#World_Health
Published_ 19 April 2023
တံတွေးကနေ အဓိကကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ကင်ဆာအဖြစ်ဆင့်ကဲပြောင်းလဲသွားနိုင်ကြောင်း Nature ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီဗိုင်းရပ်စ်က လူတွေအကြင်နာပေးတဲ့အခါ၊ အစားအစာများကို အတူဝေမျှစားသောက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သက်ရောက်နေပါတယ်။
သူ့ကို အက်ပ်စတိုင်းဘားဗိုင်းရပ်စ် (EBV)လို့ခေါ်ပြီး ရောဂါလက္ခဏာမပြတတ်ပါဘူး။
EBV ကူးစက်မှုအများစုက ခဏတာသာဖြစ်တတ်ပေမယ့် အချို့အခြေအနေတွေမှာတော့ ဗိုင်းရပ်စ်က ခေတ္တတည်ငြိမ်သွားကာ နောက်ပိုင်းမှာပြန်ပေါ်လာတတ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ အချိန်တစ်ခုအထိကြာအောင် အသက်ဝင်ခြင်းမရှိတဲ့ပိုးမွှားကြောင့် ကိန်းအောင်းတည်ရှိနေတဲ့ကူးစက်မှုတွေကနေ ကင်ဆာရောဂါတွေနဲ့ နာတာရှည်ရောဂါအများအပြား ဖြစ်လာတတ်ပါတယ်။
EBV ဗိုင်းရပ်စ်က မျိုးဗီဇအားနည်းချက်များကို ထိခိုက်စေပြီး ကင်ဆာဖြစ်စေကာ သူ့ကိုဖိနှိပ်ထားမယ့်ကိုယ်ခံအားကိုတော့ လျော့ကျစေပါတယ်။
လူတွေရဲ့မျိုးဗီဇတွေမှာ ဆင့်ကဲပြောင်းလဲခြင်းကိုဖြစ်စေတဲ့ နေရာများရှိတတ်ပြီး ဗိုင်းရပ်စ်ပွားချိန်မှာ ကင်ဆာဖြစ်ပေါ်တတ်ပါတယ်။
ကင်ဆာလူနာပေါင်း ၂,၄၃၉ ဦးရဲ့ အကျိတ် ၃၈ မျိုးကနေ မျိုးဗီဇအချက်အလက်တစ်ခုလုံးကို လေ့လာကြည့်ရာ EBV ပါဝင်တဲ့ ကင်ဆာအကျိတ်တွေမှာ ခရိုမိုဆုန်း ၁၁ ချို့ယွင်းမှုများစွာပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ထိုလေ့လာတွေ့ရှိချက်များကြောင့် နောက်ပိုင်းမှာရောဂါကူးစက်ဖြစ်ပွားနိုင်သူတွေကို တွေ့ရှိနိုင်စေရန် အကူအညီဖြစ်စေပါတယ်။
EBV ဗိုင်းရပ်စ်က လူအများစုအတွက်တော့ အန္တရာယ်မဖြစ်စေနိုင်ကြောင်း ကလိဗ်လန်းဓာတ်ခွဲခန်းမှ ဒေါက်တာဂျူလီယာလီက ပြောပြခဲ့ပါတယ်။
Source: WION
#World_Health #တံတွေးမှကူးစက်တတ်သည့်EBVဗိုင်းရပ်စ် #ကင်ဆာဖြစ်ပေါ်လာစေပုံ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
နှစ်သစ်ဦးအလှူအဖြစ် ခွေးရူးကိုက်ခံရမှု အများဆုံးဖြစ်နေတဲ့ မွန်ပြည်နယ်မှာ ခွေးရူးပြန်ကြိုတင်ကာ ကွယ်ဆေးအလုံးရေ(၉၀၀၀)အခမဲ့ထိုးပေးသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #နှစ်သစ်ဦးအလှူ #ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး #အခမဲ့ထိုးပေး
#YMG #Yangon_Media_Group
#World_Records
Published_ 18 April 2023
အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့ရှိ အားကစားကွင်းတစ်ခုမှာ ကြာသပတေးနေ့က အကသမားနဲ့ တေးဂီတပညာရှင် ၁၁,၃၀၄ ဦးတို့ဟာ အာဆမ်ရဲ့ ဘီဟူအကဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။
#World_Records #တင်ဆက်သူတစ်သောင်းကျော် #အိန္ဒိယကပွဲ #တိုင်းရင်းအက
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
မြန်မာနှစ်သစ်ကူးကာလ ဖြစ်တာကြောင့် ပြည်တွင်း ရွှေဈေးကွက်ထဲမှာ ကြီးကြီးမားမားအရောင်းဝယ်မဖြစ်ပေမယ့် ရွှေတိုရွှေစ အနည်းငယ်လောက်သာ အရောင်းအဝယ် ရှိနေတာကြောင့် ဈေးနူန်းတည်ငြိမ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ပြည်တွင်းရွှေဈေး #ရန်ကုန်တိုင်းရွှေအသင်း # ပြင်ပရွှေပေါက်ဈေ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
သင်္ကြန်ကာလ ကျော်လွန်လာပေမယ့် ဓာတ်ဆီဈေးနှုန်းများမှာ ရှိရင်းလတ်တလောနှုန်းထားထက် ကျပ် ၁၀၀ ကျော်သို့ မြင့်တက်နေပြီး တစ်လီတာ ၂,၃၀၀ ဝန်းကျင် ဈေးအလှုပ်ဖြင့် တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်း အပြောင်းအလဲများအရ သိရပါတယ်။
