“တပ်မတော်သည် "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟူ  သော ခံယူချက်ဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်”

၈၁နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းထဲမှ မှတ်သားစရာ(၆)ချက်ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

◾️၁။ သမိုင်းကြောင်းနှင့်လွတ်လပ်ရေးတာဝန်- ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နှင့် ပြည်သူ ပူးပေါင်းပြီး အောင်မြင်စွာ စတင် တွန်းလှန်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကျင်းပခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ဒို့တာဝန်အရေးသုံးပါးကို သမိုင်းတစ်လျှောက် အသက်သွေးချွေးပေးဆပ်၍ ကာ   ကွယ်စောင့်ရှောက်ခဲ့သည်။

◾️၂။ အမျိုးသားနိုင်ငံရေးနှင့် ဒီမိုကရေစီ ကာကွယ်ရေး- တပ်မတော်သည် နိုင်ငံရေးကို ဦးဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံရဲ့အရေးအတွက် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ နိုင်ငံ၏လိုအပ်ချက်အရ ပူးပေါင်း ပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရခြင်းမှာ မဲမသမာမှုများကြောင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲက တစ်ဆင့် အသစ် ပေါ်ထွက်လာမည့် အစိုးရသစ်ကို တပ်မတော်သည် အထောက်အကူပြု ဆောင်ရွက်သွားမည်။

◾️၃။ခေတ်မီတပ်မတော် တည်ဆောက်ရေးနှင့် စည်းကမ်း- အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်  သော တပ်မတော်ဖြစ်စေရန် စဉ်ဆက်မပြတ်လေ့ကျင့်ရေး၊ ခေတ်မီစစ်လက်နက်များ ကိုယ်တိုင်ထုတ်  လုပ်တပ်ဆင်ရေးတို့ကို အလေးထားရမည့်အပြင် တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် အမိန့်နာခံမှုကို ခိုင်မာ  အောင် တည်ဆောက်ရမည်ဖြစ်သည်။

◾️၄။အကြမ်းဖက်မှုနှိမ်နင်းရေးနှင့်ပြည်သူ့စစ်မှုထမ်းစနစ်- နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်   စေသော အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိပြီး ပြည်သူ့လုံခြုံရေးစနစ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်  အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

◾️၅။ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်စနစ်တည်ဆောက်ရေး- တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ NCA သဘောတူညီချက်များမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်   နေပြီး လူမျိုးကိုအခြေမခံဘဲ နိုင်ငံနှင့်ကိုက်ညီသော ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်နှင့် ပါတီစုံ  ဒီမို   ကရေစီစနစ်ကို ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်သည်။

◾️၆။ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရေး- တပ်မတော်သည် "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟူ  သော ခံယူချက်ဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆက် လက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။

ကိုးကား- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းအပြည့်အစုံ

infogtraph tatmadaw day edited2x