Published 5 Sept 2022
(၇)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့တွင် စက်တင်ဘာ (၅)ရက် တနင်္လာနေ့က” ဝင်ရိုးစုံကမ္ဘာသို့ ဝင်ပေါက်လမ်း”ဆိုတဲ့ အာဘော်နှင့် ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံပေါင်း ၆၀ကျော်နှင့် ဒေသတွေက ကိုယ်စားလှယ်တွေ ဖိုရမ်တက်ရောက်လာကြတယ်လို့ ကြီးမှူးကျင်းပသူက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဖိုရမ်ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်တက်ရောက်ဖို့ရှိပါတယ်။
EEF ဟာ ၂၀၁၅ခုနှစ် မေလမှာပူတင်ရဲ့ အမိန့်ဒီကရီနှင့် တည်ထောင်ခဲ့ပါတယ်။ အဲဒီအမိန့်ဒီကရီအရ ဗလက်ဒီဗိုစတော့ခ်မှာ နှစ်စဉ်ကျင်းပရမှာဖြစ်ပြီး ရုရှားရဲ့ အရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နှင့် အာရှပစိဖိတ်ဒေသမှာ နိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးချဲ့ထွင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Source CCTV+
#Eastern_Economic_Forum_(EEF)
#7th_EEF
#Vladivostok_Russia
#Local_News
Published - 5 September 2022
လတ်တလောမှာ ဟိုတယ်လုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေအတွက် မီးစက်တွေမဖြစ်မနေဝယ်ယူနေရတဲ့အတွက် လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်းတွေ မြင့်တက်လာတယ်လို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုညီညီထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
Published 5 Sept 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဆင့်မြင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၅ရက် တနင်္လာနေ့က ဗလက်ဒီဗော့စတော့ခ်မြို့က ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို သွားရောက်လေ့လာကြည့်ရှုခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ တတိယမြောက်ဖွင့်လှစ်ခဲ့တဲ့ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း (Makarov Pacific Higher Naval School)ကို ပထမဦးစွာ လေ့လာကြည့်ရှုခဲ့ရာမှာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရေတပ်ဗိုလ်ချုပ် ဗလက်ဒီမာ ဗာဆီလီဗစ် ဘူရာကော့ဗ်က သင်တန်းကျောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီသင်တန်းကျောင်းမှာ သင်တန်းသားတွေကိုယ်တိုင် တီထွင်ထားတဲ့ ဆိုလာစွမ်းအင်သုံး ရေယာဉ်ကို စမ်းသပ်မောင်းနှင်ပြခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီနောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters ကိုဆက်လက်သွားရောက်ရာမှာ ဒုတိယဌာနချုပ်မှူးဖြစ်တဲ့ ရေတပ်ဗိုလ်ချူပ် ဗလက်ဒီမာ အက်စတာဟော့ဗ်က ဌာနချုပ်နှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြသခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
