#Local_News
Published 06 January 2025
▪️ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် Expressကား(၁)စီး မီးလောင်မှု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီ၆ ရက်နေ့၊ မနက်၃နာရီ ၄၄ မိနစ်အချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် Expressကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၃ နာရီ ၅၈မိနစ်အချိန်၌မီးငြိမ်းခဲ့ကြောင်းသိရသည်၊၊
#YMG/NN #Yangon_Times