အာလုတ်ကျင်းခြင်းကလည်း ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေကာ ချွဲတွေကို ရှင်းလင်းပေးပြီး ပိုးသတ်ဆေးပါတဲ့ ခံတွင်းသန့်စင်ဆေးတွေထက် ပိုပြီးထိရောက်မှုရှိပါတယ်။
■ (၄) အစပ် - ပူစပ်တဲ့အစားအစာတွေမှာ ပါဝင်တဲ့ ကပ်ဆိုင်စင်က ရောင်ရမ်းခြင်းနဲ့ နာကျင်မှုတို့ကို သက်သာစေနိုင်ပြီး ငရုတ်ကောင်း ဒါမှမဟုတ် ငရုတ်ဆီတို့ကို ရေနွေးထဲထည့်ပြီး အာလုတ်ကျင်းနိုင်ပါတယ်။
■ (၅) ငုံဆေးပြား - ငုံဆေးပြား ငုံခြင်းဖြင့် တံတွေးထွက်စေကာ လည်ချောင်းစိုစွတ်စေပြီး လည်ချောင်းနာခြင်းကို သက်သာစေတဲ့ မန်သောလ်လည်း ပါဝင်တာကြောင့် ချက်ချင်းသက်သာစေပါတယ်။
Source: Independent
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုနဲ့ ဇနီးကို အမေရိကန်တို စစ်ရေးအရ ဖမ်းဆီးခဲ့တဲ့အပေါ် ဗင်နီဇွဲလားကရာကက်စ်မှာ တနင်္ဂနွေနေ့က ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီး အများစုက မဒူရိုကို ထောက်ခံနေကြပါတယ်။
#World_Crisis
Published 07 January 2026
#ဗင်နီဇွဲလားသမ္မတ # အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံကိုတင်ပို့နိုင်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြုတဲ့ Hi Avocado ခြံကို GACC စစ်ဆေးပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကသိရပါတယ်။
#Local_News
Published 07 January 2026
#ထောပတ်သီး #Hi_Avocado
#YMG/NN #Yangon_Times
မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် လာရောက်သူတွေအဆင်ပြေစေဖို တည်းခိုဆောင်နဲ့ ဈေးဆိုင်ခန်းပေါင်း၁၃၀၀ခန့်ဆောက်လုပ်နေတယ်လို့ ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 07 January 2026
#မန်းရွှေစက်တော်ဘုရားကြီး #မန်းရွှေစက်တော်ဘုရားပွဲတော်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(𝐌𝐂𝐄𝐅)၊ နည်းပညာဖွံဖြိုးတိုးတက်ရေး ကော်မတီမှ ကြီးမှူးဖွင့်လှစ်တဲ့ အဆောက်အဦပြုပြင်ခြင်းဆိုင်ရာ (ပန်းရံ) ဆရာဖြစ် 𝐓𝐎𝐓 သင်တန်းကို မန္တလေးမြို့မှာ ယနေ့စတင်ဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။
#Local_News
Published 07 January 2026
#𝐌𝐂𝐄𝐅 #မန္တလေးမြို့
#YMG/SW #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ပြည်ရေနံမြေတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့အထွက်တိုးရေး သုတေသနပြုလုပ်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 07 January 2026
#ပဲခူးတိုင်းဒေသကြီး #ပြည်ရေနံမြေ
#YMG/SW #Yangon_Times
#Daily_News
Published 07 January 2026
၁။ အဆောက်အဦပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ)ဆရာဖြစ် 𝐓𝐎𝐓 သင်တန်းဖွင့်လှစ်
၂။ မန်းရွှေစက်တော်ဘုရားကြီး၌ တည်းခိုဆောင်နှင့်ဈေးဆိုင်ခန်း(၁၃၀၀)ခန့်ဆောက်လုပ်နေ
၃။ ရှမ်းတောင်ရှိ Hi Avocado ထောပတ်သီးခြံအား GACC စစ်ဆေး
၄။ ဗင်နီဇွဲလားသမ္မတအဖမ်းဆီးခံရသည့်အပေါ် ပြည်သူများမကျေနပ်သဖြင့် ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 January 2026
■ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ဒဏ်ခတ်အရေးယူမှုအနေနဲ့ ဗင်နီဇွဲလားမှ အမေရိကန်သို့ပို့ဆောင်ရမယ့ ရေနံစည်ကို သန်း ၃၀ ကနေ သန်း ၅၀ အထိ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ ပြောပါတယ်။