#Local_News #သင်္ကြန်ကာလပြီးဆုံး #ဓာတ်ဆီဈေးတက် #တစ်လီတာ၂,၃၀၀
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ငါးမွေးမြူမယ့်သူတွေ နည်းပါးလာတဲ့အတွက် ငါးမွေးမြူရေးလုပ်ငန်းအချို့ ရပ်ဆိုင်းလုနီးပါးဖြစ်လာတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။
#Local_News #ငါးမွေးမြူရေး #ရန်ကုန်တိုင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 18 April 2023
၁။ဒေသအချို့တွင် ငါးမွေးမြူမည့်သူ မရှိသလောက် နည်းပါးလာ၍ ရန်ကုန်တိုင်းတွင် ငါးမွေးမြူရေး ပိုမိုလုပ်ဆောင်ရန် လိုဟုဆို
၂။သင်္ကြန်ကာလ ပြီးဆုံးသွားပေမယ့် ဓာတ်ဆီဈေး တက်နေဆဲ၊ တစ်လီတာ ၂,၃၀၀ ဝန်းကျင်ရှိ
၃။ပြည်တွင်းရွှေဈေး ၂၃ သိန်းကျော် ရန်ကုန်တိုင်းရွှေအသင်း ရည်ညွှန်းသတ်မှတ် ပြင်ပပေါက်ဈေး ၂၉သိန်း ကျော်ရှိနေ
၄။ပါဝင်တင်ဆက်သူ တစ်သောင်းကျော် ပါဝင်သည့် အိန္ဒိယကပွဲ တိုင်းရင်းအကဖြင့် ကမ္ဘာ့စံချိန်နှစ်ခုရရှိမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 18 April 2023
မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ကောင်းတင်ကျေးရွာရှိ စမုံမြစ်အတွင်း ဧပြီ ၁၇ ရက်နေ့လည် ၃ နာရီခန့်က လူငယ်အမျိုးသား ၄ ဦးရေဆင်းကစားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)မှ သိရပါတယ်။
#Local_News #ကျောက်ဆည် #ရေဆင်းကစားရာမှရေနစ် #လူငယ်များဖြစ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR)၏ A2A Portalတွင်(၂၀၂၃-၂၀၂၄ခုနှစ်)ပညာ သင်နှစ်အတွက် Scholarshipပညာသင်ဆုလျှောက် လွှာများကို လက်ခံနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ သိရသည်။
အဆိုပါပညာသင်ဆုကို လျှောက်ထားလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် မေလ (၁၅) ရက်နေ့မတိုင်မီhttp://a2ascholarships.iccr.gov.in/ ဝက်ဆိုက်၌ လျှောက်ထားနိုင်ပြီဖြစ်သည်ဟုဆိုသည်၊၊
ယင်းပညာသင်ဆုအမျိုးအစားလေးမျိုးပါဝင်ပြီး ဧပြီလ၁၂ရက်မှစတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် ဘွဲ့ကြို၊ဘွဲ့လွန် Coursesများအတွက် အသက်(၁၈)နှစ်မှ(၃၀)အတွင်းရှိသူများ လျှောက်ထားနိုင်ပြီး Ph.D Programအတွက် အသက်(၄၅)အတွင်းလျှောက်ထားနိုင်မည်ဖြစ် ကြောင်း သိရသည်၊၊
အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ်ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသား(၁၅၀)ကို Scholarshipပညာသင်ဆုပေးသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အိန္ဒိယနိုင်ငံ #ဘွဲ့ကြို၊ဘွဲ့လွန်၊ပါရဂူဘွဲ့ #Scholarshipပညာသင်ဆု
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးမှု ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ တစ်နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်း နေအိမ်ရှိရေတွင်းထဲသို့ ပြုကျခဲ့ခြင်းကြောင်း သွားရောက်ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့သော်လည်း ပြုတ်ကျသည့်အမျိုးသားမှာရေတွင်းထဲ၌ သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
အခင်းဖြစ်နေရာသို့ ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ခဲ့ပြီး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးနေသူကို ကလျာဏမိတ္တနာရေးကူညီမှုအသင်းမှယာဉ်ဖြင့် ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ကြို့ပင်ကောက်မြို့နယ် #အမျိုးသားတစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံး
