#Local_News
Published_ 24April 2023
နေပြည်တောင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ယနေ့ နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက် နေရာကွက်ကျားမိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
#ရန်ကုန် #မြို့ကြီးတချို့ #နေရာကွက်ကြားမိုးရွာ
#YMG #Yangon_Media_Group
#World_Health
Published 24 April 2023
ဆံပင်ဖြူလာတာဟာ အိုမင်းရင့်ရော်ခြင်းရဲ့ ပထမဆုံးလက္ခဏာတွေထဲက တစ်ခုဖြစ်ပြီး ထိုအခါမှာ အများစုကဆံပင်ဆေးဆိုးတတ်ကြပါတယ်။
အိုမင်းရင့်ရော်လာတဲ့ သဘာဝဖြစ်စဉ်ကို ဆန့်ကျင်လို့မရပေမယ့် လက္ခဏာပုံရိပ်တွေကိုတော့ အတိုင်းအတာတစ်ခုအထိ တားဆီးလို့တော့ရနိုင်ပါတယ်။
သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ဆံပင်ဖြူခြင်းအတွက် ဖြစ်စဉ်တစ်ခုကိုတွေ့ရှိခဲ့ပြီး ဒီဖြစ်စဉ်ကိုဆန့်ကျင်နိုင်စေမယ့် ဆဲလ်ပြောင်းလဲခြင်းကို ကုသနိုင်မယ့်နည်းလမ်းဖော်ထုတ်နိုင်မယ်လို့ ဆိုနေကြပါတယ်။
ပင်မစတမ်ဆဲလ်တွေက ညပ်ကျန်နေခဲ့ပြီး အချိန်ကြာလာတာတောင်မှ ဆံပင်အရောင်မပြောင်းလဲဘဲ ရှိနေစေမယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ပင်မစတမ်ဆဲလ်တွေက ဆဲလ်အမျိုးမျိုးအဖြစ်သို့ ခွဲထွက်နိုင်ပြီး မွေးညင်းပေါက်တွေထဲမှာ အခြေအနေအမျိုးမျိုးသို့ ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ထိုဆဲလ်တွေ ရွေ့လျားနိုင်စွမ်းမဲ့လာပြီး ဆံပင်ဖြူလာတာပဲဖြစ်ပါတယ်။
လေ့လာချက်တွေကို ကြွက်တွေနဲ့စမ်းသပ်တာဖြစ်ပေမယ့် လူတွေမှာလည်း အလားတူဖြစ်စဉ်မျိုး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်ဆံပင်ဖြူရလဲဆိုတာကို နားလည်သိရှိနိုင်မယ့် ခြေလှမ်းကြီးတစ်ခုဖြစ်ကြောင်း နယူးယော့ခ်ဂရော့စ်မန်းဆေးပညာတက္ကသိုလ်မှ အရေပြားပရော်ဖက်ဆာ'မာယူမီအီတို'က ဖော်ပြလိုက်ပါတယ်။
လူသားတွေမှာပါ ထိုလေ့လာမှုကမှန်ကန်တယ်ဆိုရင် ဆံပင်ဖြူခြင်းကို ကာကွယ်ဆန့်ကျင်နိုင်မယ့်နည်းလမ်း ထွက်ပေါ်လာနိုင်ဖွယ်ရှိနေပါတယ်။
ဆံပင်မွေးညင်းပေါက်တွေကြား ညပ်နေတဲ့ဆဲလ်သေတွေကို ရွေ့နိုင်အောင်လုပ်နိုင်မယ်ဆိုရင် ဆံပင်ဖြူခြင်းကို ကာကွယ်ဆန့်ကျင်နိုင်မယ့်နည်းလမ်း ပေါ်ပေါက်လာဖွယ်ရှိကြောင်း ဖော်ပြသွားပါတယ်။
Source: WION #World_Health #ဆံပင်ဖြူ #အနာဂတ်
#YMG #Yangon_Media_Group
#World_Military
Published 24 April 2023
ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ဥရောပမှာ နှစ်စဉ်အသုံးစရိတ်အကုန်အကျအများဆုံးဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုက စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်က တစ်ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ပဋိပက္ခနှင့်လက်နက်ဆိုင်ရာ ထိပ်သီးအကြံပေးအဖွဲ့တစ်ဖွဲ့က ဧပြီ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့စစ်အသုံးစရိတ်က ၂၀၂၂ မှာ ၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၂၄ ထရီလီယံအထိ မြင့်တက်ခဲ့ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI)မှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ ရုရှားကျူးကျော်မှုကြောင့် ဥရောပနိုင်ငံတွေမှာ သူတို့ကာကွယ်ရေးတွေကို အရှိန်မြှင့်လာစေဖို့ တွန်းအားပေးသလိုဖြစ်နေပါတယ်။
