#Local_News
Published_ 18 March 2023
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ နောင်တော်ကြီးအရံစေတီတော်တွင် လုံးတော်ပြည့် မျက်ပါးရွှေကပ်လှူပူဇော်မည်ဖြစ်ပြီး မျက်ပါးရွှေကပ်လှူပူဇော်ရန်အတွက် အိတ်ပိတ်တင်ဒါခေါ်ယူထားကြောင်း ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်၊၊
မျက်ပါးရွှေကပ်လှူမည့် အရံစေတီတော်အတွက် လိုအပ်မည့် ၂လက်မ×၂လက်မပတ်လည် ရွှေမျက်ပါးအားတွက်ချက်တင်ပြခြင်း၊ ရွှေမှိုက်ဟောင်းချွတ်ယူခြင်း လုပ်ငန်း၊ ငြင်းဆင်ခြင်းနှင့် ရွှေချခြင်းလုပ်ငန်းများအတွက် အိတ်ပိတ်တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်၊၊
အိတ်ပိတ်တင်ဒါအား ကြေညာချက်ထုတ်ပြန်သည့် အချိန်မှစပြီး တစ်ပတ်အတွင်း တင်ဒါလျှောက်လွှာပုံစံဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိလိုပါက ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မတ်လ(၁၈)ရက်တွင်ထုတ်ပြန်ထားသည်၊၊
#ymg/tthl #Local_News #ဗိုလ်တထောင် #မျက်ပါးရွှေကပ်လှူ
#YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
မြန်မာ့လယ်ယာထွက်များဖြစ်သည့် ဆန်နှင့်ဆန်ကွဲတို့အပြင် အသားငါးတို့ကို တရုတ်နိုင်ငံသို့တင်ပို့ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးနှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတို့ဆွေးနွေးနေကြောင်း သိရသည်။ မြန်မာ_တရုတ်နိုင်ငံအကြားအဓိကဈေးကွက်ဖြစ်သည့် လယ်ယာသားငါးတင်ပို့နိုင်ဖို့ဆွေးနွေးကြောင်း သိရသည်။
ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ဆန်စပါး၊ ပဲ၊ ပြောင်း မွေးမြူရေးထွက်ကုန်တွေကို တရုတ်နိုင်ငံသို့တင်ပို့သွားဖြစ်ကြောင်း တရုတ်နိုင်ငံဘက်မှလည်း ဓါတ်မြေသြဇာအပါအဝင်၊ လယ်ယာသုံးစက်ပစ္စည်းများတင်သွင်းနိုင်ရေးဖို့ဆောင်ရွက်နေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဌဦးရဲမင်းအောင်က ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာလယ်ယာထွက်ကုန်များအပေါ် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေပြီး ကျောက်ဆည်မြို့တွင် Hybrid Rice Research Centre ဖွင့်လှစ်ထားကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၁ဒသမ၆ ဘီလီယံဝန်းကျင်ရရှိခဲ့ပြီး စင်ကာပူနိုင်ငံက၂၀၂၂ _၂၀၂၃ ပထမ ၁၀ လတာကာလအတွင်း ၁ဒသမ ၁၅၇ ဘီလီယံနဲ့အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#ymg/ynzw #Local_News #ဆန်စပါး #တရုတ်နိုင်ငံ #ကုန်သည်စက်မှုအသင်း #YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
ပြည်ပပို့ကုန် မတ်ပဲ တစ်တန်လျင် ကျပ်သိန်း ၂၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာကြောင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းအရ သိရသည်။
