#World_Science
Published 06 April 2026

■ ကြောင်တွေ ပြုတ်ကျတဲ့အခါ အမြဲတမ်း ခြေလက်တွေနဲ့ပဲ ကျတဲ့အကြောင်းကို သိပ္ပံပညာရှင်တွေ သိချင်နေခဲ့ပါတယ်။

■ ယခုတော့ ဂျပန် ယာမာဂူချီတက္ကသိုလ်အဖွဲ့ တွေ့ရှိချက်မှာတော့ ကြောင်တွေရဲ့ ကျောရိုးအပေါ်ပိုင်းက ခါးဆစ်ပိုင်းထက် ပိုပြီးကျုံ့နိုင်ဆန့်နိုင်စွမ်း မြင့်မားတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

■ လေထဲမှာပဲ ခန္ဓာကိုယ်တည့်မတ်အောင် တုံ့ပြန်နိုင်စွမ်းကြောင့်ပဲ ကြောင်တွေဟာ ပြုတ်ကျရင် ပြင်းပြင်းထန်ထန် မထိခိုက်စေပါဘူး။

■ ပြုတ်ကျနေရင်း လေထဲမှာ ကျောရိုးလည်နိုင်ခြင်းက ရူပဗေဒသဘောတရားနဲ့ ဆန့်ကျင်နေပါတယ်။

■ သုတေသီတွေက ကြောင်တွေရဲ့ ကျောရိုးတွေကို ကျော်ရိုးအပေါ်ပိုင်းနဲ့ ခါးဆစ်ရိုး ပိုင်းခြားလိုက်ပြီး ကျောရိုးလှည့်လည်စွမ်းအားတို့ကို စမ်းသပ်ခဲ့ကြပါတယ်။

■ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို သိရှိနိုင်ဖို့ ပခုံးတွေနဲ့ တင်ပါးတွေမှာ အမှတ်အသားများ ပြုလုပ်ခဲ့ကာ ကျန်းမာသန်စွမ်းတဲ့ ကြောင်နှစ်ကောင် ကူရှင်ပေါ် ပြုတ်ကျပုံကို မြန်နှုန်းမြင့်ဖမ်းယူနိုင်တဲ့ ကင်မရာတွေဖြင့် ကြည့်ရှုခဲ့ကြပါတယ်။

■ ကျောရိုးတစ်ခုလုံးက ညီညီညာညာ ကွေးနိုင်ဆန့်နိုင်တာ မဟုတ်ဘဲ ကျောရိုးအပေါ်ပိုင်းက အတော်လေး ကွေးနိုင်ဆန့်နိုင်ကာ ၅၀ ဒီဂရီခန့် အလွယ်တကူလှည့်ပစ်နိုင်ပါတယ်။

■ ခါးဆစ်ပိုင်းကတော့ ပိုမိုတောင့်တင်းပြီး ဟန်ချက်ထိန်းသိမ်းပေးတဲ့အနေနဲ့ လုပ်ဆောင်ပါတယ်။

■ ဒါကြောင့် လေထဲမှာ ဦးခေါင်းနဲ့ ရှေ့ခြေထောက်တို့က လည်သွားပြီး မြေကြီးကို အရင်ထိတာ ဖြစ်ပါတယ်။

■ ခန္ဓာကိုယ်အနောက်ခြမ်းကတော့ ခိုင်မာတဲ့ ထောက်တိုင်အဖြစ် ရှိနေကာ ထိန်းမနိုင်တာမျိုး မဖြစ်စေတော့ပါဘူး။

■ ဒီတွေ့ရှိချက်တွေကနေ တိရိစ္ဆာန်တွေရဲ့ လှုပ်ရှားမှုတွေကို တွက်ချက်ပြီး ကျောရိုးဒဏ်ရာတွေကို ကုသစေနိုင်မယ်လို့ အကြံပြုထားပါတယ်။

Source: Phys