#Local_News
Published_ 21 April 2023
ဧပြီလ ၂၀ ရက်တွင်ကျင်းပသည့် “Tiangong အာကာသစခန်းမှ အာကာသယာဉ်မှူးများနှင့်စကားဝိုင်း - Shenzhou -15 အာကာသယာဉ်မှူးများနှင့် Shanghai Cooperation Organization (SCO) အဖွဲ့ဝင်နိုင်ငံမှ လူငယ်များ အမေးအဖြေအစီအစဉ်” အွန်လိုင်းသင်ခန်းစာတွင် မြန်မာနိုင်ငံ အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၀ ဦးတက်ရောက်ပါဝင်ခဲ့ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါအစီအစဉ်တွင် SCO အဖွဲ့အတွင်းရေးမှူးချုပ် Mr. Zhang Ming၊ SCO ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Ms. Cui Li ၊ All-China Youth Federation အသင်း ဒုတိယဥက္ကဋ္ဌ Mr. Fu Zhenbang၊ အာကာသယာဉ်မှူးကိုယ်စားလှယ် Mr. Cai Xuzhe တို့မှ အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် Shenzhou-15 အာကာသယာဉ်မှူး Mr. Fei Junlong၊ Mr. Deng Qingming၊ Mr. Zhang Lu တို့သည် Tian Gong အာကာသစခန်းပေါ်မှ SCO အဖွဲ့ဝင်နိုင်ငံမှ လူငယ်များက တရုတ်အာကာသယာဉ်မှူးများ၏ အာကာသခရီးစဉ်အပေါ် သိရှိလိုသည့်မေးခွန်းများကို ဖြေကြားကြပါတယ်။
မြန်မာအထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၀ ဦးသည် ယခုအစီအစဉ်တွင် ပါဝင်ခဲ့ကြပါတယ်။
Shenzhou-15 အာကာသယာဉ်မှူးများသည် အာကာသအတွင်း၌ နေထိုင်လုပ်ကိုင်နေသည်မှာ ၄ လ ကျော်ကြာပြီ ဖြစ်ပါတယ်။
ယခုအကြိမ်အစီအစဉ်သည် တရုတ်နိုင်ငံအာကာသလုပ်ငန်းနှင့် မြန်မာလူငယ်ကျောင်းသားကျောင်းသူများကို ပိုမိုနီးစပ်လာစေရန်ဖြစ်ပြီး တရုတ်သံရုံးက စီစဥ်ပေးခဲ့တာဖြစ်ပါတယ်။



#ymg_mnn #Local_News #တရုတ် #အမေးအဖြေအစီအစဉ် #YMG
#Yangon_Media_Group
#World_Health
Published 21 April 2023
မတ်လအတွင်း အပူချိန်အတက်အကျဖြစ်တတ်ပြီး နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပျက်တတ်ကြပါတယ်။
အဖျားမရှိဘဲနဲ့ နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်းတို့ အချိန်ကြာမြင့်သည့်တိုင်အောင် ခံစားရတတ်ပါတယ်။
အပူချိန်ရုတ်တရက်ပြောင်းလဲခြင်းကြောင့် နှာပိတ်ခြင်းခံစားရတတ်ကြောင်း BLK Max Super Speciality ဆေးရုံမှ ဒေါက်တာ'အတ်တူလ်ဘေဆင်'က ပြောပြခဲ့ပါတယ်။
ဒါဟာ နှာခေါင်းတစ်ရှူးက ရောင်ရမ်းလာပြီး သွေးကြောများဖောရောင်လာခြင်းကြောင့် ဖြစ်ပါတယ်။
ပြဿနာကတော့ နှာခေါင်းမှအရည်ထွက်လာပြီး ပိုလျှံလာတဲ့အချွဲတွေက နှာခေါင်းအနောက်ဘက်မှကျဆင်းလာကာ ချောင်းဆိုးခြင်း လည်ချောင်းနာခြင်းတို့ ဖြစ်လာစေပါတယ်။
ဒါ့အပြင် ဖျားနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ မျိုချရခက်ခဲခြင်းတို့လည်း ခံစားရတတ်ပါတယ်။
ယခုလိုရာသီဥတုမျိုးမှာ ဗိုင်းရပ်စ်တွေရှင်သန်ပေါက်ဖွားနိုင်ချေ အများဆုံးဖြစ်နေပြီး ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်အများအပြားလည်ပတ်နေကြကြောင်း C K Birla ဆေးရုံမှ ဒေါက်တာ'တူရှာတာယယ်'က ပြောပြသွားပါတယ်။
ဗိုင်းရပ်စ်အတော်များများက ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ရာသီအကူးအပြောင်းဖျားနာခြင်းတွေက ဆေးဝါးများဖြင့် သက်သာပျောက်ကင်းတတ်ကြပါတယ်။
နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းတို့အပြင် အဖျားဝေဒနာ ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်နေရင် ပါရာစီတမောလ်သောက်သုံးနိုင်ကြောင်း ဒေါက်တာ'တာယယ်'ကဆိုပါတယ်။
နှာရည်ယို၊ နှာပိတ်ခြင်းတို့အတွက် အန်တီဟစ္စတမင်းဆေးအသုံးပြုနိုင်သလို ချောင်းဆိုးခြင်းအတွက် ငုံဆေးသောက်သုံးနိုင်ပါတယ်။
