#Local_News
Published_23 Oct 2025
▪️ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၂) ခု ပါဝင်မည့် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပမည် ဖြစ်ကြောင်း ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း AMAUT (Association of Myanmar Alumni from Universities in Thailand) က သိရသည်။
▪️ ယင်းမှာရန်ကုန်တွင် (၁၀)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး AMAUT က ကြီးမှူး၍ ထိုင်းသံရုံး၏ ပံ့ပိုးကူညီ မှုဖြင့် လာမည့် နိုဝင်ဘာလ ၂ ရက်(တနဂ်နွေနေ့) နံနက်၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ ပြည်လမ်း ရှိNovotel Hotel Yangon ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင်မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စား လှယ်များထံမှသတင်းအချက်အလက်များကိုတစ်ပြိုင်နက်တည်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Assumption Unviersity ၊Bangkok University ၊ Dhurakij Pundit University (DPU)၊ Dusit Thani College၊ IRPC Technological College ၊ Kasetsart University (Faculty of Business Administration)၊ King Mongkut's University of Technology North Bangkok (KMUTNB)၊ King Mongkut’s University of Technology Thonburi (KMUTT)၊ Krirk University ၊ North Bangkok University၊ North Chiangmai University၊ Payap University ၊ Prince of Songkla University (PSU, Phuket Campus)၊Prince of Songkla University (PSU)၊ Prince of Songkla University (PSU), Faculty of Medicine၊ Raffles International College၊ Southeast Bangkok University ၊Sripatum University International College(SPUIC)၊ Stamford University၊ Thammasat Business School, Thammasat University၊Thammasat University(Faculty of Economics, PBIC & TBS)၊ University of the Thai Chamber of Commerce (UTCC) စသည့် တက္ကသိုလ်များ က တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်ကွန်ရက်များချိတ်ဆက်နိုင်မည့် ပညာရေးပြပွဲသို့ မည်သူ မဆိုဝင် ကြေးအခမဲ့ဖြင့်လာရောက်လေ့ လာနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ International students with O level, A level ၊တက္ကသိုလ်တက်ရောက်နေသူများ၊ မဟာဘွဲ့တက်ရောက်လိုသူများ၊ ပါရဂူ ဘွဲ့ တက်ရောက်လိုသူများအတွက် ပညာသင်ထောက်ပံ့ကြေး Scholarship ပုံစံအမျိုးမျိုးဖြင့် ပညာသင်ယူရန် လေ့လာခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ From Study to Success: Future-Ready Skills, Career Pathways, and Scholarship Opportunities in Thailand အကြောင်းကိုလည်း AMAUT တာဝန်ရှိသူများကဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရသည်။
#YMG/PP #Yangon_Times
အရည်အသွေးကောင်းမွန်တဲ့ကောက်ညှင်းဆန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ စီမံချက်ချမှတ်ဆောင်ရွက်နေပြီး တောင်သူတွေနဲ့ဆွေးနွေးကာ ကန်ထရိုက်
လယ်ယာစနစ်ဖြင့်ဆောင်ရွက်ဖို့ အလားအလာရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 23 October 2025
#ကောက်ညှင်းဆန် #ဆန်စပါး
#YMG/NN #Yangon_Times
#Daily_News
Published 23 OCtober 2025
၁။ ကောက်ညှင်းဆန်စိုက် တောင်သူများနှင့်ဆွေးနွေးပြီးကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးရန်ရှိနေ
၂။ ရော်ဘာ ပို့ကုန်ဝင်ငွေတိုးမြှင့်ရရှိရေးနှင့် တစ်ဧက အထွက်နှုန်းတိုးရေးစီမံချက်ရေးဆွဲဆောင်ရွက်နေ
၃။ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ပြည်တွင်းစားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေး ဆောင်ရွက်မည်
၄။ ပြဿနာအခက်အခဲများနှင့်ရင်ဆိုင်သွားရမည့် ဂျပန်အာဏာရညွန့်ပေါင်းအစိုးရသစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 October 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းများကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကောက်ယူနိုင်ရေးအတွက်ရှမ်းပြည်နယ်(တောင်ကြီး)၊ ရှမ်းပြည်နယ် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကောက်ယူရေးလုပ်ငန်းအဖွဲ့၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း ကောက်ယူနိုင်ရေး ကြိုတင်ရှင်းလင်းပွဲအခမ်းအနားကို အောက်တိုဘာလ၂၂ရက် နံနက် ၁၀ နာရီက အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ေကြာင်း သိရသည်။