အနောက်နိုင်ငံရဲ့လုပ်ရပ်က ရန်လိုနေတယ်လို့ ရုရှားကယူဆကာ ကာကွယ်တဲ့အနေဖြင့် အထူးစစ်ဆင်ရေးပြုလုပ်ရန်လိုအပ်ကြောင်း ရုရှားကဆိုပါတယ်။
ရုရှားက နယ်မြေသိမ်းပိုက်ရန်ရည်ရွယ်ပြီး စစ်ပွဲဆင်နွှဲနေတယ်လို့ ယူကရိန်းနဲ့ အနောက်ပိုင်းမဟာမိတ်များက ပြောနေကြပါတယ်။
အထူးသဖြင့် ရုရှားနဲ့ယူကရိန်းတို့ကြောင့် ပြီးခဲ့တဲ့နှစ်က ဥရောပစစ်အသုံးစရိတ် ၁၃ ရာခိုင်နှုန်းမြင့်တက်လာပေမယ့် ဥရောပတဝှမ်းရှိ နိုင်ငံအများအပြားမှာ တင်းမာမှုများမြင့်တက်လာတာနဲ့အလျောက် စစ်အသုံးစရိတ်များမြင့်တက်လာပါတယ်။
အစိုးရအများအပြားဟာ အသုံးစရိတ်တိုးမြှင့်ရန် နှစ်ရှည်လများအစီအစဉ် ကြံရွယ်နေကြကြောင်း၊ ဥရောပအလယ်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ စစ်အသုံးစရိတ်ဆက်လက်မြင့်တက်လာဦးမယ်လို့ ခန့်မှန်းထားကြောင်း SIPRI အကြီးတန်းသုတေသီ'ဒီယေဂိုလိုပက်စ်ဒါဆေးလ်ဗား'က ပြောပြပါတယ်။
ယူကရိန်းအတွက် အမေရိကန်ရဲ့စစ်ရေးအကူအညီစရိတ်က ၂၀၂၂ အတွင်း အမေရိကန်စစ်အသုံးစရိတ်စုစုပေါင်းရဲ့ ၂.၃ ရာခိုင်နှုန်းရှိတယ်လို့ SIPRI က ခန့်မှန်းလိုက်ပါတယ်။
တစ်ကမ္ဘာလုံးမှာ အမေရိကန်က အသုံးစရိတ်အများဆုံးဖြစ်ပေမယ့် စုစုပေါင်းအသုံးစရိတ်က လက်တွေ့မှာတော့ အနည်းငယ်မျှသာ မြင့်တက်ခဲ့ပါတယ်။
ရုရှားစစ်အသုံးစရိတ်ဟာလည်း ၉.၂ ရာခိုင်နှုန်းတိုးလာပေမယ့် ဘဏ္ဍာရေးအာဏာပိုင်များ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် အတိအကျတော့ မသိရပါဘူး။
၂၀၂၂ အတွင်း ရုရှားဘက်ဂျက်အစီအစဉ်တွေနဲ့ စစ်ရေးအသုံးစရိတ်များကြား ခြားနားချက်က ယူကရိန်းကိုကျူးကျော်တာဟာ ရုရှားတို့မှန်းထားတာထက် များစွာပိုမိုကုန်ကျစေတယ်လို့ ဖော်ပြနေပါတယ်။
Source: CNA #World_Military #ယူကရိန်း #ကမ္ဘာလုံးဆိုင်ရာ #စံချိန်တင်မြင့်တက်
#ပဋိပက္ခအကြံပေး #YMG #Yangon_Media_Group
#Local_Sport
Published_ 24 April 2023
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် မနက်ဖြန် ဧပြီ ၂၄ ရက်၊ မြန်မာစံတော်ချိန် ည (၈) နာရီခွဲတွင်၊ ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့၊ Dolen Omurzakov ကွင်း၌ ပထမအဆင့် ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ကာဂျစ္စတန်နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် ဧပြီ ၂၈ ရက်၊ မြန်မာစံတော်ချိန် ည (၈:၃၀) နာရီတွင် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။