လည်ချောင်းနာခြင်းအတွက်တော့ ဆားရည်ဖြင့်အာလုတ်ကျင်းခြင်း၊ ဘီတာဒိုင်း၊ ရေနွေးငွေ့ရှူခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ကိုယ်ခံအားမြှင့်တင်ရန်အတွက် ဗိုက်တာမင်စီဆေးပြားများသောက်သုံးနိုင်ပါတယ်။
ပဋိဇီဝဆေးတွေက ဗိုင်းရပ်စ်တွေကို မသက်ရောက်စေနိုင်တာကြောင့် လုံးဝရှောင်ရှားသင့်ပါတယ်။
ရောဂါလက္ခဏာတွေက ၅ ရက်ကျော်လာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။
အာဟာရဓာတ်မျှတတဲ့ ရာသီစာများ၊ ရေအလုံအလောက်သောက်ခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။
#Source: India Today #World_Health #နွေရာသီ #လည်ချောင်းနာ #နှာပိတ်
#YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ပြည်မြို့ တက္ကသိုလ်ကျောင်းရှေ့ ရွက်နုလက်ဖက်ရည်ဆိုင်အနီး ဓာတ်ကြိုးလိုင်းပေါ်တွင် ဧပြီလ ၁၉ရက်နေ့ ညပိုင်းက မျောက်မျိုးနွယ်ဝင် ( မျောက်လေပွေ) slow loris တစ်ကောင်တွေ့ရှိခဲ့လို့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီအဖွဲ့မှာ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်။
#Local_News #ပြည်မြို့ #တက္ကသိုလ်ကျောင်းရှေ့ #ရှားပါးမျောက်မျိုးစိတ်
#YMG #Yangon_Media_Group
#Asia_Design
Published 20 April 2023
တစ်ချိန်က နီယွန်ဆိုင်းဘုတ်များဖြင့် ရောင်စုံထွန်းလင်းတောက်ပခဲ့တဲ့ ဟောင်ကောင်လူနေရပ်ကွက်တွေမှာ အခုတော့ နီယွန်ဆိုင်းဘုတ်အများစု ဖယ်ရှားခံရပြီဖြစ်ပါတယ်။
#Asia_Design #နီယွန်ဆိုင်းဘုတ် #YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ကမ္ဘာ့ရွှေဈေးဟာလည်း ဧပြီလ ၁၉ ရက်နေ့မှာတစ်အောင်စကို ၂၀၀၄ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး အခု ဧပြီလ ၂၀ ရက်နေ့မှာ ၁၉၉၂ ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးပြန်ကျဆင်းလာပါတယ်။
#Local_News #ကမ္ဘာ့ရွှေ #ရွှေဈေးအနည်းငယ်ပြန်ကျ #YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ဓာတ်ဆီဈေးနှုန်းများမှာ ရှိရင်းလတ်တလောနှုန်းထားထက် ကျပ် ၁၀၀ နီးပါးကျဆင်းနေပြီး တစ်လီတာ ၂,၁၂၅ ဝန်းကျင် ဈေးဖြင့်တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #စက်သုံးဆီ #ဈေးကျဆင်း #YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
အခုနှစ်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဒေသအသီးသီးက ရိုးရာသင်္ကြန်ပွဲတော်တွေ၊ တိုင်းရင်းသားတွေရဲ့ရိုးရာသင်္ကြန်ပွဲတော်တွေကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တင်သွင်းနိုင်ဖို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး မှတ်တမ်းများ ရယူတင်ထားတယ်လို့ သိရပါတယ်၊၊
#Local_News #သင်္ကြန်ပွဲတော် #YMG #Yangon_Media_Group
#Daily_News
Published_ 20 April 2023
၁။ ဒေသအသီးသီးမှ သင်္ကြန်ပွဲတော်များ၊ တိုင်းရင်းသားရိုးရာသင်္ကြန်ပွဲတော်ဓလေ့များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် မှတ်တမ်းတင်ထားဟုဆို
၂။ စက်သုံးဆီဈေးကျဆင်းလာ ၉၂ဓာတ်ဆီတစ်လီတာ ၂၁၂၅ ကျပ်ရောက်ရှိ
၃။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၉၉၂ ဒေါ်လာပေါက်ဈေးရှိနေပြီး ပြည်တွင်းရွှေဈေးအနည်းငယ်ပြန်ကျ
၄။ ပျောက်ကွယ်လာသည့်နီယွန်ဆိုင်းဘုတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 20 April 2023
ဧပြီလ ၂၁ ရက်မှ ၂၅ ရက်အတွင်း ဒေသအချို့မှာ အချိန်အခါမဟုတ်မိုးထစ်ချုန်းရွာသွန်းမှာဖြစ်ပြီး လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မိုးထစ်ချုန်းရွာမည် #ဒေသအချို့
#YMG #Yangon_Media_Group
#Local_News
