#World_News
Published 11 December 2025

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးအရာရှိတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကနေ စုံစမ်းစစ်ဆေးခြင်းမပြုဖို့ စာရွက်စာတမ်းများ ကတိပြုပြင်ဆင်ရန် သမ္မတအစိုးရအဖွဲ့က အလိုရှိနေပြီး ဒီလိုမဟုတ်ပါက တရားရုံးကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားမယ်လို့ သမ္မတအစိုးရအဖွဲ့အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

■ အစ္စရေးလ်ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးမှုများနဲ့ အာဖဂန်မှာ အမေရိကန်တပ်သားများရဲ့ လုပ်ရပ်များအပေါ် စစ်ဆေးမှုများကိုလည်း မစွန့်လွှတ်ဘူးဆိုရင် ICC အရာရှိတွေနဲ့ တရားရုံးကို နောက်ထပ်အရေးယူမှုများ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

■ အမေရိကန်က သူတို့ဆန္ဒတွေကို မဟာမိတ်အချို့ပါဝင်တဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေထံ ဆက်သွယ်ပြောကြားထားပါတယ်။

■ ICC ကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်မယ့် ခြိမ်းခြောက်မှုတွေ တောင်းဆိုချက်တွေကို ယခင်က မဖော်ပြထားပါဘူး။

■ အမေရိကန်ရဲ့ တောင်းဆိုမှုတွေအတိုင်း လိုက်လျောပြောင်းလဲဖို့ဆိုတာက ICC အဖွဲ့ဝင်နိုင်ငံ ၃ ပုံ ၂ ပုံထံမှ အသိအမှတ်ပြုချက်ရရန် လိုအပ်ပြီး ခက်ခဲတဲ့လမ်းစဉ်ဖြစ်လာနိုင်ပါတယ်။

■ ICC ကို ဒဏ်ခတ်ပိတ်ဆို့ပါက လုပ်ငန်းစဉ်များ ထိခိုက်ကာ ဝန်ထမ်းများ လစာပေးချေရေးနဲ့ ရင်းမြစ်ရရှိရေးတို့မှာ သက်ရောက်လာနိုင်ပါတယ်။

■ ၂၀၂၉ ခုနှစ် ထရမ့်နဲ့အစိုးရအဖွဲ့ အာဏာသက်တမ်းကုန်လွန်ပြီးခါမှ ICC ပစ်မှတ်ထားလာမှာကိုလည်း စိုးရိမ်နေရပါတယ်။

Source: Reuters