ကာဂျစ္စတန်နိုင်ငံတွင် ဧပြီ ၂၄ ရက်မှ ၂၈ ရက် အထိကျင်းပမည့် ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ၊ ပထမအဆင့် ခြေစစ်ပွဲ မတိုင်မီ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း နည်းပြချုပ်ဦးသန်းဝေသည် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်း နည်းပြချုပ် ဦးသန်းဝေက" ၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ၊ ပထမအဆင့် ခြေစစ်ပွဲစဉ်အတွက် ပြင်ဆင်ချိန် နှစ်လလောက်သာရပေမယ့် အကောင်းဆုံး ကစားနိုင်မယ့်လို့ မျှော်လင့်ထားပါတယ်။ ဒီပြိုင်ပွဲမတိုင်မီ အသင်းက ကစားသမားအများစုကလည်း ဂျပန်နိုင်ငံကို သွား ရောက်ပြီး ခြေစမ်းကစားထားတဲ့ အတွေ့အကြုံရှိထားပါတယ်" လို့ ပြောကြားပါတယ်။
ဆက်လက်၍ "ကျွန်တော်တို့နဲ့တွေ့ရမယ့် နှစ်သင်းစလုံးဟာအသင်း ကောင်းတွေ ဖြစ်ကြပါတယ်။ ကာဂျစ္စတန်ဟာ အိမ်ရှင်ဖြစ်တာ ကြောင့် အထူးပြင်ဆင်ထားမှာဖြစ်သလို အိန္ဒိယကလည်း တိုးတက်လာတဲ့အသင်း ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ တစ်ပွဲချင်း အာရုံစိုက် ပြင်ဆင် သွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ ဆိုပါတယ်။
အိမ်ရှင်ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ ကစားမည့်ပွဲစဉ်ကို Kyrgyz Sport TV Youtube မှ တစ်ဆင့် တိုက် ရိုက်ပြသပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။


#ygm_mnn #Local_Sport #မြန်မာအမျိုးသမီး #အိမ်ရှင်ကာဂျစ္စတန်
#YMG #Yangon_Media_Group
#World_Health
Published 24 April 2023
ကြက်သွန်ဖြူစားခြင်းဖြင့် ခံတွင်းအနံ့ဆိုးနိုင်ပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိနိုင်ပါတယ်။
ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးတွေကိုရရှိဖို့ အကောင်းဆုံးနည်းလမ်းကတော့ အစိမ်းလိုက်စားခြင်းပါပဲ။
ကြက်သွန်ဖြူဟာ အကျန်းမာဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပြီး အာဟာရဓာတ်များပြည့်ဝသလို ဘယ်လိုအစားအစာကိုမဆို အနံ့အရသာဖြည့်ဆည်းနိုင်ကြောင်း အာဟာရဆိုင်ရာပညာရှင်'အာရီယာနာလတ်ဇီ'က ပြောပြခဲ့ပါတယ်။
ကြက်သွန်ဖြူမှာပါဝင်တဲ့ အယ်လီဆင်ဒြပ်ပေါင်းက ကိုလက်စ်ထရောလ်နဲ့ သွေးပေါင်ချိန်တို့ကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။
ကြက်သွန်ဖြူအစိမ်းလိုက်စားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဦးနှောက်အတွက်အကျိုးရှိစေခြင်း
ဗိုက်တာမင်ဘီ၆၊ မန်ဂန်နိစ်၊ ဆယ်လီနီယမ်၊ ဗိုက်တာမင်စီ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါးတို့ပါဝင်ကာ အသိဉာဏ်စွမ်းရည်လုပ်ဆောင်ချက်တို့အတွက် အထူးကောင်းမွန်စေပါတယ်။
(၂) ကိုယ်ခံအားစနစ်ကိုထောက်ပံ့ခြင်း
ကြက်သွန်ဖြူအစိမ်းမှာပါဝင်တဲ့ ဗိုက်တာမင်စီက ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။
(၃) ရောင်ရမ်းမှုကိုကျစေခြင်း
ကြက်သွန်ဖြူမှာ အယ်လီဆာလ်ဖိုက်ဒ်ပါဝင်ကာ ရောင်ရမ်းခြင်းကိုဆန့်ကျင်ပြီး ကင်ဆာတိုက်ထုတ်ပေးတဲ့ဒြပ်ပေါင်းဖြစ်တာကြောင့် ကင်ဆာဆဲလ်များကြီးထွားလာခြင်းကို နှောင့်နှေးစေကြောင်း တွေ့ရှိထားပါတယ်။
(၄) အသည်းအတွက်ကောင်းမွန်စေခြင်း
ကြက်သွန်ဖြူက အသည်းမှာ အချို့အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။
