#World_Climate
Published 22 April 2023
တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ လူတွေက တွေ့သမျှအရိပ်အဝါအောက် ခိုလှုံ့နေရပြီး စံချိန်တင်အပူချိန်ကြောင့် မိုးရွာဖို့ ဆုတောင်းနေရပါတယ်။
#World_Climate #အာရှနိုင်ငံ #အပူလှိုင်းကြောင့်
#YMG #Yangon_Media_Group
Published 22 April 2023
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညက လေဆင်နှာမောင်းတိုက်ခတ်ခံခဲ့ရတဲ့ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဧပြီလ(၂၂)ရက် နံနက်ပိုင်းတွင်သွားရောက်ခဲ့ပြီး ကျေးရွာရှိပြည်သူတွေကို အားပေးကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ် လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီ၂၁ရက် ည၆နာရီ မိနစ်၂၀ခန့်မှာ တိုက်ခတ်တဲ့ လေဆင်နှာမောင်းကြောင့် လယ်ဝေးမြို့နယ်အတွင်း ရှိ အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင်ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေထိုင် နိုင်စေရေးအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေးအဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။
အဲဒီအပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါတယ်။
နစက ဥက္ကဋ္ဌသည် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀) သို့သွားရောက်ပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လေဘေးသင့်ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။
-ymg/knl
#YangonMediaGroup
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#လယ်ဝေးမြို့နယ်၊အောင်မြင်ကုန်းနှင့်တံတာဦးကျေးရွာများလေဆင်နှာမောင်းတိုက်ခတ်ခံရ







#Health_Matters
Published_ 22 April 2023
- မြန်မာနိုင်ငံအနေနှင့် အဲဒီသတင်းတွေအပေါ် ဘယ်လောက်စိုးရိမ်ရသလဲ။ ဘာတွေကြိုတင်ကာကွယ်မှုတွေ လုပ်သင့်သလဲဆရာ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
ဧပြီလတတိယအပတ်အတွင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ကနေ ၁၉၀၀ ကျော်အထိ ပြန်ကျဆင်းခဲ့ပေမယ့် ပြင်ပရွှေဈေးကတော့ အကယ်ဒမီ မီးလင်းရွှေ ဈေးဟာ ၂၉ သိန်း ၉ သောင်းအထိ ပေါက်ဈေးရှိခဲ့တယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ဧပြီ #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေဈေး
#YMG #Yangon_Media_Group
#Health_Matters
Published_ 22 April 2023
- ကိုဗစ်ဟာ ဘာကြောင့်ပြန်ပြန်ကျော့နေတာပါလဲ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 22 April 2023
၁။ ဧပြီလ တတိယအပတ်အတွင်း ကမ္ဘာ့ရွှေဈေးနည်းငယ်ကျဆင်းသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ နီးပါးရှိနေ
၂။ နေပြည်တော်ရှိ လေပြင်းသင့်ပြည်သူ(၄၀၀)ဦးခန့်အတွက် ရေသန့်နှင့်စားနပ်ရိက္ခာများလိုအပ်နေ
၃။ စက်သုံးဆီဈေးကျဆင်းလာ၊ ၉၂ ဓါတ်ဆီတစ်လီတာ ၂၁၀၀ကျပ်အောက်သို့ ရောက်ရှိလာ
၄။ အာရှနိုင်ငံအများအပြားတွင် အပူလှိုင်းကြောင့် အပူချိန်အလွန်မြင့်မားလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 22 April 2023
- ယခု အင်ဒိုနီးရှား မလေးရှားအပါအဝင် နိုင်ငံအချို့မှာ ကိုဗစ်ကူးစက်မှုတွေ ရုတ်ခြည်းမြင့်တက်လာနေပါတယ်။ ဘာကြောင့်ပါလဲဆရာ??