မတ်လဆန်းပိုင်းမှာ မတ်ပဲတစ်တန်ကို ကျပ် ၁၈ သိန်းကျော် ဈေးသာရှိခဲ့ပြီး မတ်လ ၁၆ ရက်မှာ မတ်ပဲတစ်တန် ကျပ် ၁၉၈၅၀၀၀၊ ယနေ့မတ်ပဲတစ်တန်လျင် ၂၂၉၃၀၀၀ ကျပ်ထိရှိကာ နှစ်ပတ်ကျော်ကာလအတွင်း ကျပ်တစ်သိန်းခွဲကျော် ဈေးနှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယကို အဓိကတင်ပို့နေတဲ့ မတ်ပဲ၊ ပဲစဉ်းငုံနဲ့ ပဲတီစိမ်းဈေးနှုန်းတွေက အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ဈေးကောင်းရနေပြီး ယခင်နှစ်ကာလတူ အချိန်တွင် ပဲစဉ်းငုံနဲ့ မတ်ပဲ တစ်အိတ်ကို ကျပ်ငါးသောင်းဝန်းကျင်သာဈေးရသော်လည်း အခုနှစ်မှာ တစ်အိတ်ကိုကျပ် ခြောက်သောင်းကျော် ဝန်းကျင်ဈေးရလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှာ အခုနှစ်ပဲအထွက်နှုန်း လျော့ကျတဲ့အတွက် မြန်မာ့ပဲမျိုးစုံဝယ်ယူမှုက မြင့်တက်နေသလို ပြည်တွင်းပဲလက်ကျန်နည်းပါးမှု၊ ပဲအသစ်ထွက်ရှိမှုနှုန်းလျော့ကျမှုတို့ကြောင့်လည်း ဈေးပိုရနေကြောင်း သိရသည်။
#ymg/ppk #Local_News #မတ်ပဲ #Price
#YMG #Yangon_Media_Group
#Local_News
Published-18 March 2023
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ငွေဘုံသာရွာ၊ သစ်တပွေရပ်ကွက်တွင် ပေ(၂၀၀)ခန့်အနက်ရှိချောက်ထဲသို့ ပြုတ်ကျခဲ့သူကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
မတ်လ ၁၇ ရက် ညနေ ၆နာရီ ၆မိနစ်အချိန်ခန့်က ချောက်ထဲသို့ လူတစ်ဦး ပြုတ်ကျကြောင်းသတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ ညနေ ၆ နာရီ ၂၇ မိနစ်အချိန်တွင် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး မိတ်ဆွေကောင်း ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #ရေနံချောင်း #ချောက်ထဲသို့ပြုတ်ကျ
#YMG #Yangon-Media-Group
#World_Politics
Published 18 March 2023
၂၀၂၁ ဇန်နဝါရီလက အမေရိကန်ကပ်ပီတိုလ်လွှတ်တော်အဆောက်အအုံမှာ ပုန်ကန်သောင်းကျန်းမှုဖြစ်ခဲ့တာကြောင့် သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ရဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျူ့၊ တွစ်တာအကောင့်တို့ ၂ နှစ်ကျော်ပိတ်ပင်ခံခဲ့ရကာ အခုအခါ ပြန်လည်သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ပြီး သောကြာနေ့က ဖေ့စ်ဘွတ်ခ်နဲ့ ယူကျူ့တို့မှာ ထရမ့်ရဲ့ပထမဆုံးပို့စ်ကို တင်ခဲ့ပါတယ်။
"ကျုပ်ပြန်လာပါပြီ၊ စောင့်နေခဲ့ရတဲ့သူတွေကို တောင်းပန်ပါတယ်၊ အခြေအနေတွေက ဒီလိုပါပဲ" လို့ ရေးသားထားကာ ၂၀၁၆ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အောင်ပွဲခံမိန့်ခွန်းပြောကြားနေဟန် ၁၂ စက္ကန့်ကြာဗီဒီယိုကို မျှဝေခဲ့ပါတယ်။