(၅) နှလုံးအတွက်ကောင်းမွန်စေခြင်း
ကြက်သွန်ဖြူတွေက ကိုလက်စ်ထရောလ်လျော့ကျစေကာ သွေးပေါင်ချိန်ကိုထိန်းညှိပေးတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။
(၆) အရိုးပွခြင်းကိုကာကွယ်ပေးနိုင်ဖွယ်ရှိခြင်း
အမျိုးသမီးတွေ အရိုးပွခြင်းဖြစ်နိုင်ချေများတဲ့ သွေးဆုံးကာလရောက်တဲ့အခါ ကြက်သွန်ဖြူက အီစထရိုဂျင်ပမာဏကိုမြှင့်တင်ပေးကာ အဆစ်အမြစ်ရောင်ခြင်းကိုလည်း လျော့ကျစေပါတယ်။
(၇) အသားအရေအတွက်သင့်တော်ခြင်း
ကြက်သွန်ဖြူက ဘက်တီးရီးယားနဲ့ မှိုတို့ကို သေစေနိုင်တဲ့စွမ်းရည်ရှိကာ ဝက်ခြံကိုသက်သာစေပြီး တစ်ကိုယ်လုံးရှိသွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင့်ပစ္စည်းများပါဝင်တာကြောင့် အသားအရေကို အာဟာရပြည့်ဝစေပါတယ်။
Source: WELL+GOOD #World_Health #အနံ့ဆိုး #ကျန်းမာရေး #ကြက်သွန်ဖြူ
#Yangon_Media_Group #YMG
Published 23 April 2023
The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ဧပြီ ၂၃ရက်က နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိလာတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူတွေက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
The Elders အဖွဲ့ကို ၂၀၀၇ခုနှစ်မှာ နယ်ဆင်မင်ဒဲလားက တည်ထောင်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး၊တရားမျှတရေး၊လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်တည်တံ့သော ဂြိုဟ်တစ်ခုအတွက် လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွလက်တွဲလုပ်ကြတဲ့ အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ရည်ရွယ်ချက်မှာဖော်ပြထားပါတယ်။
ဥက္ကဋ္ဌမှာ အိုင်ယာလန်ရဲ့ပထမဆုံးအမျိုးသမီးသမ္မတတာဝန်ထမ်းဆောင်ခဲ့သူ Mary Robinson၊ဒုတိယဥက္ကဋ္ဌ(၁) ကုလထွေချုပ်ဟောင်းဘန်ကီမွန်း၊ဒုတိယဥက္ကဋ္ဌ(၂) မိုဇမ်ဘစ် ပညာရေးဝန်ကြီးဟောင်း Graca Machel၊ နိုင်ငံအကြီးအကဲဟောင်းများနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ (၈)ဦးတို့ဖြင့်ဖွဲ့စည်းထားတယ်လို့ ယင်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
မစ္စတာဘန်ကီမွန်းရဲ့ ယခုခရီးစဉ်နှင့်ပတ်သက်လို့ လာရောက်တဲ့အကြောင်းရင်းနှင့်အသေးစိတ်အချက်အလက်တွေကို နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။
-ymg/knl
#YangonMediaGroup
#မစ္စတာဘန်ကီမွန်း
#The Eldersအဖွဲ့ဒုတိယဥက္ကဋ္ဌမစ္စတာဘန်ကီမွန်း
#မြန်မာ့နိုင်ငံရေး


#Local_News
Published_ 23 April 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူအုပ်စုအတိုင်း ရောနှော၍ ဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလက်မှု လုပ်ငန်းများအား ယနေ့ ဧပြီ (၂၃) ရက်မှစ၍ နေ့စဉ် ညနေ(၅)နာရီမှ မနက်(၅) နာရီ အချိန်အထိ ညပိုင်းကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် ကန့်သတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) က အသိပေးပန်ကြားထားပါတယ်။