Published_ 20 April 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဖောင်းတော ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဧပြီ(၁၉)ရက် ည (၉) နာရီဝန်းကျင်ကခန့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သံဃာတစ်ပါး ပျံတော်မူခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ပေ ၈၀ x ၆၀ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ကျောင်းဆောင်အတွင်း ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ခဲ့ရာမှ ဖယောင်းတိုင်လဲကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုန်းတော်ကြီးကျောင်း မီးလောင်မှုအား ရပ်စောက်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည (၁၁) နာရီ (၁၅) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
"အကြမ်းဖျဉ်း သိရသလောက်ကတော့ ဖယောင်းတိုင်မီးကနေ စလောင်တာလို့ပဲ သိထားသေးတယ်။ မီးလောင်အားက အရမ်းများတော့ အပြီးတိုင်မီးငြိမ်းဖို့ကို (၂)နာရီကျော်လောက်ကြာအောင် ကြိုးစားပြီးငြှိမ်းခဲ့ရတယ်။ သံဃာတော်တစ်ပါး မီးလောင်ပြီး ပျံလွန်တော်မူသွားပါတယ် "ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
သံဃာတစ်ပါး မီးလောင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာ ခြေကျင်းဝတ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသည့် သံဃာတော်၏ ရုပ်ကလပ်အား လူမှုကူညီရေးအသင်းကားဖြင့် ရပ်စောက်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ymg/ppk #Local_News #ရှမ်းပြည်နယ် #သံဃာတော်တစ်ပါး #ပျံလွန်တော်မူ
#YMG #Yangon-Media-Group
#Local_News
Published_ 20 April 2023
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်လူနာသစ်တွေ့ရှိမှုအနည်းငယ်မြင့်လာပြီးတစ်ရက်အတွင်း ပြည်ပမှဝင်ရောက်လာသူရော၊ပြည်တွင်းတွင်ကူးစက်ခံရသူပါ ကိုဗစ်လူနာသစ်စုစုပေါင်း(၃၉)ဦးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဧပြီ (၁၈) ရက် ည ၈ နာရီကနေ ဧပြီ (၁၉) ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၄၈၉)ခုကို စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃၉)ဦးတွေ့ရှိရခြင်းဖြစ်သည်၊၊
ဓာတ်ခွဲအတည်ပြုလူနာသစ်များထဲတွင် (၂၄ )ဦးသည် ပြည်ပမှဝင်ရောက်လာသူများကို ဓာတ်ခွဲစစ်ဆေးရာမှတွေ့ရှိရခြင်းဖြစ်ပြီး ကျန်(၁၅)ဦးကတော့ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်ဟုဆိုသည်၊၊
နိုင်ငံတကာသတင်းများအရမြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သောအိန္ဒိယနိုင်ငံတွင် ကိုဗစ်မျိုးကွဲပိုးသစ်ဖြစ်သည့် XBB 1.16 အပါ အဝင်ကိုဗစ်ကူးစက်မှုများမြင့်မားနေဆဲဖြစ်၍ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်၊၊
#ymg/tthl #Local_News #ကိုဗစ်ပိုးတွေ့ #YMG
#Yangon_Media_Group
#Local_News
Published_ 20 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရန်ပြေရပ်ကွက် ရန်ပြေလမ်းမပေါ် တိုးချဲ့(၁)လမ်းထိပ်တွင် လူတစ်ဦးလဲကျသေဆုံးနေကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းမှာ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ယနေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းက လဲကျသေဆုံးနေသည်ကို တွေ့ရှိသည့်အတွက် ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာ၍ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သွားရောက် ကူညီခဲ့ရကြောင်း သိရသည်။
၎င်းသေဆုံးနေသော အမျိုးသားတွင် ပြင်ပဒဏ်ရာ မတွေ့ရှိကြောင်း၊ ရုပ်အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #သာကေတ #YMG
#Yangon_Media_Group
Page 1327 of 2053