▪️ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း(၂၀၂၅)ကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းပေါင်း ၄၂၀ ခုကို စစ်တမ်းကြီးကြပ်ရေးမှူး ၃ ဦးနှင့် စာရင်းကောက် ၁၀ ဦးတို့ဖြင့် မြို့နယ် ၃ မြို့နယ်တွင် အဖွဲ့များခွဲ၍ ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ အဆိုပါစစ်တမ်းမှ ရရှိလာမည့် အချက်အလက်များသည် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန် အလွန်အရေးပါသည့်အတွက် ကောက်ယူသည့်စာရင်းများ အရည်အသွေးပြည့်ဝစေရန်၊ မှန်ကန်ရန် လိုအပ်သည့်အတွက် သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် စာရင်းများရရှိမှသာ ထိရောက်သည့် MSME ဖွံ့ဖြိုးရေးမူဝါဒကို ချမှတ်နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
▪️ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု)စစ်တမ်း(၂၀၂၄)ကို ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ကောက်ယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 October 2025
▪️ ရန်ကုန်ကုတင် (၅၀၀ )အပါအဝင် ဆေးရုံကြီးသုံးခု၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများပြုလုပ်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးတိုးတက် စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်ရောဂါလူနာများအတွက် ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူနိုင်ရန် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့တွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမာန်နေ့မနက်ပိုင်းက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဒုတိယအကြိမ်နှင့်တတိယအကြိမ်အဖြစ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူထားသော လူနာနှင့်အလှူရှင်များကိုတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစားအသောက်လက်ဆောင်များ ပေးအပ်သည်။
▪️ ထို့နောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများအား တွေ့ဆုံအားပေးကာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားသည်။
▪️ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ ဒုတိယအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၆ ရက်တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နေ အသက် (၃၁)နှစ်ရှိ အမျိုးသားကျောက်ကပ်လူနာနှင့် ကျောက်ကပ်အလှူရှင် အစ်ကိုတော်စပ်သူ အသက်(၄၃)နှစ် အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို မနက် ၉ နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီ ကြာမြင့်ခဲ့ကြောင်းသိရသည်။
▪️ တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အောက်တိုဘာ ၁၇ ရက်တွင် နေပြည်တော်တပ်ကုန်းမြို့နယ်နေ အသက်(၃၁)နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီး (သားဖွားဆရာမ)နှင့် ကျောက်ကပ်အလှူရှင် မိခင်တော်စပ်သူ အသက် (၅၂)နှစ် အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို နံနက်၉နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲတွင် ခွဲစိတ်ကုသမှုပြီးစီးခဲ့၍ စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီခွဲကြာမြင့်ခဲ့သည်။
ဒုတိယအကြိမ်နှင့်တတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့်ကျောက်ကပ်အလှူရှင်လေးဦးတို့၏ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သောပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ကျောက်ကပ်အစားထိုးကုသမှု ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်နှင့်တတိယအကြိမ်အဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 October 2025
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(နေပြည်တော်ဇုန်)၏ စီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များတွင်တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယမာန်နေ့မနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်(၁)ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်း၊ ဧည့်ဝတ်ဖော်ရွေ ပျူငှာမှုများရှိရန် လိုအပ်သကဲ့သို့ လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှုအတွက် စွမ်းဆောင်ရည်မြင့်မားသော လုံခြုံရေးအစီအမံများချမှတ်ဆောင်ရွက်ခြင်းသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ရိုးရာသိုင်းပညာသင်ကြားခြင်းဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်တွေ့အသုံးချထိန်းသိမ်းထားနိုင်ခြင်း၊ စည်းကမ်းကျင့်ဝတ်များနှင့်အညီ ခရီးသွားဧည့်သည်များအပေါ် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ခြင်း