ယခု နွေရာသီကာလအတွင်း နေ့/ည အပူချိန်မြင့်မားလာမှုနှင့် ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းကြောင့် လည်းကောင်း၊ ဓာတ်အားပေးစက်များအား နှစ်စဉ်ပုံမှန် ထိန်းသိမ်းပြုပြင်ရခြင်းနှင့် (၂၃၀) ကေဗွီနှင့် (၁၃၂) ကေဗွီ လောပိတ မဟာဓာတ်အားလိုင်း များ၏ တာဝါတိုင်များ အကြိမ်ကြိမ် ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်များမှ ထုတ်လုပ်ပို့လွှတ်သော ဓာတ်အားများ လျော့နည်းလျှက်ရှိ တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော်ဓာတ်အား စနစ်အတွင်း ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အရေးပေါ်ဝန်အားလျှော့ချရခြင်းနှင့် အလှည့်ကျ ဝန်အားလျှော့ချရခြင်းများပြုလုပ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရကြောင်း ဖော်ပြထားပါတယ်၊
လက်ရှိဓာတ်အားထုတ်လုပ်ပို့လွှတ် ပေးနိုင်မှုအခြေအနေများအရ ကန့်သတ်ချိန် အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်နေမှု့ကို မီတာပြ ဂဏန်းများ ဓာတ်ပုံရိုက်မှတ်တမ်းတင်၍ စစ်ဆေးသွားမည်ဖြစ်ပြီး ဖေါက်ဖျက်ကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း YESC က အသိပေးကြေညာထားပါတယ်။
ygm_mnn
#YMG #Yangon_Media_Group
#Local_News
Published_ 23 April 2023
မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ(MHF)တွင် ယခင် နှစ်က ဂျာမနီသည် ရန်ပုံငွေအများဆုံးထည့်ဝင်ခဲ့ပြီး ၂၀၂၃ခု နှစ်တွင်လည်း မြန်မာပြည်သူများအတွက်ထောက်ပံ့မှုများဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms Danielle Parry နှင် တွေ့ဆုံစဉ် သံရုံးတာဝန်ခံ အကြီးအကဲ York Schuegraf က လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက် များ သိသိသာသာ မြင့်မားလာကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ဆက်လက်ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဂျာမနီနိုင်ငံအနေဖြင့်
OCHA မှ တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) တွင် ရန်ပုံငွေအများဆုံးထည့်ဝင်သည့် နိုင်ငံအဖြစ် ၂၀၂၂ ခုနှစ်တွင် ယူရို ၁၂ သန်းကို ထည့်ဝင်ပံ့ပိုးပေးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာပြည်သူများအတွက် ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်ကြောင်း UNOCHA၏ ထုတ်ပြန်ချက်အရသိရသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published-23 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၇/ စျေးလမ်းမကြီးနှင့်
ပတ္တမြားလမ်းထိပ်တွင် ဧပြီ ၂၂ ရက်က ခရီးသည်တင် YBSကားနှင့်ဘေးတွဲဆိုင်ကယ်တို့ဝင်တိုက် မိ၍ ကလေး၃ဦးအပါအဝင် ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကသိရသည်။
ဧပြီလ ၂၂ရက် ညနေ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးတွဲပေါ်တွင် လိုက်ပါလာသူများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
