◾️ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ - အမေရိကန်နိုင်ငံသား မဟုတ်သူများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်ကို အမြန်ရရှိနိုင်ရန်အတွက် ဈေးနှုန်းကြီးမြင့်သော လမ်းကြောင်းတစ်ခုအဖြစ် ထရမ့် ရွှေကတ် ဗီဇာအစီအစဉ်ကို သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် တရားဝင် စတင်လိုက်သည်။

◾️"ယခုလျှောက်ထားပါ" (apply now) ခလုတ်ပါဝင်သော Trumpcard.gov ဝက်ဘ်ဆိုက်တွင် စိတ်ပါဝင်စားသူ လျှောက်ထားသူများအနေဖြင့် လုပ်ငန်းစဉ် မြန်ဆန်စေရန်အတွက် အမိမြေလုံခြုံရေးဌာန (Department of Homeland Security) သို့ ဒေါ်လာ ၁၅,၀၀၀ ကြေး ပေးသွင်းလျှောက်ထားနိုင်ပြီဖြစ်  သည်။

◾️နောက်ကြောင်းရာဇဝင် စစ်ဆေးခြင်း သို့မဟုတ် စိစစ်ခြင်းလုပ်ငန်းစဉ်ကို ဖြတ်သန်းပြီးနောက်၊ လျှောက်ထားသူများသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုသော "Green Card" (ဂရင်းကတ်) နှင့် ဆင်တူသည့် ဤဗီဇာကို ရရှိရန်အတွက် လက်ဆောင်ဟု အမည်  ပေးထားသည့် ဝက်ဘ်ဆိုက်တွင် လှူဒါန်းငွေအဖြစ် ဒေါ်လာ ၁ သန်းကို ပေးသွင်းရမည် ဖြစ်သည်။

◾️"အခြေခံအားဖြင့်တော့ ဒါက Green Card ပါပဲ၊ ဒါပေမယ့် ပိုကောင်းပါတယ်။ ပိုပြီး အရှိန်အဝါရှိတယ်၊ ပိုပြီး ခိုင်မာတဲ့လမ်းကြောင်းတစ်ခုပါ" ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့  သည်။ "လမ်းကြောင်းတစ်ခု ရှိတယ်ဆိုတာက အရေးကြီးပါတယ်။ လူတော်လူကောင်းတွေ ဖြစ်ရပါမယ်” ဟုသူကပြောသည်။

◾️ကြိုတင်စာရင်းပေးသွင်းသည့် ကာလအတွင်း လူပေါင်း ၁၀,၀၀၀ ခန့်က ရွှေကတ်အတွက် စာရင်း  ပေးသွင်းထားပြီးဖြစ်ကြောင်းနှင့် နောက်ထပ်များစွာ လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ် က ပြောကြားခဲ့သည်။ "အချိန်ကြာလာတာနဲ့အမျှ ဒီကတ်တွေ ထောင်ပေါင်းများစွာ ရောင်းချရပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ရှာဖွေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု လတ်နစ် က Reuters သတင်းဌာနနှင့် အကျဉ်းရုံး တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

◾️ရွှေကတ်အစီအစဉ်သည် စီးပွားရေးကို အကျိုးပြုမည့်သူများကို အမေရိကန်ပြည်ထောင်စုသို့ ခေါ်ဆောင်  လာမည်ဖြစ်ကြောင်း လတ်နစ် က ပြောကြားခဲ့သည်။ သူက ယင်းကို "သာမန်" Green Card ကိုင်ဆောင်သူများနှင့် နှိုင်းယှဉ်ပြခဲ့ပြီး၊ ထိုသူတို့သည် သာမန် အမေရိကန်များထက် ဝင်ငွေနည်းပါးကာ သူတို့ သို့မဟုတ် သူတို့၏ မိသားစုဝင်များသည် ပြည်သူ့ဖူလုံရေး အထောက်အပံ့များကို မှီခိုရနိုင်ခြေ ပိုများကြောင်း ပြောဆိုခဲ့သည်။ သို့သော် သူ၏ ပြောဆိုချက်အတွက် သက်သေအထောက်အထား တစ်စုံ  တစ်ရာ မပြသခဲ့ပေ။

◾️ထရမ့်၏ အစိုးရသည် လူဝင်မှုကြီးကြပ်ရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံ  အတွင်း တရားမဝင် နေထိုင်သူ သိန်းပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးခဲ့သလို တရားဝင် လူဝင်မှုကြီးကြပ်  ရေးကိုလည်း ဟန့်တားရန် အစီအမံများကို လုပ်ဆောင်လျက်ရှိသည်။

◾️ရွှေကတ်အစီအစဉ်သည် ထိုအခြေအနေအတွက် ထရမ့်ပုံစံဖြင့် ပြန်လည်ထိန်းညှိမှုတစ်ခုဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေးဌာနအတွက် ငွေကြေးရရှိစေရန် ရည်ရွယ်ပုံဖော်ထားခြင်းဖြစ်သည်။

-End-