#World_Health
Published 05 April 2026

■ လူတိုင်းက တစ်ကြိမ်တစ်ခါလောက်တော့ ခေါင်းအုံးပေါ်ကို သွားရည်တွေ ကျဖူးကြပါတယ်။

■ တစ်ခါတလေ ဖြစ်တာက သိပ်ပြီးကိစ္စမရှိပေမယ့် အမြဲတမ်းဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်တယ်လို့ ချီကာဂို နော့သ်ဝက်စတန်း ဖိန်းဘာ့ဂ်ဆေးတက္ကသိုလ်မှ ဦးခေါင်းနှင့်လည်ပင်းဆရာဝန်ကြီး ဒေါက်တာ လန်ဒန်ဒိုင်ကာက ပြောပါတယ်။

■ အိပ်နေရင်း သွားရည်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိနေပါတယ်။

■ (၁) အိပ်ပျော်စဉ်အသက်ရှူရပ်ခြင်း - ညအိပ်စဉ် ခဏခဏ အသက်ရှူရပ်တဲ့အခါ ပါးစပ်ကနေ ကြာရှည်အသက်ရှူရသဖြင့် တံတွေးတွေ အိုင်လာပါတယ်။

■ (၂) ပါးစပ်ဖြင့်အသက်ရှူခြင်း - အချို့လူတွေဟာ နှာခေါင်းတွင်းလမ်းကြောင်း အလွန်သေးငယ်ကျဉ်းမြောင်းတာကြောင့် ပါးစပ်ကနေ အသက်ရှူကြရတာကြောင့် နှာခေါင်းပိုင်းခြားအရိုးတွေနဲ့ ပိတ်ဆို့နေတယ်လို့ သံသယရှိရင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုနဲ့ ပြသသင့်ပါတယ်။

■ (၃) အက်ဆစ်လျှံတက်ခြင်း - ပါးစပ်ထဲ အရသာမကောင်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့ခြင်းတို့က အက်ဆစ်လျှံတက်တဲ့ လက္ခဏာတွေဖြစ်ပြီး သွားရည်ကျစေနိုင်ပါတယ်။

■ (၄) နှာခေါင်းပိတ်ခြင်း - အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းတို့က အသက်ရှူလမ်းကြောင်း ပိတ်စေပြီး သွားရည်ကျစေနိုင်ပါတယ်။

■ (၅) ခံတွင်းပြဿနာများ - သွားကြိတ်ခြင်း၊ အပေါ်သွားနဲ့အောက်သွား မညီညာတို့ကြောင့် ညအိပ်တဲ့အခါ ကောင်းစွာပါးစပ်မပိတ်နိုင်ဘဲ သွားရည်ကျစေပါတယ်။

■ (၆) အိပ်စက်မှုပုံစံ - ဘေးတိုက်နဲ့ မှောက်လျက်အိပ်တတ်သူတွေဟာ ကမ္ဘာ့မြေဆွဲအားကြောင့် လျှံလာတဲ့တံတွေးတွေ ခေါင်းအုံးပေါ် ကျနိုင်ပါတယ်။

Source: AOL