#World_Health
Published 06 April 2026

■ အသက် ၅၀ ကျော်ခန့်ရှိတဲ့ အမွှာတွေကို စမ်းသပ်ကြည့်ရာမှာ ပရိုတိန်းနဲ့ ပရီဘိုင်အိုတစ်တွေကို နေ့စဉ်ရောစပ်သုံးစွဲစေခြင်းက ၁၂ ပတ်ကြာပြီးနောက် မှတ်ဉာဏ်စမ်းသပ်မှုမှာ ရလဒ်တိုးတက်ခဲ့တာ တွေ့ရပါတယ်။

■ ဒီနောက် အူလမ်းကြောင်း ပိုးမွှားစနစ်တွေက ဦးနှောက်နဲ့ ဘယ်လိုချိတ်ဆက်လဲဆိုတာကို ဆက်စပ်လေ့လာခဲ့ကြပါတယ်။

■ အူလမ်းကြောင်းဘက်တီးရီးယားတွေကို အားပေးခြင်းက မှတ်ဉာဏ်ပိုပြီး ထက်မြက်လာစေမလား ဆိုတာကို ပုံဖော်ခဲ့ကြပါတယ်။

■ အသက် ၆၀ နဲ့အထက် နှစ်ယောက်တွဲ ၃၆ စုံခေါ်ယူပြီး တစ်ဦးကို အင်နျူလင်နဲ့ ဖရပ်တိုအိုလီဂိုဆက်ခရိုက် ပေါင်းစပ်အသုံးပြုစေပြီး နောက်တစ်ဦးကိုတော့ အာနိသင်မရှိတဲ့ဆေး ပေးခဲ့ပါတယ်။

■ ၁၂ ပတ်ကြာအောင် အွန်လိုင်းမေးမြန်းမှုပုံစံများဖြင့် ဦးနှောက်အသိဉာဏ် စမ်းသပ်မှုများ၊ အညစ်အကြေးနမူနာများ မေးမြန်းခဲ့ကြပါတယ်။

■ ဆေးပေါင်းစပ်မှုကို တုံ့ပြန်လို့ထွက်လာတဲ့ ဘိုင်ဖီဒိုဘက်တီးရီးယမ်း များလာခြင်းက အချို့သော ပိုးမွှားတွေပမာဏ ပြောင်းလဲစေပါတယ်။

■ ပရီဘိုင်အိုတစ် သုံးစွဲတဲ့အဖွဲ့က PAL စမ်းသပ်မှုတွေမှာ ဦးနှောက်အသိဉာဏ်ပေါင်းစပ် လုပ်ဆောင်ချက် အမှတ်ပိုရပြီး အမှားပိုနည်းပါတယ်။

■ ၁၂ ပတ်တည်းနဲ့ ဒီပြောင်းလဲမှုတွေကို မြင်ရတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်မြှင့်တင်ဖို့ အရေးပါလာနိုင်ပါတယ်။

■ လက်တွေ့သက်ရောက်မှုတွေကို အတည်ပြုရှာဖွေနိုင်ဖို့ နောက်ထပ်စမ်းသပ်မှုကြီးတွေ ပြုလုပ်ရဦးမှာပါ။

■ ဒီလေ့လာချက်ကြောင့် စိတ်ချရတဲ့ ပရီဘိုင်အိုတစ်တွေက သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ကျန်းမာရေး မြှင့်တင်နိုင်စွမ်းကို သိရှိလာစေပါတယ်။

Source: Earth.