ညနေပိုင်းမှာ ဗိုလ်ချူပ်မှူးကြီးနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ဆက်လက်လေ့လာခဲ့ကြရာမှာ အရှေ့ဖျားသင်္ဘောကျင်းကုမ္ပဏီ အကြီးအကဲ မစ္စတာအင်ဒရေးဆာဗာရီလော့ဗ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြသခဲ့ကြပါတယ်။
အဲဒီဆိပ်ကမ်းကို ၁၈၇၂ ခုနှစ်မှာ ရုရှားရေတပ်ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ပြီး ပထမကမ္ဘာစစ်ကာလအတွင်း စစ်ဘက် သယ်ယူပို့ဆောင်ရေးတွေကို အဓိကထားဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ နိုင်ငံခြားကုန်တင်သင်္ဘောအချို့ စတင်ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးနောက် ၁၉၉၀ပြည်နှစ်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖြစ်ပြောင်းလဲခဲ့တာလို့သိရပါတယ်။ ဒီဆိပ်ကမ်းဟာ ရုရှာဖက်ဒရေးရှင်းနှင့် နိုင်ငံအရှေ့ပိုင်းတို့တွင် အကြီးဆုံးဆိပ်ကမ်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့အပြင် ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ Far Eastern Federal University Medical Centerကိုလည်းသွားရောက်လေ့လာခဲ့တယ်လို့သိရပါတယ်။
Source: SAC’s information
#Local_News
Published _ 5 September 2022
ကြက်သွန်နီလက်လီရောင်းဈေးနှုန်းတွေဟာ ဒိုင်လက်ကားဈေးတွေနှင့် ကွာဟမှုတွေရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 5 September 2022
၁။ ကြက်သွန်နီ လက်လီဈေးများ ဒိုင်လက်ကားဈေးများနှင့် ကွာဟမှုတွေရှိနေ
၂။ မီးစက်များ မဖြစ်မနေဝယ်နေရ၍ လုပ်ငန်းသုံးမီးစက်ဝယ်ယူနှုန်း မြင့်တက်နေ
၃။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ၅၂၂၀ ကျပ်ဟု တိုးမြှင့်သတ်မှတ်ထား
၄။ နယူးယော့ခ်မှ မြင်းလှည်းရထားလုံးများကို ဆန့်ကျင်သူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 5 September 2022
အရင်ကာလတွေအတိုင်း ဆေးဝါးတင်သွင်းတယ့်အခါ ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါက ပြည်တွင်းမှာ နိုင်ငံခြားဆေးတွေဈေးမြင့်တက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published _ 5 September 2022
ရွှေဒင်္ဂါးပြားကို တစ်ကျပ်သားလျှင်၂၉ သိန်းခွဲ ဈေးဖြင့် နေပြည်တော်၌ စက်တင်ဘာလ ၅ ရက် ယနေ့တွင် ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
"ညနေ ၄ နာရီခွဲထိ ရောင်းပေးမှာပါ။ ရန်ကုန်မှာတော့ မနက်ဖြန်လောက်မှ ရောင်းပေးဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေ့က နေပြည်တော်မှာ ရောင်းပေးတာပါ"ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွင် လွတ်လွတ်လပ်လပ် ရောင်းချပေးမည်ဟု နစက က စက်တင်ဘာလ ၁ ရက္ညပိုင်းတွင် ကြေညာထားသည်။
အဆိုပါ ရွှေဒင်္ဂါးပြားပုံစံမှာ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 5 September 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတက်အကျ သိပ်မရှိဘဲတည် ငြိမ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ယနေ့စက်တင်ဘာလ ၅ ရက်တွင်ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၃၉၅ ကျပ်၊ 95 တစ်လီတာ ၂၄၉၅ ကျပ်၊ 97 တစ်လီတာ ၃၀၄၀ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၁၂၅ ကျပ်ဖြစ်ကြောင်း သိရသည်။
