#Daily_News
Published_ 24 April 2023
၁။ နေပြင်း၍ သဘာဝတရားရိပ်သာတွင် ရေရှားပါးခြင်းနှင့်ဘိုးဘွားအချို့လေဖြန်းခြင်းများရှိနေ
၂။ ကမ္ဘာ့ရွှေဈေးအတက်ကြမ်းနေသည့် ရန်ကုန်ရွှေကုန်သည်များအရူံးပေါ်နေ
၃။ မန္တလေးမှာ မူးယစ်ဆေးသိန်းတစ်သောင်းကျော်ဖိုးဖမ်းမိ
၄။ ကမ္ဘာ့ရေခဲပြင်ကြီးများ စံချိန်တင်အရည်ပျော်လာပြီဟု ကုလသမဂ္ဂဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 24 April 2023
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာဘန်ကီမွန်းဟာ ဒီကနေ့ ဧပြီ ၂၄ ရက်မနက်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်တို့နှင့်လည်းတွေ့ဆုံခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကိုပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဖြေကြားမှုအပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
#YangonMediaGroup
#The Elders ဒုတိယဥက္ကဋ္ဌဘန်ကီမွန်းမြန်မာနိုင်ငံရောက်ရှိ
#နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဘန်ကီမွန်းတွေ့ဆုံ
#Local_News
Published_ 24 April 2023
လတ်တလောမှာ နေပြည်တော်၊ မန္တလေးနဲ့မကွေးဒေသတွေမှာ လေပြင်းနဲ့မိုးကြိုးအန္တရာယ်အပါအဝင် သဘာဝဘေးတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်၊၊
#Local_News #လေပြင်းနှင့်မိုးကြိုး #သဘာဝဘေး #ငွေကြေးနှင့်ကယ်ဆယ်ရေးပစ္စည်း
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ဗိုလ်တထောင်ဆံတော်ဦးစေတီတော်ကြီးတွင် ရင်ငွေ့လှုံပူဇော်ထားသည့် ဗုဒ္ဓဆံတော်ပွားအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်ဘုန်းတော်ကြီးကျောင်း၌ ကိုးကွယ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်၊၊
၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း ( ၅ ) ရက် ၊၂၀၂၃ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက် ၊တနင်္ဂနွေနေ့ တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီး တန်ဆောင်း၌ ဗိုလ်တထောင်ဘုရားတွင် ရင်ငွေ့တော်လှုံပူဇော်ထားရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ပွားတစ်ဆူအား ဂျပန်နိုင်ငံ တိုကျိုမြို့ HOKOTA JOSHINEN ဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ပူဇော်နိုင်ရန် လွဲပြောင်းလှူဒါန်းခြင်းအခမ်းအနားပြုလုပ်ခဲ့သည်ဟု ဆိုသည်၊၊
အခမ်းအနားတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဦးအောင်မြတ်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးစိန်သန်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( ဗဟို) ဥက္ကဌ ဦးရဲထွန်းတို့မှ ဆံတော်မြတ်ရတနာပွားတစ်ဆူအား ဆရာတော်ဘုရားကြီးထံလှူဒါန်းခဲ့ကြောင်းသိရသည်၊၊



#ymg/tthl #Local_News #ဗိုလ်တထောင် #ရင်ငွေ့လှုံ #ဗုဒ္ဓဆံတော် #ဂျပန်နိုင်ငံ
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ယနေ့ နံနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ နေအိမ်တိုက်ခန်း ၇လွှာကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံက သိရသည်။
ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက် တစ်နာရီခွဲခန့်က တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းမှာ အသက်၂၁ ဝန်းကျင်အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်း ၇လွှာကနေ မတော်တဆ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။
"သူက ပူလို့ဆိုပြီး ဝရန်တာကနေ သံပန်းတခါးတံခါးဖွင့်ရာကနေ မတော်တဆပြုတ်ကျတာပါ။မိသားစုနဲ့အိမ်မှာ အတူနေရင်းဖြစ်သွားတာပါ၊ ရုပ်အလောင်းကို သက်ဆိုင်ရာက စစ်ဆေးပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ထားတယ်"လို့ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။
အဆိုပါ နေအိမ်တိုက်ခန်း ၇လွှာကနေ ပြုတ်ကျသေဆုံးတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းအား နေအိမ်ဖြစ်စဉ်နေရာမှ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၇လွှာတိုက်ခန်းကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ အမျိုးသားရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်ကူညီခဲ့တယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။


