#World_News
Published 07 April 2026

■ အီရန်နဲ့စစ်ပွဲမှာ အမေရိကန်ကို အားပေးထောက်ခံခြင်းမပြုတဲ့ မဟာမိတ်တွေကို သမ္မတဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

■ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ အခုနောက်ဆုံး နေတိုး(NATO)ကပါ မကူညီခဲ့ဘူးလို့ ထရမ့်က ဧပြီ ၆ ရက်နေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

■ မြောက်ကိုရီးယားရန်မှ ကာကွယ်ပေးဖို့ ဂျပန်မှာ အမေရိကန်တပ်သား ၅ သောင်း၊ တောင်ကိုရီးယားမှာ တပ်သား ၄ သောင်းခွဲ ထားပေးထားတယ်လို့ ဆိုပါတယ်။

■ ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ်၊ ဘာရိန်း၊ ယူအေအီးတို့လို ပင်လယ်ကွေ့နိုင်ငံတွေကိုတော့ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့အတွက် ချီးကျူးသွားပါတယ်။

■ နေတိုးက ဘာမှမကူညီတဲ့အတွက် သူတို့ကိုလည်း မလိုအပ်ဘူးလို့ ဆိုပါတယ်။

■ ပြီးခဲ့တဲ့လက အရှေ့အလယ်ပိုင်းသို့ သွားနေတဲ့ အမေရိကန်စစ်လေယာဉ်တစ်စင်း ဆစ္စလီလေတပ်စခန်းသို့ ဆိုက်ကပ်ရန် ခွင့်ပြုချက်ကို အီတလီအစိုးရက ငြင်းပယ်ခဲ့ပါတယ်။

■ ဒီဆုံးဖြတ်ချက်က နိုင်ငံရေးနဲ့ ကမ္ဘာ့အင်အားရေးဆိုင်ရာ သတိထားစရာများကြောင့် အမေရိကန်က အီတလီမြေမှာ စစ်ဆင်ရေးများအတွက် လက်ရှိသဘောတူညီချက်အရ လိုအပ်တဲ့ ခွင့်ပြုချက် မတောင်းခံဘဲ အီတလီစစ်ခေါင်းဆောင်တွေနဲ့လည်း မဆွေးနွေးခဲ့ပါဘူး။

Source: WION