ယူကျူ့အကောင့်အပြင် အင်စတာဂရမ် ဖေ့စ်ဘွတ်ခ်တို့ရဲ့ Meta ကုမ္ပဏီနဲ့ အီလွန်မက်စ်ပိုင်ဆိုင်တဲ့ တွစ်တာတို့ကလည်း အလားတူပြန်လည်ခွင့်ပြုလိုက်ပါတယ်။
၂၀၂၁ ဇန်နဝါရီတုန်းက ထရမ့်ရဲ့ယူကျူ့ချန်နယ်မှာ အကြမ်းဖက်လှုံ့ဆော်မှုစည်းမျဉ်းများ ချိုးဖောက်ရာရောက်ခဲ့ပြီး ယူကျူ့မှာဗီဒီယိုတင်ခွင့်ကို တားမြစ်ခဲ့ပါတယ်။
အခုတော့ ထရမ့်ရဲ့ယူကျူ့အကောင့် ပြန်ရသွားပြီလို့ သိရှိရပါတယ်။
"ယနေ့မှစပြီး ဒေါ်နယ်ဂျေထရမ့်ရဲ့ချန်နယ်ကို ကန့်သတ်ထားခြင်းမရှိတော့ဘဲ အကြောင်းအရာအသစ်တွေ တင်နိုင်ပါပြီ" လို့ ဂူဂဲလ်မှပိုင်ဆိုင်တဲ့ ယူကျူ့က တွစ်တာမှာ ဖော်ပြထားပါတယ်။
"လက်တွေ့ကမ္ဘာမှာ အကြမ်းဖက်မှုဖြစ်နိုင်ချေတွေ ဆက်ဖြစ်နိုင်တာကို ဂရုတစိုက်အကဲဖြတ်နေသလို ရွေးကောက်ပွဲဝင်မယ့် တစ်နိုင်ငံလုံးဆိုင်ရာအဓိကကိုယ်စားလှယ်လောင်းတွေထံမှ စကားတွေကိုလည်း ညီတူမျှတူကြားနိုင်အောင် ချိန်ညှိနေပါတယ်၊ ထရမ့်ချန်နယ်ကလည်း အခြားယူကျူ့ချန်နယ်တွေလိုပဲ ကျွန်ုပ်တို့ရဲ့မူဝါဒပေါ်လစီတွေကို ဆက်လက်လိုက်နာရမှာပါ" လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ဝါရှင်တန်ဒီစီမှာ ထရမ့်ထောက်ခံသူတွေက အမေရိကန်ကပ်ပီတိုလ်အဆောက်အအုံကို တိုက်ခိုက်ခဲ့ပြီးနောက် ယူကျူ့က ထရမ့်ရဲ့အကောင့်မှာ ဗီဒီယိုတင်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
ဒါ့အပြင် တွစ်တာ၊ အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်တို့ကလည်း ထရမ့်ရဲ့အကောင့်တွေကို တားမြစ်ထားလိုက်ပါတယ်။
နောက် ၇ လအကြာမှာတော့ ထရမ့်က သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Truth Social ကို တည်ထောင်လိုက်ပါတယ်။
ဒါပေမဲ့ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဦးမယ်လို့ ထရမ့်က ကြေညာခဲ့ရာမှာ ဆိုရှယ်မီဒီယာတွေက သူ့အကောင့်တွေကို ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
ထရမ့်ယူကျူ့အကောင့်မှာ ပရိသတ် ၂.၆ သန်း၊ တွစ်တာမှာ ဖော်လိုဝါ ၈၇ သန်း၊ ဖေ့စ်ဘွတ်ခ်မှာ ၃၄ သန်း၊ အင်စတာဂရမ်မှာ ၂၃ သန်း ရှိနေပါတယ်။
Source: WION #World_Politics #ဒေါ်နယ်ထရမ့် #Facebook
#ပထမဆုံးပို့စ်ရေးသား #YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
ထိုင်းနိုင်ငံ၊ ချွန်ဘုရီခရိုင်၊ တမ်ဗွန်ဟွေးကပီမြို့နယ်တွင် မြန်မာနိုင်ငံသားဇနီးမောင်နှံစကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူကဇနီးဦးခေါင်းကို တူနှင့်ထုသတ်၍ သေဆုံးမှု တစ်ခု မတ်လ ၁၇ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် မသီတာဖြစ်ကြောင်း၊ ယင်းသတင်းကြောင့် ပရဟိတ လူမှုကယ်ဆယ်ရေးများက သွားရောက်ကယ်ဆယ်ရေးလုပ်ခဲ့ကြသော်လည်း ဦးခေါင်းကွဲအက်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဇနီးမောင်နှံနေထိုင်သည့် ဆောက်လုပ်ရေးတန်းလျား အနီး သောက်သုံးပြီးသား ဘီယာဗူးခွံ ၄ လုံးတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူမှာ အသက် ၄၂ နှစ်အရွယ်နေထွန်းဆိုသူဖြစ်ပြီး ယခုအခါ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
