#World_News
Published 31 March 2026

■ အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းမယ့် သင်္ဘောတွေကို ဖြတ်သန်းခကောက်ခံမယ့် အဆိုပြုချက်တစ်ခုကို အီရန်အဓိကပါလီမန်ကော်မရှင်တစ်ခုက အတည်ပြုလိုက်တယ်လို့ ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

■ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုန်သွယ်မှု ပြန်လည်အဆင်ပြေစေမယ့် လှုပ်ရှားမှုဖြစ်ပါတယ်။

■ ဒီရေလမ်းကြောင်းအပေါ် အီရန်အချုပ်အခြာအာဏာ သက်ရောက်ပုံကို ဖော်ပြတဲ့အနေနဲ့ ဘဏ္ဍာရေးစီစဉ်မှု မူဘောင်တစ်ခု ဖြစ်တယ်လို့ အရာရှိတွေ ဆိုပါတယ်။

■ ဒီအဆိုပြုချက်က ဘူမိနိုင်ငံရေးတင်းမာမှုကြီးကိုလည်း ဖော်ပြရာ ရောက်နေပါတယ်။

■ ဒီလမ်းကြောင်းကနေ အမေရိကန်နဲ့ အစ္စရေးလ်တို့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို ပိတ်ပင်မှာဖြစ်သလို အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်တဲ့ နိုင်ငံတွေကိုလည်း ပစ်မှတ်ထားပါတယ်။

■ ဟော်မုဇ်ရေလက်ကြားဟာဆိုရင် ကမ္ဘာပေါ်မှာ အရေးကြီးတဲ့ စွမ်းအင်ထိန်းချုပ်မှုနေရာဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။

■ ဒါပေမဲ့ ပဋိပက္ခစဖြစ်တည်းက ရေလမ်းကြောင်းသွားလာမှု သိသိသာသာ ကျဆင်းသွားပါတယ်။

■ စစ်ပွဲနဲ့ဆက်စပ်ပြီး လုံခြုံရေးအန္တရာယ်တွေ နှောင့်ယှက်မှုတွေ မြင့်တက်တာကိုလည်း မြင်တွေ့ရပါတယ်။

■ ဒီလိုမျိုး စွမ်းအင်တင်ပို့မှု လျော့နည်းလာတာကြောင့်ပဲ ကမ္ဘာပေါ်က စွမ်းအင်ဈေးကွက် ကမောက်ကမဖြစ်ကုန်ပြီး ဈေးနှုန်းမြင့်တက်လာပါတယ်။

■ ဖြတ်သန်းခကောက်ခံမယ်ဆိုရင်လည်း နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တင်းမာမှုတွေ ရှိနေဦးမှာဖြစ်တယ်လို့ ကျွမ်းကျင်သူများ သတိပေးထားပါတယ်။

Source: WION