#local_news
Published_ 1 June 2023

  မြန်မာ-ကာတာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များကို မေ ၃၁ ရက်တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ရန်ကုန်မြို့ရှိ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်. အေ. အယ်လ်-ကူဝေရီ အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

  ထိုသို့တွေ့ဆုံစဉ် “မိုခါ” ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးမှုများအတွက် အစိုးရမှ အကူအညီပေးနေမှု၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။

  ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် တိုးတက်မှု အခြေအနေ များ၊ အာဆီယံတူညီဆန္ဒ (၅) ချက်ကို မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Media_Group