#World_Health
Published 06 January 2026

■ အယ်ကိုဟော အနည်းငယ်သောက်သုံးခြင်းက နှလုံးအတွက် ကောင်းမွန်တယ်လို့ ဆိုကြပြန်ပြီး ကင်ဆာဖြစ်စေတယ်လို့ သတိပေးထားတာတွေကို စိန်ခေါ်လာပါတယ်။

■ အမေရိကန် နှလုံးအဖွဲ့အစည်းရဲ့ ဒီအကြံပြုချက်က အယ်ကိုဟော သောက်သုံးမှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။

■ တစ်နေ့ကို တစ်ခွက်နှစ်ခွက်ခန့် သောက်ခြင်းဖြင့် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ နှလုံးရပ်ခြင်းတို့ကို အန္တရာယ်မဖြစ်စေဘဲ ဒီလိုရောဂါတွေ ဖြစ်နိုင်ခြေကိုပင် လျှော့ချနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

■ အခြားသော ကျန်းမာရေးအဖွဲ့အစည်းတွေကတော့ အယ်ကိုဟောကို အနည်းငယ်မျှ သောက်သုံးလျှင်ပင် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများစေကြောင်း သတိပေးထားပါတယ်။

■ အယ်ကိုဟောသောက်ခြင်းနဲ့ အချို့သောကင်ဆာများ ဖြစ်နိုင်ခြင်း ဆက်စပ်မှုတွေအကြောင်း ဖော်ပြထားတဲ့ တင်ပြချက်တစ်ခုကို အမေရိကန်အစိုးရက စက်တင်ဘာလမှာ ရုပ်သိမ်းခဲ့ပါတယ်။

■ ဒါဟာ အစိုးရက ဒီလိုအကြံပြုထားတဲ့ တင်ပြချက်ကိုပဲ အမှီပြုထားတာကြောင့်ဖြစ်ပြီး မသောက်သူတွေထက် အသက်အန္တရာယ်ဆုံးပါးနိုင်ခြေ လျော့နည်းတယ်လို့လည်း ပါဝင်ပါတယ်။

■ ဒီသုံးသပ်ချက်တွေဟာ နှလုံးသွေးကြောရောဂါတစ်ခုကိုပဲ အာရုံစိုက်ထားတာဖြစ်ပြီး လမ်းညွှန်ချက်အနေနဲ့ မဟုတ်ကြောင်း၊ ဒါကြောင့် အရင်ကမသောက်ရင် စပြီးမသောက်စေလိုကြောင်း နှလုံးအဖွဲ့အစည်းမှ ဒေါက်တာ မာရီယဲဂျေဆပ်စ်က ပြောပါတယ်။

■ အယ်ကိုဟော အနည်းငယ်သောက်လို့ နှလုံးသွေးကြောရောဂါအတွက် အကျိုးရှိစေနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေက ဘေးအန္တရာယ်များပြီး အယ်ကိုဟောနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်သူတွေ သတိပေးနေကြပါတယ်။

Source: SeattleTimes