#ymg/ppk #Local_News #အမျိုးသားတစ်ဦး #ပြုတ်ကျသေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 24 April 2023
အွန်လိုင်းကနေ ပတ်စ်ပို့နိုင်ငံကူးလက်မှတ်လျှောက်ထားပြီး ရက်ချိန်းရရှိထားသူ(၃)သိန်း(၁)သောင်းရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်၊၊
လျှောက်ထားသည့် IDအလိုက် ရုံးသို့လာရောက်ရမည့်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်ပြီး ဧပြီလ(၂၄)ရက်မှ စက်တင်ဘာလ(၅)ရက်အတွင်း IDအမှတ်များအဖြစ် YMG 2023 080001မှ YMG 2023 310000အထိရုံးကို လာရောက်ရမည်ဖြစ်သည်ဟု ဆိုသည်၊၊
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ဖေဖော်ဝါရီ (၂၄)ရက်တွင် Online Appointment Systemဖြင့် ရက်ချိန်းရယူခြင်းအား စတင်စမ်းသပ်အသုံးပြုခဲ့ပြီး ယနေ့ချိန်အထိ အွန်လိုင်းရက်ချိန်းရရှိထားသူ(၃)သိန်း(၁) သောင်းရှိပြီဖြစ်ကြောင်း သိရသည်၊၊
အွန်လိုင်းမှ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လျှောက်ထားရာတွင် မသမာသောနည်းလမ်းဖြင့် စနစ်အတွင်းဝင်ရောက်ရန် ကြိုးစားခြင်း၊ အချက်အလက်ပြင်ဆင်ခြင်း၊ ငွေကြေးလိမ်လည်မှုပြုခြင်းများ လုပ်ဆောင်သည်ကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl #Local_News #အွန်လိုင်း #ပတ်စ်ပို့
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ဧရာဝတီမြစ်တွင်း ယမန်နေ့ ဧပြီလ ၂၃ ရက်နှင့် ယနေ့ဧပြီလ ၂၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ကိုရင်ငယ်များ ရေနစ်ပျံလွန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၂၃ ရက်က စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ဘုရားအနီး ဓမ္မသုခကျောင်းတိုက်မှ ကိုရင်တစ်ပါး ရေနစ်ပျံလွန်ခဲ့ခြင်းဖြစ်သောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး စစ်ကိုင်း (S.E.R.T)၊ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့ တို့မှ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့ ဧပြီလ ၂၄ ရက် နံနက်ကလည်း စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ဘုရားအနီး ကိုရင်တစ်ပါးရေနစ်နေကြောင်းသတင်းရှိသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး စစ်ကိုင်း (S.E.R.T)၊သုခကာရီအသင်း၊ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့တို့မှ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေနစ်ပျံလွန်သည့် ကိုရင်ငယ်များ၏ အလောင်းကို စစ်ကိုင်း ကုတင် (၂၀၀)ဆံ့ဆေးရုံကြီး opd သို့ ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သိရသည်။



#ymg/pl #Local_News #ဧရာဝတီမြစ် #နှစ်ရက်ဆက်တိုက် #ရေနစ်ပျံလွန်မှုဖြစ်
#YMG #Yangon_Media_Group
#Local_News
Published_ 24 April 2023
ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ ဘုရားဖူးခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရသည်။
ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်က ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာအနီးမှာ ဘုရားဖူးခရီးသည်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဘုရားဖူးခရီးသည်ယာဉ် မီးလောင်မှုဖြစ်စဉ်ကြောင့် မြို့နယ်မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၅၃မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
ဘုရားဖူးခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#ymg/ppk #Local_News #ကျောက်ပန်းတောင်း #ခရီးသည်တင်ယာဉ် မီးလောင်
#YMG #Yangon-Media-Group
#Local_News
Published_ 24 April 2023
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာမြောက်ဘက်မှာ ဧပြီ ၂၂ ရက် မနေ့က ညနေ ၅ နာရီခွဲမှာ နွားကျောင်းသွားရင်း မိုးကြိုးပစ်ခံရလို့ လူနှစ်ယောက် သေဆုံးခဲ့ကြောင်း သိရသည်။
"ညနေ ၅ နာရီလောက်မှာ လေပြင်းတွေ စတိုက်တယ်။ အဲဒီအချိန် သေဆုံးသွားတဲ့ လူနှစ်ယောက်က နွားကျောင်းသွားရင်းနဲ့ မိုးကြိုးပစ်ခံရတယ်။ ကျွန်တော့်ဆီကို ည ၁၁ နာရီလောက် သတင်းပို့တဲ့အတွက် မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ပေးလိုက်တယ်"လို့ ရောင်စုံမေတ္တာ လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။
သေဆုံးသွားသူနှစ်ဦးမှာ သားအဖနှစ်ယောက်ဖြစ်ပြီး ၊ တစ်ယောက်က အသက် ၅၈ နှစ်နဲ့ ကျန်တစ်ယောက်က အသက် ၃၅ နှစ်ဖြစ်တဲ့အပြင် သူတို့နဲ့အတူ ခွေးတစ်ကောင်ပါ မိုးကြိုးထိပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
နွေရာသီဖြစ်သော်လည်း မိုးတိမ်တောင်များနှင့်လေပြင်းတိုက်ခတ်မှုများ မြန်မာနိုင်ငံအနှံအပြားတွင်ဖြစ်ပွါးနေအပြီး ထိခိုက်ဒါဏ်ရာရမှုများ မြင့်တက်နေသည်။