"ဘာကြောင့် စကားများရန်ဖြစ်ကြတယ်ဆိုတာ မသိရှိရသေးဘူး၊ ဒီကို သူတို့ရောက်တာ ၂ ပတ်လောက်တော့ ရှိပြီ။ မသီတာရဲ့ ယောင်္ကျားက အရက်ကို အမြဲသောက်တယ်လို့တော့ သိရတယ်"ဟု ယင်းဇနီးမောင်နှံနှင့် နီးစပ်သူများပြောစကားကို ကိုးကား၍ ထိုင်းဒေသတွင်း သတင်းများတွင် ရေးသားကြသည်။
Photo- Thai News 23
#ymg/mt #Local_News #ထိုင်းနိုင်ငံ #ဇနီးမောင်နှံစကားများရန်ဖြစ် #ဦးခေါင်းကို တူနှင့်ထုသတ် #YMG #Yangon_Media_Group
#World_Health
Published 18 March 2023
နေ့စဉ်ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိစေနိုင်ပါတယ်။
BMJ Medicine ဂျာနယ်မှာ ဖော်ပြထားချက်အရ ကော်ဖီပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းအဆီကို လျော့ကျစေပြီး ဆီးချိုရောဂါဖြစ်နိုင်ချေ နည်းပါးသွားပါတယ်။
ကဖင်းဓာတ်နဲ့ အခြားအကြောင်းအရာများကြောင့် ကော်ဖီသောက်သူတွေမှာ ဆီးချိုရောဂါဖြစ်ခြင်းမှ ဘေးကင်းနိုင်သလားဆိုတာကို သုတေသီတွေ လေ့လာချင်ခဲ့တာဖြစ်ပါတယ်။
လူပေါင်း ၁ သောင်းနီးပါးရဲ့ မျိုးရိုးဗီဇလက္ခဏာများကို လေ့လာကြရာ CYP1A2 နဲ့ AHR မျိုးရိုးဗီဇကွဲရှိသူတွေဟာ ကဖင်းဓာတ်ဖြိုခွဲရာမှာ နှေးကွေးနေတတ်ပြီး ကော်ဖီအနည်းငယ်သောက်ရုံမျှဖြင့် သူတို့ရဲ့သွေးထဲမှာ ကဖင်းဓာတ်များနေတတ်ပါတယ်။
ဒါ့အပြင် BMI ၊ အဆီထုထည် ၊ ဆီးချိုရောဂါဖြစ်နိုင်ချေတို့ လျော့နည်းနေပြီး ဒီအကြောင်းအရင်းက ကဖင်းဓာတ်ကြောင့်လို့ တွေ့ရှိရပါတယ်။
အချို့အထောက်အထားတွေအရ ကဖင်းဓာတ်ဟာ အဆီတွေလောင်ကျွမ်းစေပြီး ဗိုက်ပြည့်သလိုခံစားရစေကာ စားချင်စိတ်နည်းပါးစေတာကြောင့် ဆီးချိုဖြစ်နိုင်ချေလည်း နည်းပါးသွားတာဖြစ်ပါတယ်။
"ကဖင်းဓာတ်က လူတွေရဲ့ ဇီဝဖြစ်စဉ်တွေကို တိုးတက်စေနိုင်ဖွယ်ရှိပေမယ့် အပြင်သွားပြီး ကယ်လိုရီများတဲ့ ကော်ဖီမျိုးတွေကိုတော့ မသောက်သင့်ပါဘူး" လို့ အင်ပီရီယယ်လန်ဒန်မှ ဒေါက်တာ'ဒီပန်ဒါဂီလ်'က ဖော်ပြသွားပါတယ်။
ကော်ဖီတစ်ခွက်မှာ ကဖင်းဓာတ် ၇၀ မှ ၁၅၀ မီလီဂရမ်ပါဝင်နိုင်ကာ တစ်နေ့ကို ကဖင်းဓာတ် ၁၀၀ မီလီဂရမ်ဖြင့် ၁၀၀ ကယ်လိုရီစာ အားအင်သုံးစွဲမှုကို တိုးတက်စေပါတယ်။
ဒါပေမယ့် ကော်ဖီမှာ ဒိုင်တာပင်းလို ဓာတုပစ္စည်းလည်းပါဝင်ပြီး လူတစ်ယောက်ရဲ့ဇီဝဖြစ်စဉ်ကို နှောင့်ယှက်နိုင်ပါတယ်။