"ယာဥ်မတော်တဆဖြစ်နေတယ်လို့ သတင်းရရှိတဲ့အတွက် သွားရောက်ကူညီခဲ့တယ်။ ဒဏ်ရာရရှိသူ ၆ဦးကို ရှေးဦးပြုစု မြေပြင်ကုသမှုတွေပေးပြီး ပရဟိတအသင်းတွေက ဆေးရုံပို့ပေးခဲ့တယ်"ဟုပေးဆပ်သူတို့နှလုံးသားပရဟိ
တအသင်းကသိရသည်။
ဖြစ်စဥ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကလေး ၃ ဦး၊အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/pl
#YMG #Yangon_Media_Group



Published 23 April 2023
တနင်္ဂနွေနေ့မှာကျရောက်တဲ့ တရုတ်ရေတပ်ရဲ့ ၇၄နှစ်မြောက်နေအကြိုအဖြစ် တရုတ်ရေတပ်ဟာ ယင်းရဲ့ရေပိုင်နက်ထဲ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။
ပင်လယ်ဝါထဲမှာ ရေတပ်လေ့ကျင့်ရေးစင်တာက ကြီးမှူးပြီး အင်အားပြည့် လေ့ကျင့်ခန်းတွေနှင့်အတူ ကြီးမားတဲ့ ဖျက်သင်္ဘော ဝူဇီနှင့် ဖျက်သင်္ဘောအသစ် ကွေးယန်းတို့ကပါ ပါဝင်စွမ်းရည်ပြသခဲ့ကြပါတယ်။ စစ်သင်္ဘောအသစ်တွေရဲ့ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းရည်ကိုစစ်ဆေးဖို့နှင့် တိုးတက်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
Source: CCTVPlus
#တရုတ်ရေတပ်စစ်ရေးလေ့ကျင့်ခန်း
#တရုတ်စစ်ရေးစွမ်းအား
#YangonMediaGroup
#Local_News
Published_ 23 April 2023
ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်ဖော်ထုတ်သည့် ဆွေးနွေးပွဲကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးလုပ်ငန်းအဖွဲ၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်တို့က အမှာစကား ပြောကြားကြပါတယ်။
ဆက်လက်၍ တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများက စုံစမ်းစစ်ဆေးခဲ့သည့် မှုခင်းများမှ ဖော်ထုတ်ရရှိခဲ့သည့်ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ၊ ကြီးကြပ်ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက ၎င်းတို့၏သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖော်ထုတ်ရရှိခဲ့တဲ့ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုးနိုင်ခြေအန္တရာယ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 23 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ညီညီ( စိတ်ပညာ) ဟောပြောပို့ချသူ/နှစ်သိမ့်ဆွေးနွေးအကြံပေးသူနှင့်အတူ
အသက်(၇)နှစ်အရွယ်ကနေ အသက်( ၆၀)နှစ်အရွယ်ထိ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းတွေကိုလုပ်ပေးခဲ့ရဖူးတယ်ဆိုတဲ့အကြောင်း
ကျွန်တော့်သားကိုချစ်စနိုးနဲ့ကျွန်တော့်ငယ်နာမည်" kukoo"လို့ခေါ်ရင်းက Nyi Nyi kukoo ဆိုပြီး Facebook name ပေးဖြစ်ခဲ့ခြင်းအကြောင်း
"ကလေးသူငယ်အခွင့်အရေးကို ကလေးတွေသိဖို့လိုသလို ကလေးမိဘတွေလည်းလိုက်နာနိုင်ဖို့ ကုကူဖတ်စာစသဖြင့် စာအုပ်လေးတွေရေးသားထုတ်ဝေခဲ့တဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ညီညီ( စိတ်ပညာ)
#YMG #Yangon_Media_Group
Page 1322 of 2053