#World_Health
Published 28 March 2026

■ ဗီဇပြောင်းလဲမှုမြင့်မားတဲ့ SARS-CoV-2 BA.3.2 မျိုးဗီဇကွဲကို နိုင်ငံပေါင်း အနည်းဆုံး ၂၃ နိုင်ငံမှာ တွေ့ရှိထားပါတယ်။

■ အမေရိကန်ခရီးသွား ၄ ယောက်နဲ့ လူနာ ၅ ဦးထံမှ နှာခေါင်းတို့ဖတ်စတို့ကနေ တွေ့ရှိခဲ့ကာ ပြည်နယ်ပေါင်း ၂၅ ခုမှ ရေဆိုးစောင့်ကြည့်နမူနာ ၁၃၂ မျိုး၊ လေယာဉ်ရေဆိုးနမူနာ ၃ မျိုးတို့မှ ရယူခဲ့ကြပါတယ်။

■ ၂၀၂၄ နိုဝင်ဘာလက တောင်အာဖရိကမှ အသက်ရှူလမ်းကြောင်း နမူနာတစ်ခုမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး စပိုက်ခ်ပရိုတိန်း မျိုးဗီဇဖွဲ့စည်းပုံထဲမှာ အစားထိုး ပယ်ဖျက်မှုပေါင်း ၇၀ မှ ၇၅ ခုခန့် ရှိပြီး JN.1 မျိုးဗီဇကွဲဆက်စပ်ကာ LP.8.1 မျိုးဆက်တွေ ဖြစ်ပါတယ်။

■ BA.3.2 က SARS-CoV-2 မျိုးနွယ်အသစ်ဖြစ်ပြီး JN.1 မျိုးနွယ်တွေကနေ ကွဲပြားသွားကာ ၂၀၂၄ ဇန်နဝါရီတည်းက အမေရိကန်မှာ ပျံ့ပွားနေခဲ့တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)သုတေသီတွေက ဖော်ပြထားပါတယ်။

■ ၂၀၂၅ ဇွန် ၂၇ ရက်မှာတော့ အမေရိကန်မှာ ပထမဆုံးတွေ့ရှိမှုကို နယ်သာလန်ကနေ ပြန်လာတဲ့ လူတစ်ယောက်မှာ တွေ့ခဲ့ပါတယ်။

■ ၂၀၂၅ နိုဝင်ဘာမှ ၂၀၂၆ ဇန်နဝါရီအထိ BA.3.2 တွေ့ရှိမှုတွေက ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်တို့မှာ ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။

■ နိုင်ငံအများအပြားမှာ မျိုးဗီဇရှာဖွေမှုတွေနဲ့ စောင့်ကြည့်ရေးစွမ်းရည်တွေ အကန့်အသတ်နဲ့ ဖြစ်နေတာကြောင့် တကယ်တမ်း ရောဂါပျံ့နှံ့မှုကို သိပ်ပြီး မဖော်ပြနိုင်ပါဘူး။

■ စပိုက်ခ်ပရိုတိန်းထဲက BA.3.2 ဗီဇပြောင်းလဲခြင်းတွေက ကာကွယ်ဆေးတွေကရတဲ့ ကာကွယ်မှုကို လျှော့ချနိုင်တာကြောင့် SARS-CoV-2ဆင့်ကဲပြောင်းလဲမှုတွေကို စောင့်ကြည့်သွားဖို့ လိုအပ်ပါတယ်။

Source: CIDRAP