ဒါ့အပြင် ကဖင်းဓာတ်များတဲ့သူတွေမှာ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ချေနည်းပါးတာမျိုးလည်း မရှိပါဘူး။
အနာဂတ်မှာ ကြီးမားတဲ့စမ်းသပ်မှု အထောက်အထားတွေရလာရင် ဆီးချိုဖြစ်နိုင်ချေလျော့ကျဖို့အတွက် အက်စ်ပရက်ဆိုနဲ့ ကော်ဖီခါးခါးသောက်သုံးသင့်ကြောင်း အကြံပြုနိုင်ဖွယ်ရှိပါတယ်။
#Source: NY Post #World_Health #ဆီးချိုရောဂါ #အဝလွန်ခြင်း #YMG #Yangon_Media_Group
#Local_News
Published- 18 March 2023
မတ်လ ၁၇ ရက်နေ့ည ၉ နာရီခန့်က TOYOTA Belta(အနက်ရောင်)ကားသည် မောင်းနှင်လာစဉ် ဝါယာရှော့ခ်ဖြစ်၍ ရန်ကင်းမြို့နယ်၊အမှတ်(၁၄) ရပ်ကွက်၊ ကျောက်ကုန်းလမ်းအရောက် မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်သွာခြင်းဖြစ်ကြောင်း၊ မီးလောင်တဲ့သတင်းကြားချိန်မှာသွားပြီးငြှိမ်းတဲ့အခါ ကားမောင်းတဲ့လူတစ်ယောက်ကိုပဲတွေ့ရပြီး ထိခိုက်ဒါဏ်ရာမရဘူးဟု မေတ္တာအလင်းလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်မေတ္တာအလင်းလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၅၂ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
ဝါယာရှော့ခ်ကြောင့် ကား၏ ၉၀ ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးသွားပြီး သက်ဆိုင်ရာအကူအညီနဲ့ မီးလောင်သွားသည်ကားကိုဖယ်ရှားပေးလိုက်ကြောင်း သိရသည်။
#ymg/ppk #Local_News #ရန်ကင်း #ကားမီးလောင် #YMG
#Yangon_Media_Group
#World_Health
Published 18 March 2023
လူတွေဟာ ချမ်းအေးတဲ့ရာသီမှာ အိပ်ချိန်ပိုမိုလိုအပ်နိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
အိပ်စက်ခြင်းစမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူတွေကိုခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ ဆောင်းရာသီလတွေမှာ REM အိပ်စက်ခြင်းပုံစံ ပိုကြာကြောင်းတွေ့ရှိခဲ့ပါတယ်။
ဆောင်းရာသီအတွင်း စုစုပေါင်းအိပ်ချိန်က နွေရာသီထက် တစ်နာရီခန့်ပိုကြာတတ်ပါတယ်။
ကိုယ်တွင်းဇီဝလည်ပတ်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ REM အိပ်စက်ခြင်းအဆင့်က ဆောင်းရာသီမှာ မိနစ်ခန့် ပိုမိုကြာမြင့်လာပါတယ်။
ဆူညံသံတွေကြောင့် အိပ်စက်ခြင်းကိုထိခိုက်လေ့ရှိတဲ့ မြို့ပြနေသူတွေမှာတောင် REM အိပ်စက်ခြင်းအဆင့်က ဆောင်းရာသီမှာ ပိုကြာလေ့ရှိပါတယ်။
စမ်းသပ်ခံမယ့်သူ ၁၈၈ ယောက်ဖြင့် အိပ်စက်မှုကြာချိန်နဲ့ အိပ်ရေးဝ/မဝအခြေအနေတွေကို တိုင်းတာခဲ့ကြရာ ဆောင်းရာသီမှာ စုစုပေါင်းအိပ်ချိန် ၁ နာရီပိုများလာခဲ့ပါတယ်။
အဲဒီမှာမှ အိပ်စက်ခြင်းမှာ စတုတ္ထအဆင့် အိပ်မက်မက်တဲ့အဆင့်ဖြစ်တဲ့ REM က မိနစ် ၃၀ ပိုများနေတာကို တွေ့ခဲ့ကြပါတယ်။