နစက အနေဖြင့် ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီမှာ ယခုအပါတ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်ပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးထားကြောင်း၊ ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published - 5 September 2022
အိန္ဒိယနိုင်ငံ၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် EXIM Bazaar- 2022 ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင်နိုင်ငံ(၄)နိုင်ငံမှ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်၊၊
အဆိုပါပြပွဲကို Export-Import Bank of India ၏ စီစဉ်မှုဖြင့် စက်တင်ဘာလ(၃) ရက်မှ (၆)ရက်အတွင်း နယူးဒေလီမြို့ National Craft Museum ၌ကျင်းပ လျက်ရှိသည်၊၊
အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံ ပြည်နယ်များနှင့် ဒေသအသီးသီးမှ လက်မှုအနုပညာပစ္စည်းများ၊ အထည် အလိပ်များ ပြသရောင်းချပွဲ EXIM Bazaar- 2022 ကို ကျင်းပလျက်ရှိရာ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲ၊ စျေးရောင်းပွဲကို အိန္ဒိယအထက်လွှတ်တော်အမတ် (Member of Rajya Sabha) Padma Vibhushan Dr. Sonal Mansinghမှ ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို အိန္ဒိယအစိုးရတာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_News
Published 5 September 2022
စက်တင်ဘာ ၄ ရက်နေ့(တနင်္ဂနွေနေ့) က စတင်ဖြစ်ပွားခဲ့တဲ့ ဓားထိုးလူသတ်မှုကွင်းဆက်မှာ ပါဝင်တယ်လို့ သံသယရှိထားတဲ့ တရားခံ ၂ ဦးကို ကနေဒါရဲတပ်ဖွဲ့များ ရှာဖွေနေကြပါတယ်။
ဆက်စ်ကက်ချာဝမ်အလယ်ပိုင်းပြည်နယ်တလျှောက် ဒေသခံရပ်ဝန်းမှ လူ ၁၀ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူ ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကီလိုမီတာရာချီဝေးကွာတဲ့ နေရာတွေမှာ တွေ့လိုက်ရပါတယ်။
ဒါဟာ ကနေဒါနိုင်ငံတလျှောက် လူဦးရေကျဲပါးတဲ့နေရာမှာ ဓားထိုးမှုဖြစ်ပွားခဲ့တာ သေချာနေပါတယ်။
"ဆက်စ်ကက်ချာဝမ်မှာ တိုက်ခိုက်ခဲ့မှုက ကြေကွဲကြောက်လန့်စရာကောင်းပါတယ်။ ဒဏ်ရာရတဲ့သူတွေနဲ့ ဆုံးရှုးသွားရတဲ့ မိသားစုဝင်တွေကို ကိုယ်ချင်းစာပါတယ်" လို့ ကနေဒါဝန်ကြီးချုပ်'ဂျက်စတင်ထရူဒေါက်'က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
"ဒီလိုအကြမ်းဖက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သူတွေအတွက် ဖော်ပြစရာစကားတောင် မရှိတော့ပါဘူး၊ ဆက်စ်ကက်ချာဝမ်ကလူတွေအားလုံး သူတို့နဲ့အတူ ဝမ်းနည်းပူဆွေးနေရမှာပါ" လို့ ဆက်စ်ကက်ချာဝမ်အုပ်ချုပ်ရေးမှူး'စကော့မိုး'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