#Health_Matters #တကျော့ပြန်ပြန်နေသောကိုဗစ်
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
လေပြင်းတိုက်ခတ်မှုကြောင့် အမြန်လမ်းရှိ 230kV မဟာဓာတ်အားလိုင်းတိုင်(၃)ခုကျိုးကျပျက်စီးသွားကြောင်း ပေါက်မြို့နယ်၊ဓာတ်အားခွဲရုံ Pauk Ese ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဧပြီလ(၂၀) ရက်ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ လေပြင်း တိုက်ခိုက်မှုကြောင့် အမြန်လမ်း မိုင်တိုင် (၃၅၂) အနီး ဘဲလင်း-အုန်းတော 230kV မဟာဓာတ်အားလိုင်း တိုင်နံပါတ်၆၇/၆၈/၇၉ စုစုပေါင်းတိုင် ၃ တိုင် ကျိုးခဲ့သည်ဟု ဆိုသည်၊၊
မူလလိုင်းဟောင်းမှ ဓာတ်အားပြန်လည်ပေးနေရသောကြောင့် ယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုလျှော့နည်း၍သာ ရရှိမည်ဖြစ်ကြောင်း၊ သို့ပါ၍ ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မပြီးမချင်း ၇ ရက်ခန့် ယခင်ကထက် ဓာတ်အားရရှိမှုလျော့နည်းပြီး လျှပ်စစ်မီးရချိန် နည်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားသည်၊၊
#ymg/tthl #Local_News #လေပြင်း #ကျိုးကျပျက်စီး
#YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
ရှမ်းပြည်နယ် လားရှိုး-သိန်းနီလမ်းမှာ ၁၂ ဘီးကား တိမ်းမှောက်လို့ အမျိုးသမီး ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
လားရှိုးမြို့နယ်၊ (၉)မိုင်ကုန်း၊ လားရှိုး-သိန်းနီလမ်း၊ မိုင်တိုင်အမှတ် (၁၈၃/၂) နှင့် (၁၈၃/၃)ကြားတွင် ၁၂ ဘီးကားသည် ဧပြီလ ၂၁ ရက်နေ့ည ၉ နာရီခန်က တိမ်းမှောက်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) နဲ့ အမျိုးသမီး ၁ ဦး ကားခေါင်းအတွင်းညပ်ပြီး သေဆုံးမှု ဖြစ်ခဲ့သည်။
ယင်းဖြစ်စဉ်ကို လားရှိုးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရသည် ။

#ymg/ppk #Local_News #လားရှိုး #သိန်းနီ
#YMG #Yangon-Media-Group
#Local_News
Published_ 22 April 2023
ပြည်တောင်စုရွေးကောက် ပွဲကော်မရှင် ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ လုပ်ကြံခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့ ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က သူ၏ဇနီးဖြစ်သူဆရာဝန်အား ဆေးခန်းလိုက်ပို့ကာ ကားမောင်းပြီးပြန်အလာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းပေါ် ၁၆ ကွေ့ လမ်းဆုံအနီးတွင် PDF က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခြင်းဖြစ်ကြောင်း သိရသည်။
ဦးစိုင်းကျော်သူ အား သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရာ လည်ပင်း၊ လက်ယာနားနောက်၊ ချိုင်းအောက်၊ လက်များတွင်ကျည်ထိဒဏ်ရာငါးချက်ရသွားသည့်အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း၊ပစ်ခတ်မှုဖြစ်သည့်နေရာမှကျည်ခွံ ၁၂ ခုတွေ့ရှိထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
#ymg/pl #Local_News #ပြည်ထောင်စု # ဒုညွှန်ချုပ်လုပ်ကြံခံရ
#YMG #Yangon_Media_Group
#World_Politics
Published 22 April 2023
လန်ဒန်ရှိ ဝန်ကြီးချုပ်ရုံးတည်ရှိရာ ဒေါင်းနင်းလမ်းမှာ နိုင်ငံရေးအရှုပ်တော်ပုံများကြောင့် ရာထူးနှုတ်ထွက်ခြင်းများ မြင်တွေ့နေရပါတယ်။