■ "ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချမှာဖြစ်ပြီး ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေ အကျိုးစီးပွားအတွက် အမေရိကားပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ထိုမှရတဲ့ဝင်ငွေတွေကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်" လို့ ထရမ့်က ဆိုရှယ်မီဒီယာတစ်ခုမှာ ပြောသွားပါတယ်။
■ ဗင်နီဇွဲလားဟာ သိုလှောင်ကန်တွေနဲ့ သင်္ဘောတွေပေါ်မှာ ရေနံစည်ပေါင်းသန်းနဲ့ချီရှိနေပြီး ထရမ့်ရဲ့ ပိတ်ဆို့ထားမှုကြောင့် တင်ပို့လို့မရဘဲ ဖြစ်နေပါတယ်။
■ ထရမ့်ကတော့ စွမ်းအင်ဝန်ကြီး ခရစ္စရိုက်ကို ဒီအစီအစဉ် အကောင်အထည်ဖော်ခိုင်းမှာဖြစ်ကာ ရေနံတွေကို သင်္ဘောတွေနဲ့ တင်ဆောင်ပြီး အမေရိကန်ရှိ ဆိပ်ကမ်းများသို့ တိုက်ရိုက်သယ်ယူသွားခိုင်းမယ်လို့ ပြောထားပါတယ်။
■ အစောပိုင်း တင်ပြချက်များအရ ဗင်နီဇွဲလားရေနံစိမ်းများကို အမေရိကန်မှာ ရေနံချက်ပြီး တရုတ်ထံကနေ လမ်းကြောင်းလွှဲကာ ဗင်နီဇွဲလားကုမ္ပဏီ PDVSA အနေနဲ့ ဖြတ်တောက်ခြင်းမခံရဖို့အတွက် ကရာကက်စ်နဲ့ ဝါရှင်တန်မှ အရာရှိများ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
■ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်က ဗင်နီဇွဲလားမှ ရေနံအများဆုံး ဝယ်ယူသူ ဖြစ်နေခဲ့ပါတယ်။
Source: Reuters
#World_News
Published 07 January 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို ဖမ်းဆီးပြီးနောက် မဒူရိုဟာ မူးယစ်ဆေးတရားစွဲဆိုချက်များမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုဝန်ခံလိုက်ပါတယ်။
■ "ကျွန်ုပ် အပြစ်ကင်းစင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့သူပါ။
ဒီနိုင်ငံရဲ့ သမ္မတဖြစ်နေတုန်းပါပဲ" လို့ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ အသက် ၆၃ နှစ်ရှိ မဒူရိုက စကားပြန်မှတဆင့် ပြောဆိုခဲ့ပါတယ်။
■ မဒူရိုရဲ့ဇနီး စီစီလီယာဖလော်ရက်စ်ကလည်း အပြစ်မရှိကြောင်း ဝန်ခံပြီး မတ်လ ၁၇ ရက်နေ့ကို နောက်ထပ်ရုံးချိန်လိုက်ပါတယ်။
■ အမှုမကြားနာခင် တရားရုံးအပြင်ဘက်မှာ မဒူရိုလိုလားသူတွေရော ဆန့်ကျင်သူတွေရော စုဝေးခဲ့ကြပါတယ်။
■ နာရီပိုင်းအကြာ ကရာကက်စ်မြို့မှာ မဒူရိုရဲ့ လက်ထောက်သမ္မတ ဒယ်စီရိုဒရီဂွက်ဇ်က ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် သစ္စာဆိုခဲ့ပြီး မဒူရိုအတွက် ထောက်ခံစကားများ ဆိုခဲ့ပါတယ်။
■ အမေရိကန်ထောက်လှမ်းရေးတွေက ရိုဒရီဂွက်ဇ်ဦးဆောင်တာကို ထောက်ခံအားပေးတဲ့သဘော မြင်ရပါတယ်။
■ ဒါ့အပြင် ဒေါ်နယ်ထရမ့်ကလည်း ရိုဒရီဂွက်ဇ်နဲ့အတူ အလုပ်လုပ်ကိုင်လိုကြောင်း အကြံပြုထားပါတယ်။
■ မဒူရိုဟာ အကြမ်းသမားများ၊ သူပုန်အဖွဲ့များနဲ့ ဆက်နွယ်နေတဲ့ ကိုကိန်းဖောက်ကားရေးနယ်ပယ်ကွန်ရက်ကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
■ အမေရိကန်တိုက်ခိုက်မှုအတွင်း ထိခိုက်သွားတဲ့ ဗင်နီဇွဲလား ရေနံအဆောက်အဦများ ပြန်လည်တည်ဆောက်ဖို့အတွက် အမေရိကန်ရေနံကုမ္ပဏီများ ပါဝင်ပေးဖို့ ထရမ့်အစိုးရအဖွဲ့က စီစဉ်ထားပါတယ်။
■ မဒူရိုကို ဖမ်းဆီးခြင်းနဲ့ အမေရိကန် ဝင်ရောက်စွက်ဖက်မှုရဲ့ တရားဝင်မှုရှိမရှိကို ကမ္ဘာ့ခေါင်းဆောင်များနဲ့ ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြပါတယ်။
Source: Reuters
Page 188 of 2055