ရဲတွေက အသက် ၃၁ နှစ် 'ဒါမီယန်ဆန်ဒါဆန်'နဲ့ အသက် ၃၀ 'မိုင်းလ်စ်ဆန်ဒါဆန်'တို့ရဲ့ ဓာတ်ပုံတွေနဲ့ အကြောင်းအရာတွေကို ဖော်ပြအသိပေးထားပေမယ့် သူတို့ကျူးလွန်ရတဲ့ ရည်ရွယ်ချက်နဲ့ ပစ်မှတ်တွေတော့ အသေးစိတ်မပါဝင်ပါဘူး။
ဓားထိုးမှုဖြစ်ပွားတဲ့ ဂျိမ်းစမစ်ခရီဒေသနဲ့ ဝယ်လ်ဒန်ရွာရဲ့ တောင်ဘက် ၃၂၀ ကီလိုမီတာရှိ ရက်ဂျီနာမြို့မှာ တရားခံ ၂ ဦးကို Nissan Rogue အနက်ရောင်ကားနဲ့ တွေ့လိုက်ရကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
"ဓားထိုးခံရသူအချိုဟာ ပစ်မှတ်တွေဖြစ်ခဲ့ဟန်ရှိပြီး အချို့ကတော့ ကြုံရာဓားထိုးခံရသူတွေဖြစ်နိုင်ပါတယ်၊ ဓားထိုးရတဲ့အကြောင်းအရင်းကိုတော့ အခုအချိန်မှာ ပြောဖို့ခက်နေပါတယ်" လို့ ဆက်စ်ကက်ချာဝမ်တော်ဝင်ကနေဒါရဲတပ်ဖွဲ့မှ 'ရွန်ဒါဘလက်ခ်မော'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓားထိုးခံရပြီး သူတို့ဘာသာ ဆေးရုံတွေကိုသွားခဲ့တဲ့ နောက်ထပ်လူတွေလည်း ရှိနိုင်သေးကြောင်းဆိုပါတယ်။
ဒီဓားထိုးမှုကွင်းဆက်က ဂျိမ်းစမစ်ခရီပြည်နယ်နဲ့ ဝယ်လ်ဒန်မြို့အပါအဝင် နေရာ ၁၃ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲတွေက ရှင်းပြခဲ့ပါတယ်။
ပထမဆုံးဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုတွေက ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၀ မိနစ်မှာ ဖြစ်ခဲ့ပြီး ၂ နာရီခွဲကြာမြင့်ပြီးနောက် အန္တရာယ်ရှိတရားခံအဖြစ် ရဲတွေက သတိပေးတပ်လှန့်ခဲ့ကာ မွန်းလွဲအချိန်မှာတော့ အနီးနားပြည်နယ်တွေဖြစ်တဲ့ အယ်လ်ဘာတာနဲ့ မာနီတိုဘာတိုမှာလည်း အလားတူ သတိပေးခဲ့ရပါတယ်။
ပြည်သူတွေကို ကိုယ့်နေရာမှာကိုယ် လုံခြုံစွာနေထိုင်ကြဖို့နဲ့ သံသယရှိသူကိုတွေ့ရှိပါက ချက်ချင်းအကြောင်းကြားဖို့ ရဲတပ်ဖွဲ့က သတင်းမှာ တိုက်တွန်း ဖော်ပြထားပါတယ်။
တရားခံတွေက ဘယ်ကိုဦးတည်သွားလဲဆိုတာနဲ့ မော်တော်ကားကို ပြောင်းလဲစီးသွားကြလားဆိုတာကို မသိရသေးပါဘူး။
"ဆေးရုံအများအပြားမှာ ထိခိုက်သူတွေကို စောင့်ရှောက်ကုသပေးခဲ့ပြီး နောက်ထပ်ဝန်ထမ်းအင်အား အကူအညီတောင်းခံခဲ့ပါတယ်" လို့ ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။
Source: CNA
#Yangon_Media_Group
#World_Health
Published 5 September 2022
ဆီးချိုဝေဒနာသည်တွေ လိုအပ်တဲ့အင်ဆူလင်ကို ဆေးထိုးစရာမလိုဘဲ ပါးစပ်ကနေသောက်သုံးနိုင်မယ့် သောက်ဆေးကို သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်လုပ်လိုက်ပါတယ်။
ကနေဒါရှိ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်(UBC)မှ သိပ္ပံပညာရှင်တွေ ထုတ်လုပ်လိုက်တဲ့ သောက်ဆေးဟာ လူတစ်ယောက်ရဲ့အသည်းဆီကို အင်ဆူလင်တွေအကုန်လုံး ရောက်ရှိစေမှာဖြစ်ပါတယ်။
အရင်တုန်းက အင်ဆူလင်သောက်ဆေးတွေ ထုတ်လုပ်ဖို့ကြိုးစားခဲ့ကြပေမယ့် အစာအိမ်မှာသာ ဆေးတွေပုံနေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဆီးချိုဝေဒနာရှင်တွေက ဆီးချိုအခြေအနေကို နေ့စဉ်ထိန်းသိမ်းရန် အင်ဆူလင်ရရှိဖို့ လိုအပ်ပါတယ်။