#YMG #Yangon_Media_Group

#Local_News
Published_ 18 April 2023
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း၊အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ဧပြီလ ၂၁ရက်နေ့မှ ၂၅ရက်အတွင်းမြန်မာနိုင်ငံမြို့ကြီးတချို့တွင် မိုးရွားသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာ ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားကြဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #မြန်မာနိုင်ငံ #တိုင်းနှင့်ပြည်နယ် #အချိန်အခါမဟုတ်မိုးရွာ
#YMG #Yangon_Media_Group


#World_Business
Published_ 18 April 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရုရှားထံသို့ပေးချေရမယ့်ငွေကို ဒေါ်လာအစား တရုတ်ယွမ်ငွေဖြင့် ပေးချေသွားမှာဖြစ်ပါတယ်။
ဆောက်လုပ်ဆဲ ရုပါဓာတ်အားပေးစက်ရုံအတွက် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာသန်း ၁၁၀ တန်ကြေးရှိငွေကြေးတွေကို တရုတ်ငွေကြေးဖြင့် ရုရှားထံသို့ပေးချေသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများက ဒေါ်လာလွှမ်းမိုးမှုကျဆင်းစေဖို့ ပိုမိုအားထုတ်လာကြကာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံများပါဝင်တဲ့ BRICS အဖွဲ့ကလည်း BRICS ဘုံငွေကြေးထုတ်လုပ်ဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားဟာ နိုင်ငံတကာဘဏ်စနစ်အများအပြားကနေ ပိတ်ပင်ခံထားရပါတယ်။
ငွေပေးချေရန် နည်းလမ်းများကို လပေါင်းများစွာတိုင်အောင် တိုင်ပင်ကြပြီးနောက် ရုရှားနဲ့ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ထိပ်သီးကိုယ်စားလှယ်အဖွဲ့တို့ဟာ ငွေပေးချေမှုကို ယွမ်ဖြင့်ပေးချေနိုင်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။
"ရုရှားဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် ငွေပေးရာမှာ အမေရိကန်ဒေါ်လာနဲ့ ပေးလို့မရပါဘူး။ ရုရှားက သူတို့ငွေကြေးဖြင့် ပေးချေဖို့ပြောပေမယ့် ဒါကလည်းမဖြစ်နိုင်ပါဘူး။
ဒါကြောင့် ယွမ်ငွေနဲ့ပေးချေဖို့ နှစ်ဖက်စလုံးမှ ရွေးချယ်ခဲ့ကြပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စီးပွားဆက်ဆံရေးဌာနခွဲမှ အတွင်းရေးမှူး'အူတန်ကူမာကာမေကာ'က ပြောကြားခဲ့ပါတယ်။
ရုပါဓာတ်အားပေးစက်ရုံဟာ ဆောက်လုပ်ပြီးစီးတာနဲ့ ၂,၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
ကျောက်မီးသွေးအပေါ် အားထားနေရတာကို လျှော့ချပြီး စွမ်းအင်ပိုမိုထုတ်လုပ်နိုင်ရန်စီစဉ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ထိုစက်ရုံက အရေးပါနေပါတယ်။
ဘင်္ဂလားဒေ့ရှ်က တရုတ်ဘဏ်တစ်ခုမှတဆင့် ရုရှားထံငွေပေးချေမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကိုယ်ပိုင်အရန်ငွေယွမ်ကနေ သုံးစွဲသွားဖွယ်ရှိပါတယ်။
ဒေါ်လာကြီးစိုးထားတဲ့ SWIFT စနစ်နေရာမှာ ယွမ်အစားထိုးရွေးချယ်သုံးစွဲရန်ရည်ရွယ်ထားတဲ့ တရုတ်နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်(CIPS)မှတဆင့် ရန်ပုံငွေများကို လက်ခံရရှိမှာဖြစ်ပါတယ်။
ရုရှားနဲ့ အာရှ အာဖရိက လက်တင်အမေရိကနိုင်ငံများကြား ငွေပေးချေမှုများအတွက် တရုတ်ယွမ်ငွေကိုအသုံးပြုဖို့ အားပေးထောက်ခံကြောင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်တည်းကစပြီး နိုင်ငံခြားအရန်ငွေထဲမှာ ယွမ်ငွေကို စတင်ထိန်းသိမ်းလာခဲ့တာဖြစ်ပါတယ်။
Source: WION
#World_Business #ဘင်္ဂလားဒေ့ရှ် #ရုရှား #တရုတ်ယွမ်
#YMG #Yangon_Media_Group
Page 1330 of 2053