နွေရာသီဖြစ်ဖြစ် ဆောင်းရာသီဖြစ်ဖြစ် ခန္ဓာကိုယ်လုပ်ဆောင်ချက်ချင်းတူပေမယ့် ဇီဝကမ္မဖြစ်စဉ်တွေကတော့ ထိန်းညှိဆောင်ရွက်သွားပါတယ်။
ရာသီအလိုက် လိုအပ်တဲ့အိပ်ချိန်ကိုလိုက်ပြီး ကျောင်းနဲ့လုပ်ငန်းခွင်အချိန်ဇယားများကို ညှိနှိုင်းလုပ်ဆောင်ပေးဖို့ ဂျာမနီနိုင်ငံ စိန့်ဟက်ဒ်ဝစ်ဆေးရုံမှ ဒေါက်တာ'ဒီတာကွန်းဇ်'က အကြံပြုသွားပါတယ်။
အိပ်စက်ရာမှာ အခက်အခဲမရှိတဲ့ လူတွေမှာ ဒီရလဒ်တွေကို အတည်ပြုစစ်ဆေးဖို့ လိုအပ်သလို ရာသီအလိုက်ပြောင်းလဲမှုများက ကျန်းမာတဲ့လူတွေမှာ ပိုဖြစ်တတ်ကြောင်း သုတေသီများဆိုလိုက်ပါတယ်။
Source: The Jerusalem Post #World_Health ပိုမိုအိပ်စက် #ဆောင်းရာသီ #YMG #Yangon_Media_Group
Published 17 March 2023
လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးကို ယနေ့ မတ်လ ၁၇ ရက်တွင် စတင်ပြသသည့် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ခင်းကျင်းပြသထားကြောင်း သိရှိရပါတယ်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့စတင်ကျင်းပတဲ့ အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှုင်ဟာ မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီးနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကျောက်မျက်ရတနာတွေကို ရောင်းချသွားရာ၌ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသောမြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များကအမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် လည်းကောင်းပေးချေကြရမယ်လို့ သိရှိရပါတယ်။
နိုင်ငံခြားငွေ(သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ ဖြင့်လည်းကောင်းပေးချေရမည်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ymg/knl
#(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
#YangonMediaGroup



#Local_News
Published_ 17 March 2023
ရန်ကုန်တိုင်းမှာ အခုနှစ်ဇန်နဝါရီလ (၁)ရက်မှ မတ်လ (၁၆)ရက်အထိ မီးလောင်ကျွမ်းမှု(၆၉)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့်လူ(၇)ဦး သေဆုံးကာ(၃၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ သိရပါတယ်၊၊
#Local_News #မီးလောင်ကျွမ်းမှု #လူ(၂၈)ဦးသေဆုံး
#YMG #Yangon_Media_Group
#Asia_Automobile
Published 16 March 2023
တရုတ်အလယ်ပိုင်း ဟူဘေပြည်နယ်ရှိ ဒေါင်ဖန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဟာ သူတိုရဲ့ကားမော်ဒယ်လ်အချိုကို ဈေးနှုန်း ၄၀ ရာခိုင်နှုန်းကျော်အထိလျှော့ချကာ ဝယ်ယူသူများ ကားအသစ်ဝယ်ချင်အောင် ဆွဲဆောင်နေပါတယ်။
#Asia_Automobile #ဒေါင်ဖန် #လျှော့ဈေး(၄၀)ရာခိုင်နှုန်း
#YMG #Yangon_Media_Group
Page 1326 of 1999