လက်ရှိနည်းလမ်းတွေက တစ်နေ့တည်းကို ဆေးထိုးအပ်နဲ့အကြိမ်ကြိမ် ထိုးသွင်းနေရတာဖြစ်ပါတယ်။
အမေရိကန်လူမျိုး ၁၀ ယောက်မှာ ၁ ယောက်ကျော်လောက်က ဆီးချိုရောဂါရှိနေပြီး တစ်နှစ်ကို ဆီးချိုကြောင့် အသက်ဆုံးပါးသူ ၁ သိန်းကျော်ရှိကာ အမေရိကမှာ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲက အဌမမြောက်အများဆုံး အခြေအနေဖြစ်ပါတယ်။
"ရရှိလာတဲ့ရလာဒ်တွေက အင်ဆူလင်လိုအပ်ချက်ပိုင်းမှာ တိုးတက်မှုတွေရှိလာမှာ သေချာပါတယ်၊ နေ့စဉ် အပ်ထိုးနေစရာမလိုတော့ဘဲ စိတ်ကျန်းမာရေးအခြေအနေကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်" လို့ UBC မှ အစားအစာနဲ့အဟာရ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ'အေနက်ဘ်ဟက်ပရာတပ်ဆင်း'က ဆိုပါတယ်။
အင်ဆူလင်သောက်ဆေးက ပါးစပ်ကနေ အသည်းအထိ ဆေးအာနိသင်ဆုံးရှုံးမှုမရှိစေဘဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။
သဘာဝအားဖြင့် အင်ဆူလင်ကို ပန်ကရိယကနေ ထုတ်လုပ်ကာ အသည်းဆီကိုရောက်ရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
ဆီးချိုရောဂါ ပထမအမျိုးအစားခံစားရတဲ့လူနာတွေက အင်ဆူလင်အလုံအလောက် မထုတ်လုပ်နိုင်ကာ သကြားဓာတ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး။
အင်ဆူလင်ဆေးထိုးတဲ့အခါ သွေးထဲကိုအလျင်အမြန်ရောက်ရှိပြီး လိုအပ်တဲ့အင်ဆူလင်ကို ထောက်ပံ့ပေးပါတယ်။
သောက်ဆေးတွေက သွေးထဲရောက်ရှိဖို့ ၂ နာရီမှ ၄ နာရီကြာတတ်ပေမယ့် UBC က ထုတ်လုပ်တဲ့အင်ဆူလင်သောက်ဆေးကတော့ မိနစ် ၃၀ ကနေ ၂ နာရီအတွင်း အပြည့်အဝရောက်ရှိစေမှာ ဖြစ်ပါတယ်။
သုတေသီတွေက ဆေးအသစ်ကို ကြွက်တွေနဲ့စမ်းသပ်ရာမှာ ရလာဒ်တွေက စိတ်ချရလောက်တဲ့ အနေအထားဖြစ်ပါတယ်။
သောက်ဆေးသောက်ပြီး ၂ ကျော်ကြာတဲ့အချိန်မှာတောင် အစာအိမ်ထဲမှာ အင်ဆူလင်မရှိတော့ဘူးလို့ UBC မှ 'ယိဂေါင်ဂို'က ဆိုပါတယ်။
ဆေးအားလုံးက အသည်းဆီရောက်သွားပြီး လိုအပ်တဲ့အင်ဆူလင်ကို ရရှိစေပါတယ်။
UBC အနေနဲ့ သူတို့ရဲ့တီထွင်ချက်က အင်ဆူလင်မလုံလောက်တဲ့သူတွေကို အထောက်အကူဖြစ်စေပြီး အလွယ်တကူအသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published - 5 September 2022
ပို့ကုန်တင်ပို့သူများမှ ကုန်ပစ္စည်းသင်္ဘောတင်ခ၊ ကုန်ပစ္စည်းစစ်ဆေးခနှင့် ကော်မရှင်ခများကို ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကနေ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်။
အဆိုပါ ကုန်ကျစရိတ်များကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဆီ တင်ပြတောင်းခံခြင်း မပြုရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ စာပေးပို့ ညွှန်ကြားထားခြင်းဖြစ်သည်။
ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့်ပေးပြီးနောက်တွင်လည်း ကုန်ပစ္စည်းသင်္ဘောတင်ခများ ဆက်လက်တင်ပြတောင်းခံနေသည့်အတွက် ယခုလို ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။
#Ymg/STH
#Yangon_Media_Group
Page 1322 of 1692