စသည့်ဝန်ဆောင်မှု စွမ်းဆောင်ရည်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ရိုးရာသိုင်းပညာရပ်ကိုအခြေခံပြီး လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက်သာမက လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုရရှိရေးကိုပါ ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်သည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သီတင်းကျွတ်ပွဲတော်ကာလအတွင်း ဟိုတယ်များမှရောင်စုံမီးအလှဆင်ခြင်းတွင် ဆုရရှိကြသည့် ဟိုတယ်များကိုဆုများပေးအပ်ပြီး သင်တန်းဆင်းလုံခြုံရေးဝန်ထမ်းများ၏ သိုင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။
▪️ သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 October 2025
■ ရုရှားက နျူကလီးယားလက်နက်များပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခဲ့ရာ အမေရိကန်က ရုရှားအဓိကရေနံကုမ္ပဏီတွေကို ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ကတိကဝတ်မတည်ဘူးလို့ ရုရှားတို့ကို စွပ်စွဲလိုက်ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ထိပ်သီးအစည်းအဝေးအစီအစဉ်များ ပျက်ပြယ်ပြီးနောက်နေ့မှာပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
■ Rosneft နဲ့ Lukoil ရေနံကုမ္ပဏီကြီးနှစ်ခုကို အဓိကပစ်မှတ်ထားကာ ရုရှားအတွက် စစ်လက်နက်တွေ ဖြည့်တင်းပေးနေတဲ့ အခြေအနေကို အထိနာစေမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။
■ ထရမ့်က စစ်ပွဲအဆုံးသတ်ရေးကို ပူတင်သဘောတူလက်ခံဖွယ် ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ဖြင့် အမေရိကန်လွှတ်တော်အမတ်တွေ စွမ်းအင်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့ ဖိအားပေးနေခဲ့တာကို တောင့်ခံနေခဲ့တာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ အဆုံးသတ်ဖို့လမ်းမမြင်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့သင့်ပြီလို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
■ ယူကရိန်းကိုလည်း တာဝေးပစ် တာမာဟော့ခ်ဒုံးကျည်များ ထောက်ပံ့ပေးဖို့ အသင့်မဖြစ်သေးဘူးလို့လည်း ပြောပါတယ်။
■ ရုရှားစစ်ရေးလေ့ကျင့်မှု ဗီဒီယိုတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး ဗလယ်ရီဂျရာဆီမော့ဗ်က ပူတင်ကို စစ်ရေးလေ့ကျင့်မှုတွေအကြောင်း တင်ပြနေတာ တွေ့ရပါတယ်။
■ ရုရှားရဲ့ နျူကလီးယားစွမ်းအားက ယူကရိန်းနဲ့ အနောက်တိုင်းမဟာမိတ်တွေကို သတိပေးရာရောက်တယ်လို့ ပူတင်က ထပ်မံအသိပေးထားပါတယ်။
■ ဥရောပသမဂ္ဂကလည်း ရုရှားဓာတ်ငွေ့တင်ပို့မှုများကို ပိတ်ဆို့ခြင်းအပါအဝင် ၁၉ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုများကို အတည်ပြုခဲ့ပါတယ်။
Source: Reuters
#World_Health
Published 23 October 2025
■ စစ်ပွဲတွေဖြစ်ပြီးနောက် လူတွေဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ နေနေကြရပြီး အိပ်ကောင်းစားကောင်းခြင်း မရှိဘဲ စိတ်ဖိစီးမှုတွေပါ ဖြစ်ပေါ်လာပါတယ်။
■ ဖိအားကြာရှည် ခံစားရတဲ့အခါ မျက်နှာပေါ်မှာ အရေးကြောင်းတွေ သိသာထင်ရှားလာတယ်လို့ အရေပြားအထူးကုသုံးဦး သဘောတူပြောဆိုထားပါတယ်။
■ နေထိုင်လို့ သိပ်မကောင်းတဲ့သူတွေဟာ ကြည့်လို့မကောင်းကြဘူးလို့ ဒေါက်တာ မာရီနာလန်ဒေါက်က ပြောပါတယ်။
■ ဖိစီးမှုရှိလာရင် ဆေးလိပ်သောက်ခြင်း၊ အစားမစားခြင်းတို့ ဖြစ်လာပြီး အရေပြားထိခိုက်လာကာ အရေးကြောင်းတွေ ပေါ်လာပါတယ်။
■ ဒေါက်တာ မိုက်ကယ်ဘန်ကလာကလည်း ဖိစီးမှုကြောင့် မျက်မှောင်ကျုံ့တဲ့အချိန် များလာကာ ရှိပြီးသားအရေးကြောင်းတွေ ပိုပေါ်လာစေပြီး စိုးရိမ်ပူပန်စိတ်တွေက အရေပြားကို အတော်လေးထိခိုက်စေတယ်လို့ ဆိုပါတယ်။
■ ဒီအတွက် ရေများများသောက်ခြင်း၊ အာဟာရပြည့်စုံစွာစားခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းတို့ ပြုလုပ်သင့်သလို အလှအပရေးရာနည်းလမ်းများ အသုံးပြုနိုင်ပါတယ်။
■ ဟိုင်ယာလျူရွန်နစ်အက်ဆစ် အခြေခံထားတဲ့ နိုဘယ်ဆုရနည်းပညာက ဒီအခြေအနေကို ဖြေရှင်းနိုင်ဖွယ် ရှိနေပါတယ်။
■ Alma ကထုတ်တဲ့ HALLURA ဟာ အသားအရေကို ပြန်လည်ဖြည့်တင်းရုံမက အသွေးအသား တိုးတက်စေကာ မျက်နှာနဲ့လုံးဝလိုက်ဖက်တဲ့ သဘာဝရလဒ် ရရှိစေနိုင်ပါတယ်။
■ အစ္စရေးလ်ကထုတ်တဲ့ ဟိုင်ယာလျူရွန်နစ်အက်ဆစ်က အရေးကြောင်းတွေကို ဖြည့်တင်းပေးပြီး အရေပြားကောင်းအောင် လှုံ့ဆော်ပေးတယ်လို့ ဒေါက်တာလန်ဒေါက်က ရှင်းပြပါတယ်။
■ ဖိစီးမှုတွေများတဲ့ကာလမှာ ကိုယ့်ကိုယ်ကို အသားအရေထိန်းသိမ်းကြဖို့ အရေးကြီးကြောင်း ဒေါက်တာ လာဗစ်အက်ကာမန်းက ပြောသွားပါတယ်။
Source: The Jerusalem Post.