လက်ထောက်ဝန်ကြီးချုပ် 'ဒိုမီနစ်ရက်ဘ်'ဟာ လွန်ခဲ့တဲ့နှစ်တွေက သူတာဝန်ယူခဲ့တဲ့ရုံးများမှာ အစိုးရဝန်ထမ်းများကို အနိုင်ကျင့်ခဲ့ကြောင်း တရားဝင်စုံစမ်းစစ်ဆေးမှုဖြင့် သက်သေရခဲ့ပြီးနောက် ဝန်ကြီးချုပ်'ရီရှီဆူနက်'ရဲ့ ဝန်ကြီးများအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။
ရီရှီဆူနက် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင်နဲ့ တာဝန်ယူနေစဉ်ကာလတွေမှာ တာဝန်ယူခဲ့ရတဲ့ ဒေါင်းနင်းလမ်းရုံးတိုင်းနီးပါးမှာ ရက်ဘ်က ဆိုးရွားစွာအုပ်ချုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရာထူးမှနှုတ်ထွက်ရတာဖြစ်ပါတယ်။
နာရီပိုင်းအကြာမှာတော့ ရက်ဘ်ရဲ့နေရာမှာ ယူကေလက်ထောက်ဝန်ကြီးချုပ်အဖြစ် 'အိုလီဗာဒေါင်ဒင်'ကို အစားထိုးခန့်အပ်လိုက်ပြီး တရားရေးဝန်ကြီးနေရာမှာတော့ 'အဲလက်စ်ချော့ခ်'ကို ခန့်အပ်လိုက်ပါတယ်။
ရက်ဘ်က ဆူနက်လက်ထောက်အဖြစ် တရားဝင်အာဏာမရှိပေမယ့် ဝန်ကြီးချုပ်မရှိတဲ့အချိန်မှာ တာဝန်ယူရတာဖြစ်ပါတယ်။
သူဟာ ဆူနက်နဲ့ နီးစပ်တဲ့နိုင်ငံရေးမဟာမိတ်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ဝန်ကြီးချုပ်ဖြစ်လာအောင် မဲဆွယ်စည်းရုံးရေးကို ကူညီပေးခဲ့ပါတယ်။
ဝန်ကြီးချုပ်အတွက်တော့ ပြီးခဲ့တဲ့ ၆ လအတွင်း တတိယမြောက်အကြီးတန်းဝန်ကြီးတစ်ဦး ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။
နောက်တစ်ဦးဖြစ်တဲ့ 'ဂေဗင်ဝီလျံဆန်'ကတော့ အနိုင်ကျင့်ကြောင်း စွပ်စွဲခံရပြီးနောက် နိုဝင်ဘာလမှာ နှုတ်ထွက်ခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ပါတီဥက္ကဌ'နာဒင်ဇာဝါဟီ'ကတော့ အခွန်ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးများစောင့်ထိန်းရမယ့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိပြီးနောက် ဝန်ကြီးချုပ်က သူ့ကို ဇန်နဝါရီလက ထုတ်ပယ်ခဲ့ပါတယ်။
ရီရှီဆူနက်က ရက်ဘ်နှုတ်ထွက်မှုနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းရကြောင်း၊ သူ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်များကိုလည်း စိုးရိမ်ပူပန်နေရမယ်ဆိုတာ သဘောပေါက်နားလည်ကြောင်း ပြောပြခဲ့ပါတယ်။
#Source: WION #World_Politics #ယူကေ #ဝန်ကြီးချုပ်ဒိုမီနစ်ရက်ဘ် #ရာထူးမှနှုတ်ထွက်
#YMG #Yangon_Media_Group
#Local_News
Published_ 22 April 2023
ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးတွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကတိုက်တွန်း ပြောဆိုလိုက်သည်။
ကျိုင်းတုံမြို့အနီးတွင် ဆောင်ရွက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ပြောကြားခဲ့တာဖြစ်သည်။
ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေသတွင် တည်ဆောက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်နေပြီး အမြန်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့သည်။
လက်ရှိမှာပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်မားနေပြီး ရရှိသမျှနည်းပညာများနှင့်စွမ်းအင်များကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း ခေတ်မီအဆင့်မြင့် နည်းပညာများအသုံးပြု၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

#ymg/yn #Local_News #ဓာတ်အားပေးစက်ရုံ #ပြည်ထောင်စုဝန်ကြီး
#YMG #Yangon-Media-Group
Page 1324 of 2053