#World_News
Published 01 April 2026
■ အီရန်သမ္မတ မာဆုဒ်ပါဇက်ရှ်ကီယန်က အမေရိကန်၊ အစ္စရေးလ်တို့နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို မဖြစ်မနေ အဆုံးသတ်လိုတဲ့ဆန္ဒ ရှိတဲ့သဘော မတ်လ ၃၁ ရက်နေ့က ပြောပါတယ်။
■ ဒါပေမဲ့ နောက်ထပ် ရန်လိုတိုက်ခိုက်မှုတွေ ထပ်မလုပ်ရဘူးဆိုတဲ့ အာမခံချက်တွေ အလိုရှိတယ်လို့ အလေးထားပြောပါတယ်။
■ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဘူးလို့ အာမခံချက်မျိုးရရင် ပဋိပက္ခအဆုံးသတ်လိုတယ်လို့ ပါဇက်ရှ်ကီယန်က ဥရောပကောင်စီဥက္ကဌနဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။
■ ဒီစကားတွေက အီရန်ရဲ့သဘောထား ပျော့ပျောင်းလာတဲ့သဘော မြင်နေရပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဟော်မုဇ်ရေလက်ကြား အများစုပိတ်ထားရင်တောင်မှ စစ်ဆင်ရေးအဆုံးသတ်ဖို့ ပြင်ဆင်နေကြောင်း ပြောထားပါတယ်။
■ ရေလက်ကြားပြန်ဖွင့်ရေး စစ်ဆင်ရေး အင်ပြည့်အားပြည့် ဆောင်ရွက်နေခြင်းက ထရမ့်မျှော်မှန်းထားတဲ့ အချိန်ကာလထက် ကျော်လွန်သွားဖွယ် ရှိနေပါတယ်။
■ ထရမ့်ရဲ့ လက်ရှိဗျူဟာက အီရန်ရဲ့ ဒုံးကျည်တွေနဲ့ ရေတပ်အင်အားတွေကို ရိုက်ခတ်စေဖို့ ဖြစ်ပါတယ်။
■ ဒါပေမဲ့ အမေရိကန်က နောက်ထပ်တပ်အင်အားတွေနဲ့ ဖြည့်တင်းသွားမယ်လို့လည်း သတိပေးနေပါတယ်။
■ မကြာခင်မှာ သဘောတူညီချက်တစ်ခုခု မရဘူးဆိုရင် အီရန်ရဲ့ အရပ်ဘက် အဆောက်အအုံတွေကို တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
■ အီရန်က အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နေပြီး အီရန်အပေါ် ခင်မင်တဲ့သဘောပြတဲ့ နိုင်ငံတွေကို ရေလက်ကြားကနေ ဖြတ်သန်းခွင့် ပေးထားပါတယ်။
Source: WION