#World_Health
Published 23 October 2025
■ အရက်သောက်ပြီးနောက် အမူးပြေချင်တဲ့အခါ နည်းမျိုးစုံကျင့်သုံးကြပြီး လက်ဖက်ရည် ကော်ဖီသောက်ခြင်းကလည်း မြန်မြန်အမူးပြေစေတယ်လို့ ယူဆနေကြပါတယ်။
■ ဒါပေမဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲက အယ်ကိုဟောကို မြန်မြန်ဖြစ်ပျက်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထား မရှိဘူးလို့ ပြည်သူ့ကျန်းမာရေးပညာရှင် ဒေါက်တာ ဂျာဂါဒစ်ရှ်ဟိုင်ယာမက်က ရှင်းပြထားပါတယ်။
■ အသည်းဟာ အယ်ကိုဟောကို ပုံမှန်နှုန်းအတိုင်းပဲ ချေဖျက်ပြီး ကဖင်းဓာတ်က ဒီဖြစ်စဉ်ကို ပိုပြီးမမြန်စေဘူးလို့ ဆိုပါတယ်။
■ ကဖင်းက လေးလံခြင်းကို လျှော့ချပေးပြီး ယာယီနိုးကြားစေနိုင်ဖွယ်ရှိတယ်လို့တော့ ဆိုပေမယ့် သွေးထဲက အယ်ကိုဟောကို မဖယ်ရှားပေးပါဘူး။
■ တကယ်တမ်းက ကဖင်းဓာတ်က အမူးပြေသလို ခံစားရစေတာဖြစ်ပြီး အယ်ကိုဟောရဲ့ စိတ်ထိုင်းမှိုင်းမှုကို ဖုံးလွှမ်းတာပါ။
■ ၂၀၁၁ ဝေကာတိုတက္ကသိုလ် လေ့လာချက်မှာ ကဖင်းဓာတ်က အယ်ကိုဟောရဲ့ လှုပ်ရှားမှုလေးလံခြင်းကို ယာယီဖုံးအုပ်ပေးတယ်လို့ သိရပါတယ်။
■ လူတွေက အယ်ကိုဟောမူးတဲ့ပမာဏကို လျှော့တွက်မိကြပြီး ကားမောင်းခြင်းလိုမျိုး ဘေးအန္တရာယ်အပြုအမူတွေ ပြုလုပ်မိပါတယ်။
■ ကဖင်းသောက်ခြင်းကြောင့် မမူးဘူးထင်ပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်ကာ အလွန်အကျွံသောက်ခြင်း၊ အန္တရာယ်အပြုအမူများ ပြုလုပ်ခြင်းတို့ ပြုလုပ်တတ်ကြပါတယ်။
■ အမူးပြေစေမယ့် တစ်ခုတည်းသောနည်းလမ်းက အယ်ကိုဟောချေဖျက်ဖို့ အချိန်ပေးခြင်းပဲ ဖြစ်ပါတယ်။
■ ရေဓာတ်ဖြည့်ခြင်း၊ ပေါ့ပေါ့ပါးပါးစားခြင်း၊ အနားယူခြင်းတို့ဖြင့် အယ်ကိုဟောလက္ခဏာအချို့ သက်သာစေနိုင်ပါတယ်။
Source: Indian Express.
တနင်္လာနေ့အစောပိုင်းက ကုန်တင်လေယာဉ် မတော်တဆဖြစ်မှုကြောင့် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လုံခြုံရေးဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
#World_News
Published 22 October 2025
#ဟောင်ကောင်လေဆိပ် #လေယာဉ်
#YMG #Yangon_Times #Yangon_Media_Group
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းက တောင်သူတွေအတွက် ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနဲ့ ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရမှာ အသုံးပြုနိုင်ဖိုအတွက်စက်သုံးဆီများကို အောက်တိုဘာ ၂၁ ရက်မှစတင်ကာဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2025
#ကချင်ပြည်နယ် #ပူတာအိုမြို့
#YMG/SW #Yangon_Times
စက်သုံးဆီသိုလှောင်စခန်းများနဲ့ အရောင်းဆိုင်များတွေမှာ Real Time Online Monitoring နဲ့ CCTV စနစ်များတပ်ဆင်ခြင်းကို အခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတပ်ဆင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 22 October 2025
#စက်သုံးဆီ #စွမ်းအင်ဝန်ကြီးဌာန
#YMG/SW #Yangon_Times
Page 197 of 2002