#ymg/ppk #Local_News #မကွေး #မိုးကြိုးပစ် #လူနှစ်ယောက်သေဆုံး
#YMG #Yangon-Media-Group
#Local_News
Published-24 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာတောင်ညွန့်မြိုနယ်၊ ပုဇွန်တောင်ဘူတာ ပလက်ဖောင်း ပေါ်ရှိ လူကူးတံတားအောက်တွင် ဧပြီလ ၂၄ရက်က အသက်၃၀ ဝန်းကျင်အမျိုးသား ၁ဦး ငုတ်တုတ်ထိုင်လျက် သေဆုံးနေကြောင်း မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းကသိရသည်။
ဧပြီလ ၂၄ ရက်(ယနေ့)နံနက် ၈နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအမျိုးသား၏ အမျိုးသား၏ နေရပ်၊ လိပ်စာကိုမသိရှိရသေးကြောင်းနှင့် အိမ်ခြေမဲ့ဟုယူဆရကြောင်းလည်း သိရသည်။
"အမျိုးသား ၁ ဦး သေဆုံးနေတယ်လို့ အသင်းကိုအကြောင်းကြားလာတာကြောင့် သွားရောက်ကူညီပေးခဲ့ပါတယ်။ သေတာက အရက်သောက်ထားတာရေ၊ ရာသီဥတုဒဏ်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ယူဆရတယ်"ဟု မဂ်လာတောင်ညွန့်လူငယ်ပရဟိတအသင်းက သိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသားအား မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကျီတော်အသင်းနှင့်ပူးပေါင်းချိတ်ဆက်ကာ Dead Body အား ကောက်ယူ၍ တာဝန်ရှိသူများက ပူးပေါင်းမှတ်တမ်းရယူပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။



#ymg/mt #Local_News #ပုဇွန်တောင်ဘူတာ #သေဆုံး
#YMG #Yangon-Media-Group
#Local_News
Published _24 April 2023
ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် ခြေစစ်ပွဲစဉ်များကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယင်းခြေစစ်ပွဲစဉ်များကို ယနေ့ ဧပြီလ ၂၄ရက် နံနက်ပိုင်းက အမျိုးသားအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် စတင်ကျင်းပခဲ့ရာ တောင်ဇလပ်မြေ အသင်းက ရွှေပြည်သာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်းလူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်လမ်းညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) ကို ကျင်းပရန်စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁ သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁ သင်း၊ ကယားပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်း ဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁ သင်း၊ မွန်ပြည်နယ်မှ ၂ သင်း၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထက် ပိုမိုနေပါက ခြေစစ်ပွဲ ကစားစေမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းအရေအတွက် ၅ သင်းဖြစ်နေသဖြင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်ကြောင်း ၊ရန်ကုန်တိုင်းဒေသကြီးမှ ခြေစစ်ပွဲဝင် အသင်း ၅ သင်းမှာ Royal Yangon FC၊ တောင်ဇလပ်မြေ အက်ဖ်စီ၊ Prestige FC၊ ရန်ကုန်လူငယ် (အား/ကာ)နှင့် ရွှေပြည်သာ အက်ဖ်စီ အသင်းတို့ဖြစ်ပြီး ၃ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွက် ခြေစစ်ပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။


#ymg/pl #Local_News #ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023
#YMG #Yangon _Media_Group
#Local_News
Published_ 24 April 2023
EV Express ကားများဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးခရီးစဉ်တွေကို ပထမဦးဆုံးစတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။
EV Express ကားများသည် လေထုညစ်ညမ်းမူနှင့် အပူချိန်မြင့်တက်မူမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ချနိုင်မှာဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ EV Express ကားတွေကို မှာယူထားပြီး ပြည်တွင်းရောက်ရှိပါက ကား ၈ စီးနဲ့စတင်ပြေးဆွဲပေးမှာဖြစ်ကြောင်း မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးမှာ တာဝန်ရှိသူတစ်ဦးက YMG ကိုပြောသည်။
EV ကားများအတွက် အားသွင်းစက်များကို ရန်ကုန်၊ နေပြည်တော် အမြန်လမ်း (ဝ) မိုင် - (၁၁၅) မိုင် - (မိုင်-၂၀၀) တွေမှာရှိသည့် Charging Stations များမှာ တစ်နှစ် အခမဲ့ အားသွင်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားသည်။ လျှပ်စစ်ကား(EV )အတွက် pliot project စက်သုံးဆီဆိုင် ၃၈ ဆိုင်အပါအဝင် အားသွင်းတဲ့ နေရာ ၁၅၀ လောက်ထိ တပ်ဆင်ဖို့ရှိနေတယ်လို့ သိရပါသည်။


#ymg/yn #Local_News #မန္တလာမင်း #EV Express #ပထမဆုံးပြေးဆွဲ
#YMG #Yangon-Media-Group
Page 1321 of 2053