#Local_News
Published 06 January 2026

▪️ ထိုင်းနိုင်ငံ‌ရောက်မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်‌ေပးခြင်းကို ဒုတိယအကြိမ်ထပ်မံရက်တိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

▪️ ပထမအကြိမ်ရက်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရာ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးဆုံးပြီဖြစ်သော်လည်း အလုပ်အကိုင်အခွင့် အလမ်းများ နစ်နာဆုံး ရှုံးမှုမရှိစေရေးအတွက် Cl သက်တမ်းတိုးခြင်းကို ထပ်မံရက်တိုး၍ ယခုလ ၁၆ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုင်းနိုင်ငံတွင် CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို CIထုတ်ပေး ရေးစခန်း ၄ ခုဖြစ်သည့် စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များ နှင့် Mobile Unit ၁ ခုကို ကရာဘီမြို့တွင် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာလ(၂၁)ရက်တွင် ပြီးစီးခဲ့ရာ ဒီဇင်ဘာလ၃၁ရက်အထိ ထပ်တိုးဆောင်ရွက်ပေးသော်လည်း လက်ရှိတွင် Cl သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို ဇန်နဝါရီလ ၁၆ ရက်အထိ ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရ သိရသည်။

▪️ CI သက်တမ်းတိုး ရန်ကျန်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် သတ်မှတ် ကာလအမီ CI သက်တမ်းတိုး အမြန်ဆုံးသွားရောက်လျှောက်ထားရန်လည်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနှိုးဆော်တိုက်တွန်းထားသည်။

#YMG/SW #Yangon_Times